အင်ဒိုနီးရှားနိုင်ငံ တောင်ကလီမန်တန်ပြည်နယ်ရှိ mini-market ဈေးဝယ်စင်တာတစ်ခု ဧပြီ ၁၈ ရက်က ပြိုကျခဲ့ပြီးနောက် သေဆုံးသူ ၄ ဦးရှိပြီဖြစ်ကြောင်းနှင့် အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့်ကယ်ဆယ်ရေးသမားတစ်ဦးက ဧပြီ ၁၉ ရက်က ပြောကြားခဲ့ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။

ဘန်ဂျာခရိုင်အတွင်းရှိ အဆိုပါ မီနီဈေးဝယ်စင်တာ၌ ဒေသခံများက ဝါဖြေခြင်း အတွက် အစားအစာများ ဝယ်ယူနေချိန် ဧပြီ ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“စုစုပေါင်း သေဆုံးသူ ၄ ဦးရှိပါပြီ။ အခြား ၁၃ ဦးကိုလည်း ဘေးကင်းစွာနဲ့ ကယ်ဆယ်နိုင်ခဲ့ပြီးပါပြီ။ အဲဒီထဲကအချို့ကတော့ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေပါတယ်” ဟု ပြည်နယ်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး အော်ပရေးရှင်းယူနစ် အကြီးအကဲ Wasino က ပြောသည်။

အပျက်အစီးများအောက်၌ ရောက်ရှိနေသူများအားလုံးကိုလည်း ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ပြီးဖြစ်သဖြင့် ကယ်ဆယ်ရေးသမားများကလည်း ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းကို ဧပြီ ၁၉ ရက် နေ့လယ်ပိုင်း၌ ရပ်တန့်ခဲ့ပြီး မတော်တဆဖြစ်ပွားရသည့်အကြောင်းရင်းကိုသိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများကို ပြည်သူ့လုပ်ငန်းနှင့် အိုးအိမ်ဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“အင္ဒိုနီးရွားနိုင္ငံ ေတာင္ကလီမန္တန္ျပည္နယ္တြင္ mini-market ေဈးဝယ္စင္တာအေဆာက္အအုံ ၿပိဳက်မႈေၾကာင့္ လူ ၄ ဦးေသဆုံး”

အင္ဒိုနီးရွားနိုင္ငံ ေတာင္ကလီမန္တန္ျပည္နယ္ရွိ mini-market ေဈးဝယ္စင္တာတစ္ခု ဧၿပီ ၁၈ ရက္က ၿပိဳက်ခဲ့ၿပီးေနာက္ ေသဆုံးသူ ၄ ဦးရွိၿပီျဖစ္ေၾကာင္းႏွင့္ အျခားသူမ်ားစြာ ဒဏ္ရာရရွိခဲ့ေၾကာင္း အဆင့္ျမင့္ကယ္ဆယ္ေရးသမားတစ္ဦးက ဧၿပီ ၁၉ ရက္က ေျပာၾကားခဲ့ေၾကာင္း နိုင္ငံတကာသတင္းမ်ားအရ သိရသည္။

ဘန္ဂ်ာခရိုင္အတြင္းရွိ အဆိုပါ မီနီေဈးဝယ္စင္တာ၌ ေဒသခံမ်ားက ဝါေျဖျခင္း အတြက္ အစားအစာမ်ား ဝယ္ယူေနခ်ိန္ ဧၿပီ ၁၈ ရက္ ေဒသစံေတာ္ခ်ိန္ ညေန ၄ နာရီခြဲအခ်ိန္ခန့္တြင္ ထိုသို႔ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

စုစုေပါင္း ေသဆုံးသူ ၄ ဦးရွိပါၿပီ။ အျခား ၁၃ ဦးကိုလည္း ေဘးကင္းစြာနဲ႕ ကယ္ဆယ္နိုင္ခဲ့ၿပီးပါၿပီ။ အဲဒီထဲကအခ်ိဳ႕ကေတာ့ ဒဏ္ရာရရွိခဲ့ၿပီး ေဆး႐ုံေတြမွာ ေဆးကုသမႈခံယူေနပါတယ္ ဟု ျပည္နယ္ဆိုင္ရာ ရွာေဖြေရးႏွင့္ ကယ္ဆယ္ေရး႐ုံး ေအာ္ပေရးရွင္းယူနစ္ အႀကီးအကဲ Wasino က ေျပာသည္။

အပ်က္အစီးမ်ားေအာက္၌ ေရာက္ရွိေနသူမ်ားအားလုံးကိုလည္း ေဘးလြတ္ရာသို႔ေ႐ႊ႕ေျပာင္းခဲ့ၿပီးျဖစ္သျဖင့္ ကယ္ဆယ္ေရးသမားမ်ားကလည္း ရွာေဖြ၊ ကယ္ဆယ္ေရးလုပ္ငန္းကို ဧၿပီ ၁၉ ရက္ ေန႕လယ္ပိုင္း၌ ရပ္တန႔္ခဲ့ၿပီး မေတာ္တဆျဖစ္ပြားရသည့္အေၾကာင္းရင္းကိုသိရွိနိုင္ရန္ စုံစမ္းစစ္ေဆးမႈမ်ားကို ျပည္သူ႕လုပ္ငန္းႏွင့္ အိုးအိမ္ဝန္ႀကီးဌာနက ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews