
ပြည်ပနိုင်ငံများမှ ကုန်ပစ္စည်းများ တင်သွင်းရာတွင် သွင်းကုန်လိုင်စင်၊ သွင်းကုန်ပါမစ် ခွင့်ပြုချက်မရှိဘဲ သင်္ဘောတင်လာခဲ့ပြီး ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ ကြိုတင်ရောက်ရှိနေကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့် ဧပြီ ၂၀ ရက်မှစတင်ကာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုအပ်သည့် ကုန်စည်များတင်သွင်းမှုနှင့် ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၀ ကိုပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ကြရန်အတွက် ဧပြီ ၅ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် သတင်းထုတ်ပြန်ထားခဲ့သည်။
အဆိုပါ ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာအတွင်း လုပ်ငန်းရှင်အချို့သည် အဆိုပါ အမိန့်ကြော်ငြာစာ ၅၀/ ၂၀၂၀ ကို လိုက်နာ ဆောင်ရွက်ခြင်းမရှိဘဲ ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ သွင်းကုန်လိုင်စင် လျှောက်ထားမှုများရှိနေပြီး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များနှင့် ဆန့်ကျင်လျက်ရှိနေကြောင်း သိရသည်။
သို့ဖြစ်သဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် သွင်းကုန်လိုင်စင်နှင့် သွင်းကုန်ပါမစ်များခွင့်ပြုချက်ရမှသာ သင်္ဘောတင်ခြင်းများ ပြုလုပ်သင့်ကြောင်း အဆိုပါသတင်းလွှာ အတွင်း ထည့်သွင်းရေးသားထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခင်က သွင်းကုန်လိုင်စင်၊ သွင်းကုန် ပါမစ်လျှောက်ထားရာတွင် လွယ်ကူလျင်မြန်စေရေးအတွက် သွင်းကုန်လိုင်စင်၊ ပါမစ် ခွင့်ပြုချက်မရမီ ကြိုတင်သင်္ဘောတင်ခြင်းကို ခွင့်ပြုခဲ့ပြီး ယင်းတင်သွင်းပစ္စည်းများသည် ရန်ကုန်ဆိပ်ကမ်း၊ လေဆိပ်သို့ ဆိုက်ရောက်သည့် နေ့တွင် သွင်းကုန်လိုင်စင်၊ သွင်းကုန်ပါမစ် ခွင့်ပြုချက် နောက်ဆုံးရရှိထားရမည်ဖြစ်ပြီး ယင်းနေ့အထိ လိုင်စင်၊ ပါမစ်များ ခွင့်ပြုချက် မရရှိသေးပါက ကြိုတင်သင်္ဘောတင်သွင်း ရောက်ရှိခြင်းအဖြစ် သတ်မှတ် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
သို့သော် ယင်းဖြေလျှော့ ဆောင်ရွက်ပေးခြင်းကို အခွင့်ကောင်းယူကာ အချို့လုပ်ငန်းရှင်များက ရန်ကုန်ဆိပ်ကမ်းသို့ ပစ္စည်းများရောက်ရှိမှသာ သွင်းကုန်လိုင်စင် လျှောက် ထားမှုများရှိလာသဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းက အမိန့်ကြော်ငြာစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ ၂၀၁၅ တွင် သွင်းကုန်လိုင်စင်ရယူ တင်သွင်းရမည့် ပစ္စည်းများအတွက် ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ ကြိုတင်မရောကရှိစေရဟု ကြေညာခဲ့သည်။
ထို့အတူ ဝန်ကြီးဌာနသည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း သွင်းကုန်လိုင်စင် ရယူတင်သွင်းရမည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန် ကုန်သိုလှောင်ရုံသို့ ထည့်သွင်းရန် တင်သွင်းလာသည့် ကုန်စည်များမှအပ ကျန်ကုန်စည်များအား ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကြိုတင် ရောက်ရှိခြင်း မရှိစေရဟု ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သိရသည်။
ယင်းအမိန့်စာတွင်မူ အကောက်ခွန် ကုန်သိုလှောင်ရုံတွင် ထည့်သွင်းရန်အတွက်မဟုတ်ဘဲ ပြည်တွင်းသို့ တိုက်ရိုက်တင်သွင်းမှုနှင့်ပတ်သက်၍ လိုင်စင်လျှောက် ထားရန် လိုအပ်သော ကုန်စည်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်လိုင်စင်မရရှိဘဲ တင်သွင်းပြီး ဆိပ်ကမ်းသို့ကြိုတင်ရောက်ရှိပါက အဆိုပါ တင်သွင်းသောကုမ္ပဏီကို ပို့ကုန်၊ သွင်းကုန် ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ပါရှိပြီးဖြစ်သည်။
စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်ပမှတင်သွင်းသည့် ကုန်စည်များနှင့် စပ်လျဉ်း၍လည်း သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများအဖြစ် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် စသည်တို့ သတ်မှတ်ထုတ်ပြန်ခြင်းတို့ကို ယမန်နှစ်နှင့် ယခုနှစ်ဆန်းပိုင်းတို့တွင် ထုတ်ပြန်ထားခဲ့ပြီး လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများအနက် မည်သည့် ကုန်စည်ကိုမဆို ပြည်ပမှ ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်သွင်းရာတွင် ယခုနှစ် မေ၁ ရက်မှစတင်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ သွင်းကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း မတ် ၂၉ ရက်တွင် သတင်းထုတ်ပြန်ထားခဲ့ကြောင်း သိရှိရသည်။
#mhtnews
===============================
(Zawgyi)
“သြင္းကုန္လိုင္စင္၊ ပါမစ္စသည့္ ခြင့္ျပဳခ်က္မရမီ ဆိပ္ကမ္းသို႔ ကုန္ပစၥည္းမ်ား ႀကိဳတင္ေရာက္ရွိလာပါက အေရးယူမည္”
ျပည္ပနိုင္ငံမ်ားမွ ကုန္ပစၥည္းမ်ား တင္သြင္းရာတြင္ သြင္းကုန္လိုင္စင္၊ သြင္းကုန္ပါမစ္ ခြင့္ျပဳခ်က္မရွိဘဲ သေဘၤာတင္လာခဲ့ၿပီး ဆိပ္ကမ္းသို႔ကုန္ပစၥည္းမ်ား ႀကိဳတင္ေရာက္ရွိေနေၾကာင္း စိစစ္ေတြ႕ရွိရပါက ပို႔ကုန္၊ သြင္းကုန္ဥပေဒျဖင့္ ဧၿပီ ၂၀ ရက္မွစတင္ကာ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။
သြင္းကုန္လိုင္စင္ေလွ်ာက္ထားရန္လိုအပ္သည့္ ကုန္စည္မ်ားတင္သြင္းမႈႏွင့္ ပတ္သက္သည့္ စည္းကမ္းသတ္မွတ္ခ်က္ အမိန႔္ေၾကာ္ျငာစာအမွတ္ ၅၀/၂၀၂၀ ကိုပို႔ကုန္၊သြင္းကုန္ လုပ္ငန္းရွင္မ်ား လိုက္နာေဆာင္႐ြက္ၾကရန္အတြက္ ဧၿပီ ၅ ရက္က စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနအေနျဖင့္ သတင္းထုတ္ျပန္ထားခဲ့သည္။
အဆိုပါပို႔ကုန္၊သြင္းကုန္ႏွင့္ပတ္သက္သည့္ သတင္းလႊာအတြင္းလုပ္ငန္းရွင္အခ်ိဳ႕သည္ အဆိုပါ အမိန႔္ေၾကာ္ျငာစာ ၅၀/ ၂၀၂၀ ကို လိုက္နာ ေဆာင္႐ြက္ျခင္းမရွိဘဲဆိပ္ကမ္းသို႔ ကုန္ပစၥည္းမ်ား သြင္းကုန္လိုင္စင္ ေလွ်ာက္ထားမႈမ်ားရွိေနၿပီး ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္ မ်ားႏွင့္ ဆန႔္က်င္လ်က္ရွိေနေၾကာင္းသိရသည္။
သို႔ျဖစ္သျဖင့္ မလိုလားအပ္သည့္ ဆုံးရႈံးနစ္နာမႈမ်ား မျဖစ္ေပၚေစေရးအတြက္ သြင္းကုန္လိုင္စင္ႏွင့္ သြင္းကုန္ပါမစ္မ်ားခြင့္ျပဳခ်က္ရမွသာ သေဘၤာတင္ျခင္းမ်ား ျပဳလုပ္သင့္ေၾကာင္း အဆိုပါသတင္းလႊာ အတြင္းထည့္သြင္းေရးသားထားသည္။
စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနအေနျဖင့္ယခင္က သြင္းကုန္လိုင္စင္၊ သြင္းကုန္ ပါမစ္ေလွ်ာက္ထားရာတြင္ လြယ္ကူလ်င္ျမန္ေစေရးအတြက္ သြင္းကုန္လိုင္စင္၊ ပါမစ္ ခြင့္ျပဳခ်က္မရမီ ႀကိဳတင္သေဘၤာတင္ျခင္းကို ခြင့္ျပဳခဲ့ၿပီး ယင္းတင္သြင္းပစၥည္းမ်ားသည္ရန္ကုန္ဆိပ္ကမ္း၊ေလဆိပ္သို႔ ဆိုက္ေရာက္သည့္ ေန႕တြင္ သြင္းကုန္လိုင္စင္၊ သြင္းကုန္ပါမစ္ ခြင့္ျပဳခ်က္ေနာက္ဆုံးရရွိထားရမည္ျဖစ္ၿပီး ယင္းေန႕အထိ လိုင္စင္၊ ပါမစ္မ်ား ခြင့္ျပဳခ်က္ မရရွိေသးပါက ႀကိဳတင္သေဘၤာတင္သြင္းေရာက္ရွိျခင္းအျဖစ္ သတ္မွတ္ ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္ ယင္းေျဖေလွ်ာ့ ေဆာင္႐ြက္ေပးျခင္းကိုအခြင့္ေကာင္းယူကာ အခ်ိဳ႕လုပ္ငန္းရွင္မ်ားကရန္ကုန္ဆိပ္ကမ္းသို႔ ပစၥည္းမ်ားေရာက္ရွိမွသာ သြင္းကုန္လိုင္စင္ ေလွ်ာက္ ထားမႈမ်ားရွိလာသျဖင့္ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလအတြင္းက အမိန႔္ေၾကာ္ျငာစာတစ္ေစာင္ကို ထုတ္ျပန္ခဲ့သည္။
ျမန္မာနိုင္ငံ၏ ပို႔ကုန္၊ သြင္းကုန္ဆိုင္ရာ လုပ္ထုံး လုပ္နည္းမ်ား၂၀၁၅တြင္ သြင္းကုန္လိုင္စင္ရယူ တင္သြင္းရမည့္ ပစၥည္းမ်ားအတြက္ ခြင့္ျပဳခ်က္မရမီ ဆိပ္ကမ္းသို႔ ကုန္ပစၥည္းမ်ား ႀကိဳတင္မေရာကရွိေစရဟု ေၾကညာခဲ့သည္။
ထို႔အတူဝန္ႀကီးဌာနသည္ ၂၀၂၀ျပည့္ႏွစ္ ဇူလိုင္လအတြင္း သြင္းကုန္လိုင္စင္ရယူတင္သြင္းရမည့္ကုန္ပစၥည္းမ်ားအတြက္ အေကာက္ခြန္ ကုန္သိုေလွာင္႐ုံသို႔ ထည့္သြင္းရန္ တင္သြင္းလာသည့္ ကုန္စည္မ်ားမွအပ က်န္ကုန္စည္မ်ားအား ခြင့္ျပဳခ်က္မရမီ ဆိပ္ကမ္းသို႔ ႀကိဳတင္ ေရာက္ရွိျခင္း မရွိေစရဟု ျပင္ဆင္သတ္မွတ္ခဲ့ေၾကာင္း သိရသည္။
ယင္းအမိန႔္စာတြင္မူ အေကာက္ခြန္ ကုန္သိုေလွာင္႐ုံတြင္ ထည့္သြင္းရန္အတြက္မဟုတ္ဘဲ ျပည္တြင္းသို႔ တိုက္ရိုက္တင္သြင္းမႈႏွင့္ပတ္သက္၍ လိုင္စင္ေလွ်ာက္ ထားရန္ လိုအပ္ေသာ ကုန္စည္မ်ားအား စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္လိုင္စင္မရရွိဘဲ တင္သြင္းၿပီး ဆိပ္ကမ္းသို႔ႀကိဳတင္ေရာက္ရွိပါက အဆိုပါ တင္သြင္းေသာကုမၸဏီကို ပို႔ကုန္၊ သြင္းကုန္ ဥပေဒႏွင့္အညီ အေရးယူသြားမည္ ျဖစ္ေၾကာင္း ပါရွိၿပီးျဖစ္သည္။
စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနသည္ ျပည္ပမွတင္သြင္းသည့္ ကုန္စည္မ်ားႏွင့္ စပ္လ်ဥ္း၍လည္း သြင္းကုန္လိုင္စင္ေလွ်ာက္ထားရန္ လိုအပ္ေသာ ကုန္စည္လိုင္းမ်ားအျဖစ္ ပထမအဆင့္၊ ဒုတိယအဆင့္ႏွင့္ တတိယအဆင့္ စသည္တို႔ သတ္မွတ္ထုတ္ျပန္ျခင္းတို႔ကို ယမန္ႏွစ္ႏွင့္ ယခုႏွစ္ဆန္းပိုင္းတို႔တြင္ ထုတ္ျပန္ထားခဲ့ၿပီး လိုင္စင္ေလွ်ာက္ထားရန္ လိုအပ္ေသာကုန္စည္လိုင္းမ်ားအနက္ မည္သည့္ကုန္စည္ကိုမဆိုျပည္ပမွ ပင္လယ္ေရေၾကာင္း၊ ေလေၾကာင္းႏွင့္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားမွ တင္သြင္းရာတြင္ ယခုႏွစ္ ေမ၁ ရက္မွစတင္၍ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ သြင္းကုန္လိုင္စင္ ေလွ်ာက္ထားရယူၿပီးမွသာ တင္သြင္းခြင့္ျပဳမည္ ျဖစ္ေၾကာင္းမတ္ ၂၉ ရက္တြင္သတင္းထုတ္ျပန္ထားခဲ့ေၾကာင္း သိရွိရသည္။
#mhtnews
Recent Comments