ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း၏ ဆောင်ရွက်ချက်များအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

စစ်ဆေးတွေ့ရှိချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းသည် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ရွေးချယ်ခံရန် ဆောင်ရွက်နေသည့်အချိန်တွင် ဒေသခံပြည်သူလူထု ထောက်ခံမှုရရှိစေရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၅/၂၀၁၇ ဖြင့် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းကို လိုက်နာမှုမရှိဘဲ မုံရွာ-ယာကြီး-ကလေးဝလမ်း၊ မိုင်(၈၅/၀)မှ ကြာပင်ကျေးရွာသို့ ဆက်သွယ်ထားသောလမ်းအား ငွေစာရင်းခေါင်းစဉ် လျာထားသတ်မှတ်မှုမရှိဘဲ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးက လမ်းဦးစီးဌာန ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေကျပ် ၅၆၂ သန်းကျော်ဖြင့် သုံးစွဲစေရေးဆောင်ရွက်စေခဲ့ခြင်း၊ မင်းကင်းမြို့နယ်တွင် ကျောက်အိုးတံတားအသစ်ကို ငွေလုံးငွေရင်း ရန်ပုံငွေမှလျာထားခွင့်ပြုထားခြင်းမရှိဘဲ ဦးကျော်လင်း၏ လမ်းညွှန်ချက်ဖြင့် တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က တံတားပြင်ဆင်ထိန်းသိမ်းရေးရန်ပုံ ငွေကျပ်သန်း ၁၂၀ ဖြင့် တည်ဆောက်စေခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေးများကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း။

 ဦးကျော်လင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်စဉ် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခရိုင်ရုံး ဆောက်လုပ်ရန်အတွက် အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်ထံမှတစ်ဆင့် အဆောက်အဦ အထူးအဖွဲ့ ၁၆ ဖွဲ့ရှိ လက်အောက်ဝန်ထမ်းများထံမှ ငွေကျပ် သိန်း ၃၀ ကို လက်ခံရယူခဲ့ကြောင်း။

ဦးကျော်လင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်နေသည့်အချိန်တွင် မင်းကင်းမြို့နယ်သို့ သွားရောက် သည့် ခရီးစဉ်များ၌ ဘုန်းတော်ကြီးကျောင်းများသို့ ဝင်ရောက်ဖူးမြော်၍ အလှူငွေနှင့် ဆန်အိတ်များ ပေးအပ် လှူဒါန်းရာတွင် ၎င်း၏ညွှန်ကြားချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းများမှ စီစဉ်ပေးသည့် ဆန်အိတ် ၆၈ အိတ်ကို ထိုက်သင့်သည့် တန်ဖိုးငွေ ပေးချေခြင်းမရှိဘဲလက်ခံခဲ့ကြောင်း။

ဦးကျော်လင်းသည် ပါတီအောင်နိုင်ရေးတွင် အသုံးပြုရန်အကြောင်းပြ၍ အလှူငွေများကို ၎င်းကိုယ်တိုင်နှင့်၎င်း၏ ကိုယ်ရေးအရာရှိဖြစ်သူမှတစ်ဆင့် ဆောက်လုပ်ရေးဝန်ထမ်းများနှင့် ဆောက်လုပ်ရေးကုမ္ပဏီများထံမှ စုစုပေါင်းငွေကျပ် ၃၆၃ သိန်းကျော်ကို လက်ခံ၍ ရွေးကောက်ပွဲစည်းရုံးရေးအတွက် ပါတီအလံ၊ အင်္ကျီ၊ တီရှပ်၊ ဦးထုပ်နှင့် လက်ကမ်းစာစောင်များ ဝယ်ယူရာတွင် အသုံးပြုခဲ့ကြောင်း၊ ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုထံမှ စုစုပေါင်း ငွေကျပ်သိန်း ၆၀၀ ကို ၎င်း၏ ကိုယ်ရေးအရာရှိမှတစ်ဆင့် လက်ခံရယူခဲ့ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဦးအောင်မြင့်ဦး၊ ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၂၆/၂၀၂၁ မှ ၃၅/၂၀၂၁ အထိအမှု ၁၀ မှုဖြင့် လက်ခံစစ်ဆေးခဲ့သည်။

၎င်းအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ယနေ့ရက်စွဲဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ် ကျခံစေရန်၊ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးအောင်မြင့်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ အရ အလုပ်နှင့်ထောင်ဒဏ် ၄ နှစ် ကျခံစေရန်နှင့် ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ အရ အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

#mhtnews

==============================

(Zawgyi)

“အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒအရ တရားစြဲဆိုခံရသည့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးေဟာင္း ဦးေက်ာ္လင္း၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ျမင့္ဦး၊ ဦးရဲမင္းေဇာ္ႏွင့္ ဦးေနေအာင္ရဲျမင့္တို႔အေပၚ အလုပ္ႏွင့္ေထာင္ဒဏ္မ်ား အသီးသီးခ်မွတ္”

ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးေဟာင္း ဦးေက်ာ္လင္း၏ ေဆာင္႐ြက္ခ်က္မ်ားအေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒႏွင့္အညီ အေရးယူေပးပါရန္ တိုင္ၾကားျခင္းႏွင့္စပ္လ်ဥ္း၍ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့သည္။

စစ္ေဆးေတြ႕ရွိခ်က္အရ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးေဟာင္း ဦးေက်ာ္လင္းသည္ စစ္ကိုင္းတိုင္းေဒသႀကီး မင္းကင္းၿမိဳ႕နယ္တြင္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဝင္ေရာက္ ေ႐ြးခ်ယ္ခံရန္ ေဆာင္႐ြက္ေနသည့္အခ်ိန္တြင္ ေဒသခံျပည္သူလူထု ေထာက္ခံမႈရရွိေစရန္အတြက္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၏ အမိန့္ေၾကာ္ျငာစာအမွတ္ ၃၅/၂၀၁၇ ျဖင့္ ထုတ္ျပန္ထားသည့္ ျမန္မာနိုင္ငံ၏ ဘ႑ာေရးစီမံခန႔္ခြဲမႈဆိုင္ရာစည္းမ်ဥ္းကို လိုက္နာမႈမရွိဘဲ မုံ႐ြာ-ယာႀကီး-ကေလးဝလမ္း၊ မိုင္(၈၅/၀)မွ ၾကာပင္ေက်း႐ြာသို႔ ဆက္သြယ္ထားေသာလမ္းအား ေငြစာရင္းေခါင္းစဥ္ လ်ာထားသတ္မွတ္မႈမရွိဘဲ လမ္းဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ျမင့္ဦးက လမ္းဦးစီးဌာန ျပင္ဆင္ထိန္းသိမ္းေရး ရန္ပုံေငြက်ပ္ ၅၆၂ သန္းေက်ာ္ျဖင့္ သုံးစြဲေစေရးေဆာင္႐ြက္ေစခဲ့ျခင္း၊ မင္းကင္းၿမိဳ႕နယ္တြင္ ေက်ာက္အိုးတံတားအသစ္ကို ေငြလုံးေငြရင္း ရန္ပုံေငြမွလ်ာထားခြင့္ျပဳထားျခင္းမရွိဘဲ ဦးေက်ာ္လင္း၏ လမ္းၫႊန္ခ်က္ျဖင့္ တံတားဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေနေအာင္ရဲျမင့္က တံတားျပင္ဆင္ထိန္းသိမ္းေရးရန္ပုံ ေငြက်ပ္သန္း ၁၂၀ ျဖင့္ တည္ေဆာက္ေစခဲ့ျခင္းတို႔ေၾကာင့္ နိုင္ငံေတာ္၏ ေငြေၾကးမ်ားကို ထိခိုက္နစ္နာဆုံးရႈံးေစခဲ့ေၾကာင္း။

 ဦးေက်ာ္လင္းသည္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး တာဝန္ထမ္းေဆာင္စဥ္ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လအတြင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီခရိုင္႐ုံး ေဆာက္လုပ္ရန္အတြက္ အေဆာက္အဦဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးရဲမင္းေဇာ္ထံမွတစ္ဆင့္ အေဆာက္အဦ အထူးအဖြဲ႕ ၁၆ ဖြဲ႕ရွိ လက္ေအာက္ဝန္ထမ္းမ်ားထံမွ ေငြက်ပ္ သိန္း ၃၀ ကို လက္ခံရယူခဲ့ေၾကာင္း။

ဦးေက်ာ္လင္းသည္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မင္းကင္းၿမိဳ႕နယ္မွ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္ အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ေဆာင္႐ြက္ေနသည့္အခ်ိန္တြင္ မင္းကင္းၿမိဳ႕နယ္သို႔ သြားေရာက္ သည့္ ခရီးစဥ္မ်ား၌ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားသို႔ ဝင္ေရာက္ဖူးေျမာ္၍ အလႉေငြႏွင့္ ဆန္အိတ္မ်ား ေပးအပ္ လႉဒါန္းရာတြင္ ၎၏ၫႊန္ၾကားခ်က္အရ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဝန္ထမ္းမ်ားမွ စီစဥ္ေပးသည့္ ဆန္အိတ္ ၆၈ အိတ္ကို ထိုက္သင့္သည့္ တန္ဖိုးေငြ ေပးေခ်ျခင္းမရွိဘဲလက္ခံခဲ့ ေၾကာင္း။

ဦးေက်ာ္လင္းသည္ ပါတီေအာင္နိုင္ေရးတြင္ အသုံးျပဳရန္အေၾကာင္းျပ၍ အလႉေငြမ်ားကို ၎ကိုယ္တိုင္ႏွင့္၎၏ ကိုယ္ေရးအရာရွိျဖစ္သူမွတစ္ဆင့္ ေဆာက္လုပ္ေရးဝန္ထမ္းမ်ားႏွင့္ ေဆာက္လုပ္ေရးကုမၸဏီမ်ားထံမွ စုစုေပါင္းေငြက်ပ္ ၃၆၃ သိန္းေက်ာ္ကို လက္ခံ၍ ေ႐ြးေကာက္ပြဲစည္း႐ုံးေရးအတြက္ ပါတီအလံ၊ အကၤ်ီ၊ တီရွပ္၊ ဦးထုပ္ႏွင့္ လက္ကမ္းစာေစာင္မ်ား ဝယ္ယူရာတြင္ အသုံးျပဳခဲ့ေၾကာင္း၊ ေဆာက္လုပ္ေရးကုမၸဏီႏွစ္ခုထံမွ စုစုေပါင္း ေငြက်ပ္သိန္း ၆၀၀ ကို ၎၏ ကိုယ္ေရးအရာရွိမွတစ္ဆင့္ လက္ခံရယူခဲ့ေၾကာင္းတို႔ကို စစ္ေဆးေပၚေပါက္သျဖင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးေဟာင္း ဦးေက်ာ္လင္းအေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ အရလည္းေကာင္း၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ ဦးေအာင္ျမင့္ဦး၊ ဦးရဲမင္းေဇာ္ႏွင့္ ဦးေနေအာင္ရဲျမင့္တို႔အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅/၆၃ အရလည္းေကာင္း မႏၱေလးတိုင္းေဒသႀကီး တရားလႊတ္ေတာ္တြင္ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ ၁၄ ရက္၌ တရားစြဲဆိုတင္ပို႔ခဲ့ရာ ရာဇဝတ္ႀကီးမႈအမွတ္ ၂၆/၂၀၂၁ မွ ၃၅/၂၀၂၁ အထိအမႈ ၁၀ မႈျဖင့္ လက္ခံစစ္ေဆးခဲ့သည္။

၎အမႈမ်ားအေပၚ ျပစ္မႈထင္ရွားသျဖင့္ မႏၱေလးတိုင္းေဒသႀကီးတရားလႊတ္ေတာ္က ယေန႕ရက္စြဲျဖင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးေဟာင္း ဦးေက်ာ္လင္းကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၂၀ ႏွစ္ က်ခံေစရန္၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ေဟာင္း ဦးေအာင္ျမင့္ဦးကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅/၆၃ အရ အလုပ္ႏွင့္ေထာင္ဒဏ္ ၄ ႏွစ္ က်ခံေစရန္ႏွင့္ ၫႊန္ၾကားေရးမႉးခ်ဳပ္ေဟာင္း ဦးရဲမင္းေဇာ္ႏွင့္ ဦးေနေအာင္ရဲျမင့္တို႔အား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅/၆၃ အရ အလုပ္ႏွင့္ေထာင္ဒဏ္ ၂ ႏွစ္စီ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သတင္းရရွိသည္။

#mhtnews