စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြိုနယ်၊ နောင်မိုးကျေးရွာအုပ်စု၊ တင်းကျစ်ကျေးရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ဟာ ဦးခေါင်းကိုအရိုက်ခံရတဲ့ဒဏ်ရာနဲ့ မနေ့က (ဧပြီ ၂၀ ရက်) မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ ပျံတော်မူသွားတယ်လို ဒေသခံတွေဆီက သိရပါတယ်။
ယခု ပျံတော်မူသွားတဲ့ သက်တော်(၈၄) နှစ်၊ ဝါတော်(၆၄)ဝါရှိ ဆရာတော် ဉူးဩတိဏ္ဏဟာ ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက် ၊ နေ့လည်ပိုင်းမှာ ရွာကလူတွေ ဥပုသ်ယူဖို ကျောင်းကိုသွားတဲ့အခါ ကျောင်းထဲမှာပဲ သွေးအိုင်ထဲလဲနေတာကို ရွားသားတွေက တွေ့ရှိခဲ့ရလို ဆေးရုံကိုပိုပေးခဲ့တာဖြစ်ပြီး နောက်တနေ့ ဧပြီ ၁၄ ရက် မနက်ပိုင်းမှာ သတိပြန်ရလာခဲ့သေးတယ်လို ဒေသခံတွေက ပြောပါတယ်။
သတိပြန်ရလာတဲ့အချိန်မှာ ဆရာတော် မိန့်တာက အမည်မသိ အကြမ်းဖက် လူသတ်သမား ၂ ယောက်က ကျောင်းထဲရောက်လာပြီး ဘုန်းကြီးဆီ ပိုက်ဆံတောင်းတာမှာ ဘုန်းကြီးက သူပိုင်ငွေ မရှိဘူးပြောတော့ လူ ၂ ယောက်က ဘုန်းကြီးကို ရိုက်နှက်ပြီး ဘုန်းကြီးက သွေးအိုင်ထဲ လဲနေတဲ့အချိန်မှာ ကျောင်းပိုင်ငွေ ၇ သိန်းကို လုယူထွက်ပြေးသွားကြတာဖြစ်တယ်လို ဆိုပါတယ်။
ယခုအခါမှာတော့ ဆရာတော်ကြီးဟာ ရရှိတဲ့ ဦးခေါင်ဒဏ်ရာနဲ့ မနေ့က ပျံတော်မူသွားခဲ့ပြီလို သိရပါတယ်။
#mhtnews
(Zawgyi)
“ဟုမ္မလင်းမြို့နယ်မှာ သင်္ကြန်အကြိုနေ့က ခေါင်းကိုရိုက်ပြီး ပိုက်ဆံလုယက်ခံရတဲ့ သက်တော် ၈၄ နှစ်ရှိ ကျောင်းထိုင်ဆရာတော် ယမန်နေ့က ပျံလွန်တော်မူ”
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်မိုးကျေးရွာအုပ်စု၊ တင်းကျစ်ကျေးရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ဟာ ဦးခေါင်းကိုအရိုက်ခံရတဲ့ဒဏ်ရာနဲ့ မနေ့က (ဧပြီ ၂၀ ရက်) မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ ပျံတော်မူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယခု ပျံတော်မူသွားတဲ့ သက်တော်(၈၄) နှစ်၊ ဝါတော်(၆၄)ဝါရှိ ဆရာတော် ဉူးဩတိဏ္ဏဟာ ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက် ၊ နေ့လည်ပိုင်းမှာ ရွာကလူတွေ ဥပုသ်ယူဖို့ ကျောင်းကိုသွားတဲ့အခါ ကျောင်းထဲမှာပဲ သွေးအိုင်ထဲလဲနေတာကို ရွားသားတွေက တွေ့ရှိခဲ့ရလို့ ဆေးရုံကိုပို့ပေးခဲ့တာဖြစ်ပြီး နောက်တနေ့ ဧပြီ ၁၄ ရက် မနက်ပိုင်းမှာ သတိပြန်ရလာခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတိပြန်ရလာတဲ့အချိန်မှာ ဆရာတော် မိန့်တာက အမည်မသိ အကြမ်းဖက် လူသတ်သမား ၂ ယောက်က ကျောင်းထဲရောက်လာပြီး ဘုန်းကြီးဆီ ပိုက်ဆံတောင်းတာမှာ ဘုန်းကြီးက သူပိုင်ငွေ မရှိဘူးပြောတော့ လူ ၂ ယောက်က ဘုန်းကြီးကို ရိုက်နှက်ပြီး ဘုန်းကြီးက သွေးအိုင်ထဲ လဲနေတဲ့အချိန်မှာ ကျောင်းပိုင်ငွေ ၇ သိန်းကို လုယူထွက်ပြေးသွားကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ယခုအခါမှာတော့ ဆရာတော်ကြီးဟာ ရရှိတဲ့ ဦးခေါင်ဒဏ်ရာနဲ့ မနေ့က ပျံတော်မူသွားခဲ့ပြီလို့ သိရပါတယ်။
#mhtnews
Recent Comments