အကြမ်းဖက်အုပ်စုတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိနေတဲ့ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြိုနယ်က သူရိယဆေးခန်းပိုင်ရှင်ကိုဖမ်းဆီးပြီး ၎င်းပိုင်ဆိုင်တဲ့ နေအိမ်နှစ်လုံးနဲ့ ဆေးခန်းကိုပါ ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို သိရပါတယ်။
အဆိုပါ သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းဟာ CDM ဝန်ထမ်းတွေကို သူ့ဆေးခန်းမှာထားရှိပြီး PDF အကြမ်းဖက်အုပ်စုတွေကို ဆေးကုသပေးတဲ့အပြင် အခြားအထောက်အပံ့တွေလည်း ပေးနေတယ်လို စစ်ဆေးတွေ့ရှိရတဲ့အတွက် ယခုလို ချိတ်ပိတ်သိမ်းဆည်းရတာဖြစ်တယ်လို ဆိုပါတယ်။
နေအိမ်ကို ချိတ်မပိတ်ခင် ဧပြီလ ၂၆ ရက် နေ့လယ်ပိုင်းက မဟာအောင်မြေမြိုနယ် ၃၈ လမ်းနဲ့ ၈၁ လမ်းအနီးက သူရိယဆေးခန်းမှာ ပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းကို လုံခြုံရေးတပ်ဖွဲဝင်တွေက သတင်းအရ ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပြီး အဲဒီစစ်ဆေးမှုတွေအရ ဖမ်းဆီးခံရပြီး နှစ်ရက်အကြာမှာ ဒေါက်တာအောင်အောင်ထွန်း ပိုင်ဆိုင်တဲ့ နေအိမ်နှစ်လုံးနဲ့ သူရိယဆေးခန်းကို ယနေ့ (ဧပြီ ၂၈ ရက်) မနက်ပိုင်းမှာ လာရောက်ချိတ်ပိတ်ခဲ့တယ်လို သိရှိရပါတယ်။
#mhtnews
(Zawgyi)
“အကြမ်းဖက်အုပ်စုတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိနေတဲ့ မဟာအောင်မြေမြို့နယ်က သူရိယဆေးခန်းပိုင်ရှင်ကို ဖမ်းဆီးပြီး နေအိမ်နှစ်လုံးနဲ့ ဆေးခန်းကိုပါ ချိတ်ပိတ်”
အကြမ်းဖက်အုပ်စုတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိနေတဲ့ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်က သူရိယဆေးခန်းပိုင်ရှင်ကိုဖမ်းဆီးပြီး ၎င်းပိုင်ဆိုင်တဲ့ နေအိမ်နှစ်လုံးနဲ့ ဆေးခန်းကိုပါ ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။
အဆိုပါ သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းဟာ CDM ဝန်ထမ်းတွေကို သူ့ဆေးခန်းမှာထားရှိပြီး PDF အကြမ်းဖက်အုပ်စုတွေကို ဆေးကုသပေးတဲ့အပြင် အခြားအထောက်အပံ့တွေလည်း ပေးနေတယ်လို့ စစ်ဆေးတွေ့ရှိရတဲ့အတွက် ယခုလို ချိတ်ပိတ်သိမ်းဆည်းရတာဖြစ်တယ်လို့ ဆိုပါတယ်။
နေအိမ်ကို ချိတ်မပိတ်ခင် ဧပြီလ ၂၆ ရက် နေ့လယ်ပိုင်းက မဟာအောင်မြေမြို့နယ် ၃၈ လမ်းနဲ့ ၈၁ လမ်းအနီးက သူရိယဆေးခန်းမှာ ပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတင်းအရ ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပြီး အဲဒီစစ်ဆေးမှုတွေအရ ဖမ်းဆီးခံရပြီး နှစ်ရက်အကြာမှာ ဒေါက်တာအောင်အောင်ထွန်း ပိုင်ဆိုင်တဲ့ နေအိမ်နှစ်လုံးနဲ့ သူရိယဆေးခန်းကို ယနေ့ (ဧပြီ ၂၈ ရက်) မနက်ပိုင်းမှာ လာရောက်ချိတ်ပိတ်ခဲ့တယ်လို့ သိရှိရပါတယ်။
#mhtnews
Recent Comments