ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် မြန်မာနိုင်ငံသို ပြန်လည်ထွက်ခွာနိုင်ခြင်း မရှိသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ယူရန် တိုကျို-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ် All Nippon Airways(ANA) လေကြောင်းလိုင်းကို ဧပြီ ၂၁ ရက်နှင့် ၂၈ ရက်တိုတွင် ပျံသန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း တိုကျိုမြိုရှိ မြန်မာသံရုံးမှ သိရသည်။
လက်ရှိတွင် ဧပြီလအတွင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် လိုက်ပါရန် လျှောက်ထားမှု များပြားလျက်ရှိပြီး ANA လေကြောင်းလိုင်းမှ ထိုင်ခုံအရေအတွက် ကန့်သတ်ထားမှုကြောင့် လျှောက်ထားသူများအား အစဉ်လိုက် ဦးစားပေး စီစဉ်လျက်ရှိပြီး ဧပြီ ၂၁ ရက် နှင့် ၂၈ ရက်တိုတွင် ပျံသန်းမည့် ANA လေကြောင်းလိုင်း၏ ကယ်ဆယ်ရေးလေယာဉ်တွင် အသစ်ထပ်မံ လျှောက်ထားသူများ ပါဝင်မည်မဟုတ်ဟု ဆိုသည်။
မြန်မာသံရုံးအနေဖြင့် မေလအတွင်း ပျံသန်းမည့် ကယ်ဆယ်ရေးလေယာဉ်များ၏ ခရီးစဉ်အား ANA ရုံးချုပ်နှင့်ညှိနှိင်း၍ သိရှိပါက ပျံသန်းနိုင်မှု အခြေအနေများကို ထပ်မံအသိပေး ကြေညာမည်ဖြစ်ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“အခက်အခဲဖြစ်ပေါ်နေသော မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် တိုကျိ- ရန်ကုန် ကယ်ဆယ်ရေးလေယာဉ် ဧပြီ ၂၁ ရက်နှင့် ၂၈ ရက်တို့တွင် ပျံသန်းနိုင်ရန် စီစဉ်လျှက်ရှိ”
ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ခြင်း မရှိသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ယူရန် တိုကျိ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ် All Nippon Airways(ANA) လေကြောင်းလိုင်းကိုဧပြီ ၂၁ ရက်နှင့် ၂၈ ရက်တို့တွင် ပျံသန်းနိုင်ရန်စီစဉ်လျက်ရှိကြောင်းတိုကျိမြို့ရှိ မြန်မာသံရုံးမှ သိရသည်။
လက်ရှိတွင် ဧပြီလအတွင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် လိုက်ပါရန် လျှောက်ထားမှု များပြားလျက်ရှိပြီး ANA လေကြောင်းလိုင်းမှထိုင်ခုံအရေအတွက် ကန့်သတ်ထားမှုကြောင့် လျှောက်ထားသူများအား အစဉ်လိုက် ဦးစားပေး စီစဉ်လျက်ရှိပြီး ဧပြီ ၂၁ ရက် နှင့် ၂၈ ရက်တို့တွင် ပျံသန်းမည့် ANA လေကြောင်းလိုင်း၏ ကယ်ဆယ်ရေးလေယာဉ်တွင် အသစ်ထပ်မံ လျှောက်ထားသူများ ပါဝင်မည်မဟုတ်ဟု ဆိုသည်။
#mhtnews
Recent Comments