အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်အသုံး၍ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သော “သက်ဖြိုးဦး” Facebook အကောင့်ပိုင်ရှင်ဖြစ်သည့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်။ မြိုင်ကလေးကျေးရွာနေ သက်ဖြိုးဦး(ခ)ရွှေကရင်နှင့် “Min Tha Khin” Facebook အကောင့်ပိုင်ရှင်ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာနေ မိုးမိုးထွေး တို့ကို တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်

ပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်း ဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အလားတူ ထိုကဲ့သို့ CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

#mhtnews

=======================

(Zawgyi)

“အၾကမ္းဖက္အုပ္စုအျဖစ္ေၾကညာထားေသာ CRPH၊ NUG ႏွင့္ ယင္းတို႔၏ လက္ေဝခံမ်ား၏ လႈံ႕ေဆာ္၊ ဝါဒျဖန႔္ျခင္းမ်ားကို လူမႈကြန္ရက္အသုံးျပဳ၍ လိုက္ပါလုပ္ေဆာင္ျခင္း၊ အားေပးကူညီျခင္းမ်ား ျပဳလုပ္ခဲ့သူမ်ားအား ေဖာ္ထုတ္အေရးယူ”

အၾကမ္းဖက္အုပ္စုအျဖစ္ ေၾကညာထားေသာ CRPH၊ NUG ႏွင့္ ယင္းတို႔၏ လက္ေအာက္ခံအဖြဲ႕ အစည္းမ်ား၊ ယင္းတို႔ႏွင့္ဆက္ႏြယ္ေနေသာ အဖြဲ႕အစည္းမ်ား၊ လူပုဂၢိုလ္မ်ားသည္ နိုင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစရန္ႏွင့္ ျပည္သူလူထုကို အေၾကာက္တရားမ်ား ျဖစ္ေပၚေစၿပီး အစိုးရယႏၱရားမ်ား ပ်က္ျပားေစရန္ ရည္႐ြယ္ကာ လူမႈကြန္ရက္အသုံး၍ လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္း၊ ၿခိမ္းေျခာက္ျခင္းမ်ား ျပဳလုပ္ခဲ့ေသာ သက္ၿဖိဳးဦး Facebook အေကာင့္ပိုင္ရွင္ျဖစ္သည့္ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္။ ၿမိဳင္ကေလးေက်း႐ြာေန သက္ၿဖိဳးဦး(ခ)ေ႐ႊကရင္ႏွင့္ “Min Tha Khin Facebook အေကာင့္ပိုင္ရွင္ျဖစ္သည့္ မႏၱေလးတိုင္းေဒသႀကီး၊ သပိတ္က်င္းၿမိဳ႕နယ္၊ ေခ်ာင္းႀကီးေက်း႐ြာေန မိုးမိုးေထြး တို႔ကို တရားဥပေဒႏွင့္အညီ ဖမ္းဆီးထိန္းသိမ္းအမႈဖြင့္လွစ္ အေရးယူျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ျပည္သူမ်ားအေနျဖင့္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ား၏ လႈံ႕ေဆာ္မႈ၊ ဝါဒျဖန႔္မႈမ်ားအေပၚ မသိနားမလည္၍ျဖစ္ေစ၊ ေၾကာက္႐ြံ႕၍ျဖစ္ေစ လိုက္ပါလုပ္ေဆာင္ျခင္း၊ အသံျဖင့္ျဖစ္ေစ၊ ျပဳလုပ္မႈျဖင့္ျဖစ္ေစ၊ တစ္နည္းနည္း ျဖင့္ျဖစ္ေစ အမ်ားျပည္သူအႏွောင့္အယွက္ျဖစ္ေစမည့္ ျပဳလုပ္မႈမ်ား ျပဳလုပ္ျခင္း၊ လႈံ႕ေဆာ္ဝါဒျဖန႔္မႈမ်ားကို ထပ္ဆင့္မွ်ေဝျခင္း၊ အားေပးကူညီျခင္းမ်ား ျပဳလုပ္ခဲ့လွ်င္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၂(က)၊ ရာဇသတ္ႀကီးပုဒ္မ ၁၂၄-က ႏွင့္ ပုဒ္မ ၅၀၅-က၊ အီလက္ထေရာနစ္ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၃၃(က)ႏွင့္ တည္ဆဲဥပေဒမ်ားအရ အေရးယူခံရမည့္အျပင္ ျပစ္မႈႏွင့္ သက္ဆိုင္သည့္ ေ႐ႊ႕ေျပာင္းနိုင္ေသာပစၥည္း၊ မေ႐ႊ႕ ေျပာင္းနိုင္ေသာပစၥည္းမ်ားကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒအရ သိမ္းဆည္းခံရနိုင္ၿပီး ျပစ္မႈထင္ရွားစီရင္ျခင္းခံရပါက နိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းဆည္းခံရနိုင္ေၾကာင္း ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၂၅ ရက္ေန႕တြင္ နိုင္ငံပိုင္မီဒီယာမ်ားမွတစ္ဆင့္ အသိေပး သတင္းထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။

အလားတူ ထိုကဲ့သို႔ CRPH ၊ NUG ႏွင့္ ယင္းတို႔၏ လက္ေအာက္ခံအဖြဲ႕အစည္းမ်ား၊ ယင္းတို႔ႏွင့္ ဆက္ႏြယ္ေနေသာ အဖြဲ႕အစည္းမ်ား၊ လူပုဂၢိုလ္မ်ားသည္ နိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစရန္ႏွင့္ အစိုးရယႏၱရားမ်ား ပ်က္ျပားေစရန္ ရည္႐ြယ္လ်က္ လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္းမ်ား ျပဳလုပ္ခဲ့မႈအေပၚ အားေပးကူညီျခင္း ျပဳလုပ္ခဲ့သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္းႏွင့္ ထိုသို႔လႈံ႕ေဆာ္သူ၊ ဝါဒျဖန႔္သူမ်ားအား ဆက္လက္ေဖာ္ထုတ္ အေရးယူသြားမည္ျဖစ္ေၾကာင္းလည္း သတင္းထုတ္ျပန္ထားသည္။

#mhtnews