အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လူမှုကွန်ရက်ကိုအသုံးပြု၍ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို ပြုလုပ်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် နေသူများဖြစ်သော “Lae Lae Win” Facebook အကောင့်ပိုင်ရှင် လဲ့လဲ့ဝင်းနှင့် ၊ “Nay Htoo Ko Ko” Facebook အကောင့်ပိုင်ရှင် နေထူးကိုကိုတို့အား ဥပဒေနှင့်အညီ အရေးယူလိုက်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်း ဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံ ရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင် သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်း ခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အလားတူ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေး ယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ထားကြောင်း သိရသည်။
#mhtnews
===============================
(Zawgti)
“အၾကမ္းဖက္အုပ္စုအျဖစ္ေၾကညာထားေသာ CRPH ၊ NUG ႏွင့္ ယင္းတို႔၏ လက္ေဝခံမ်ား၏ လႈံ႕ေဆာ္၊ ဝါဒျဖန႔္ျခင္းမ်ားကို လူမႈကြန္ရက္အသုံးျပဳ၍ လိုက္ပါလုပ္ေဆာင္ျခင္း၊ အားေပးကူညီျခင္းမ်ား ျပဳလုပ္ခဲ့သူမ်ားကို ေဖာ္ထုတ္အေရးယူ”
အၾကမ္းဖက္အုပ္စုအျဖစ္ ေၾကညာထားေသာ CRPH၊ NUG ႏွင့္ ယင္းတို႔၏ လက္ေအာက္ခံ အဖြဲ႕အစည္းမ်ား၊ ယင္းတို႔ႏွင့္ဆက္ႏႊယ္ေနေသာ အဖြဲ႕အစည္းမ်ား၊ လူပုဂၢိုလ္မ်ားသည္ နိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစရန္ႏွင့္ ျပည္သူလူထုကို အေၾကာက္တရားမ်ား ျဖစ္ေပၚေစၿပီး အစိုးရယႏၱရားမ်ား ပ်က္ျပားေစရန္ ရည္႐ြယ္လ်က္ လူမႈကြန္ရက္ကိုအသုံးျပဳ၍ လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္း၊ ၿခိမ္းေျခာက္ျခင္းမ်ားကို ျပဳလုပ္လ်က္ရွိသည့္ မႏၱေလးတိုင္းေဒသႀကီး ေအာင္ေျမသာစံၿမိဳ႕နယ္ ေနသူမ်ားျဖစ္ေသာ Lae Lae Win Facebook အေကာင့္ပိုင္ရွင္ လဲ့လဲ့ဝင္းႏွင့္ ၊ Nay Htoo Ko Ko Facebook အေကာင့္ပိုင္ရွင္ ေနထူးကိုကိုတို႔အား ဥပေဒႏွင့္အညီ အေရးယူလိုက္ေၾကာင္း သတင္းထုတ္ျပန္ေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျပည္သူမ်ားအေနျဖင့္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ား၏ လႈံ႕ေဆာ္ဝါဒျဖန႔္မႈမ်ားအေပၚ မသိနားမလည္၍ျဖစ္ေစ၊ ေၾကာက္႐ြံ႕၍ျဖစ္ေစ လိုက္ပါလုပ္ေဆာင္ျခင္း၊ အသံျဖင့္ျဖစ္ေစ၊ ျပဳလုပ္မႈျဖင့္ျဖစ္ေစ၊ တစ္နည္းနည္း ျဖင့္ျဖစ္ေစ အမ်ားျပည္သူအႏွောင့္အယွက္ျဖစ္ေစမည့္ ျပဳလုပ္မႈမ်ားျပဳလုပ္ျခင္း၊ လႈံ႕ေဆာ္ဝါဒျဖန႔္မႈမ်ားကို ထပ္ဆင့္မွ်ေဝျခင္း၊ အားေပးကူညီျခင္းမ်ား ျပဳလုပ္ခဲ့လွ်င္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၂(က)၊ ရာဇသတ္ႀကီးပုဒ္မ ၁၂၄-က ႏွင့္ ပုဒ္မ ၅၀၅-က၊ အီလက္ထ႐ြန္နစ္ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၃၃(က)ႏွင့္ တည္ဆဲဥပေဒမ်ားအရ အေရးယူခံ ရမည့္အျပင္ ျပစ္မႈႏွင့္ သက္ဆိုင္သည့္ ေ႐ႊ႕ေျပာင္းနိုင္ ေသာပစၥည္း၊ မေ႐ႊ႕ေျပာင္းနိုင္ေသာ ပစၥည္းမ်ားကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒအရ သိမ္းဆည္း ခံရနိုင္ၿပီး ျပစ္မႈထင္ရွား စီရင္ျခင္းခံရပါက နိုင္ငံေတာ္ ဘ႑ာအျဖစ္ သိမ္းဆည္းခံရနိုင္ေၾကာင္း ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၂၅ ရက္တြင္ နိုင္ငံပိုင္မီဒီယာမ်ားမွ တစ္ဆင့္ အသိေပးသတင္းထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။
အလားတူ CRPH၊ NUG ႏွင့္ ယင္းတို႔၏ လက္ေအာက္ခံအဖြဲ႕အစည္းမ်ား၊ ယင္းတို႔ႏွင့္ ဆက္ႏႊယ္ ေနေသာ အဖြဲ႕အစည္းမ်ား၊ လူပုဂၢိုလ္မ်ားသည္ နိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပား ေစရန္ႏွင့္ အစိုးရယႏၱရားမ်ား ပ်က္ျပားေစရန္ရည္႐ြယ္လ်က္ လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္း မ်ားျပဳလုပ္ခဲ့မႈအေပၚ အားေပးကူညီျခင္း ျပဳလုပ္ခဲ့သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရး ယူသြားမည္ျဖစ္ေၾကာင္းႏွင့္ ထိုသို႔လႈံ႕ေဆာ္သူ၊ ဝါဒျဖန႔္သူမ်ားအား ဆက္လက္ေဖာ္ထုတ္ အေရးယူ သြားမည္ျဖစ္ေၾကာင္း မိဘျပည္သူမ်ား သိရွိနိုင္ေရး အသိေပးသတင္းထုတ္ျပန္ထားေၾကာင္း သိရသည္။
#mhtnews
Recent Comments