ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြိုနယ်၊ ခြောက်ရွာကျေးရွာအုပ်စု၊ ကျုံပိုကျေးရွာနှင့် ဒေါင့်ကြီးကျေးရွာတိုတွင် ယမန်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာခြင်းများဖြစ်ပေါ်မှုကြောင့် လူနေအိမ်ပြိုကျခြင်း၊ အမိုးလန်ခြင်းနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ခြောက်ရွာကျေးရွာအုပ်စု၊ ကျုံပိုကျေးရွာတွင် လူနေအိမ် ၃ လုံး အမိုးလန်ခဲ့ပြီး လူနေအိမ် ၁ လုံးပြိုကျပျက်စီးခဲ့ကြောင်းနှင့် ဒေါင့်ကြီးကျေးရွာတွင်ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးခဲ့ခြင်းဖြစ်သည်။

လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာသို ကွင်းကောက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲဝင်များ၊ ကွင်းကောက်နယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး လူ၊ တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
#mhtnews

(Zawgyi)
“အင်္ဂပူမြို့နယ်၌ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘုန်းကြီးကျောင်း အမိုးလန်ပျက်စီး”

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခြောက်ရွာကျေးရွာအုပ်စု၊ ကျုပိုကျေးရွာနှင့် ဒေါင့်ကြီးကျေးရွာတို့တွင် ယမန်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာခြင်းများဖြစ်ပေါ်မှုကြောင့် လူနေအိမ်ပြိုကျခြင်း၊ အမိုးလန်ခြင်းနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ခြောက်ရွာကျေးရွာအုပ်စု၊ ကျုပိုကျေးရွာတွင် လူနေအိမ် ၃ လုံး အမိုးလန်ခဲ့ပြီး လူနေအိမ် ၁ လုံးပြိုကျပျက်စီးခဲ့ကြောင်းနှင့် ဒေါင့်ကြီးကျေးရွာတွင်ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးခဲ့ခြင်းဖြစ်သည်။

လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာသို့ ကွင်းကောက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ကွင်းကောက်နယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး လူ၊ တိရိစ်ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
#mhtnews