
အကြွေးမဆပ်နိုင်တော့တဲ့ ကျောင်းဆရာတစ်ဦးက သူအကြွေးပေးရမယ့် ကျောင်းဆရာတစ်ဦးကို သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့ပေမယ့် ရာဇဝတ်ဘေး ပြေးမလွတ်ခဲ့ဘဲ ရဲတပ်ဖွဲ့က တရားခံကျောင်းဆရာကို ဖမ်းဆီရမိခဲ့ပါတယ်။
ဖြစ်စဥ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေး – တမူးကားလမ်း ဖောင်ကူးတံတား အနီး နေကြာခင်းထဲမှာ ယမန်နေ့ မနက်ပိုင်းက လည်ပင်းလှီးဖြတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်း တစ်လောင်းတွေ့ရှိရတယ်လို့ ဒေသခံတွေက သတင်းပေးပို့တဲ့အတွက် ကလေးမြို့မရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာမှာ သေဆုံးသူဟာ ကံကြီးကျေးရွာက အလယ်တန်းပြ ကျောင်းဆရာ ဦးညီညီထွန်းဖြစ်ကြောင်းသိရပြီး လူသတ်တရားကို ဖမ်းဆီးရမိရေး လိုအပ်တဲ့စုံစမ်းဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာတော့ ပြစ်မှုကျူးလွန်ခဲ့တဲ့ တရာခံဖြစ်တဲ့ ကလေးမြို့နယ် ကြို့သုံးပင်ရပ်ကွက်နေ ဆည်ကြီးကျေးရွာ အထကကျောင်းခွဲ အလယ်တန်းပြ ကျောင်းဆရာ ဦးတင်ဇော်မင်း ဆိုသူကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
၎င်းအနေနဲ့ သေဆုံးသူ ဦးညီညီထွန်းဆီကနေ ချေးယူသုံးစွဲခဲ့တဲ့ ငွေကျပ်သိန်း ၆၀ ကို ပြန်လည်ပေးဆပ်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ယခုလို သတ်ဖြတ်ရခြင်းဖြစ်တယ်လို့ ဝန်ခံထွက်ဆိုခဲ့တဲ့အတွက် ကျောင်းဆရာ ဦးတင်ဇော်မင်းကို လူသတ်မှုနဲ့ ကလေးမြို့မရဲစခန်းက အမှုဖွင့်ထားပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။
#mhtnews

(Zawgyi)
“အေႂကြးမဆပ္နိုင္ေတာ့တဲ့ ေက်ာင္းဆရာတစ္ဦးက သူအေႂကြးေပးရမယ့္ ေက်ာင္းဆရာတစ္ဦးကို သတ္ျဖတ္ၿပီး အေလာင္းေဖ်ာက္ခဲ့ေပမယ့္ ရာဇဝတ္ေဘး ေျပးမလြတ္ခဲ့”
အေႂကြးမဆပ္နိုင္ေတာ့တဲ့ ေက်ာင္းဆရာတစ္ဦးက သူအေႂကြးေပးရမယ့္ ေက်ာင္းဆရာတစ္ဦးကို သတ္ျဖတ္ၿပီး အေလာင္းေဖ်ာက္ခဲ့ေပမယ့္ ရာဇဝတ္ေဘး ေျပးမလြတ္ခဲ့ဘဲ ရဲတပ္ဖြဲ႕က တရားခံေက်ာင္းဆရာကို ဖမ္းဆီရမိခဲ့ပါတယ္။
ျဖစ္စဥ္မွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕၊ ကေလး – တမူးကားလမ္း ေဖာင္ကူးတံတား အနီး ေနၾကာခင္းထဲမွာ ယမန္ေန႕ မနက္ပိုင္းက လည္ပင္းလွီးျဖတ္ဒဏ္ရာနဲ႕ ေသဆုံးေနတဲ့ ႐ုပ္အေလာင္း တစ္ေလာင္းေတြ႕ရွိရတယ္လို႔ ေဒသခံေတြက သတင္းေပးပို႔တဲ့အတြက္ ကေလးၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ရာမွာ ေသဆုံးသူဟာ ကံႀကီးေက်း႐ြာက အလယ္တန္းျပ ေက်ာင္းဆရာ ဦးညီညီထြန္းျဖစ္ေၾကာင္းသိရၿပီး လူသတ္တရားကို ဖမ္းဆီးရမိေရး လိုအပ္တဲ့စုံစမ္းေဆးမႈေတြ ျပဳလုပ္ခဲ့ရာမွာေတာ့ ျပစ္မႈက်ဴးလြန္ခဲ့တဲ့ တရာခံျဖစ္တဲ့ ကေလးၿမိဳ႕နယ္ ႀကိဳ႕သုံးပင္ရပ္ကြက္ေန ဆည္ႀကီးေက်း႐ြာ အထကေက်ာင္းခြဲ အလယ္တန္းျပ ေက်ာင္းဆရာ ဦးတင္ေဇာ္မင္း ဆိုသူကို ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။
၎အေနနဲ႕ ေသဆုံးသူ ဦးညီညီထြန္းဆီကေန ေခ်းယူသုံးစြဲခဲ့တဲ့ ေငြက်ပ္သိန္း ၆၀ ကို ျပန္လည္ေပးဆပ္ဖို႔ မျဖစ္နိုင္ေတာ့တဲ့အတြက္ ယခုလို သတ္ျဖတ္ရျခင္းျဖစ္တယ္လို႔ ဝန္ခံထြက္ဆိုခဲ့တဲ့အတြက္ ေက်ာင္းဆရာ ဦးတင္ေဇာ္မင္းကို လူသတ္မႈနဲ့ ကေလးၿမိဳ႕မရဲစခန္းက အမႈဖြင့္ထားၿပီး ဥပေဒအရ အေရးယူနိုင္ေရး ဆက္လက္ ေဆာင္႐ြက္လွ်က္ရွိတယ္လို႔ သိရပါတယ္။
#mhtnews
Recent Comments