သီရိလင်္ကာနိုင်ငံ ကိုလံဘို စားသုံးသူဈေးနှုန်းညွှန်းကိန်းတွင် တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲမှုဖြင့် တိုင်းတာထားသော ငွေကြေးဖောင်းပွမှုမှာ ဧပြီလ၌ ၂၉.၈ ရာခိုင်နှုန်းအထိ တိုးလာကြောင်း ဗဟိုဘဏ်က ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု ဆဂ်ဝါသတင်း၏ဖော်ပြမှုအရ သိရသည်။

ထိုကဲ့သို့ ငွေကြေးဖောင်းပွမှု တိုးမြင့်လာခြင်းသည် လစဉ် စားသောက်ကုန်နှင့် စားသောက်ကုန်မဟုတ်သော အမျိုးအစားနှစ်ခုလုံး ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်တွင် ပါရှိသည်ဟုဆိုသည်။

ဧပြီလတွင် စားသောက်ကုန်ငွေကြေးဖောင်းပွမှုသည် ၄၆.၆ ရာခိုင်နှုန်းသို့ ခုန်တက်လာခဲ့ပြီး စားသောက်ကုန်မဟုတ်သောအမျိုးအစားများငွေကြေးဖောင်းပွမှုသည် ၂၂.၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

စားသောက်ကုန်မဟုတ်သော အမျိုးအစားများရှိ ကုန်စည်ဈေးနှုန်းများမှာ သယ်ယူပို့ဆောင်ရေး၊ ရေ၊ လျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့စသည့် ကဏ္ဍများတွင် ဈေးနှုန်းမြင့်တက်မှုကြောင့် အဓိကဖြစ်ကြောင်း၊ စားသောက်ကုန်အမျိုးအစားရှိ ကုန်စည်ဈေးနှုန်းများမှာမူ အစားအသောက်ကုန်စည်အမျိုးအစားဖြစ်သော နို့မှုန့်၊ ဆန်၊ ပေါင်မုန့်၊ ပဲ၊ သကြားနှင့် ငါးခြောက်များလည်း ယခုလအတွင်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းနှင့် တစ်ဟုန်ထိုးမြင့်တက်လျက်ရှိသော ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် မကြာသေးမီက အတိုးနှုန်းကို မြှင့်တင်ခဲ့ကြောင်း သိရသည်။

#mhtnews

=========================

(Zawgyi)

“သီရိလကၤာနိုင္ငံ၏ ေငြေၾကးေဖာင္းပြမႈ ဧၿပီလတြင္ ၂၉.၈ ရာခိုင္ႏႈန္းအထိ ျမင့္တက္”

သီရိလကၤာနိုင္ငံ ကိုလံဘို စားသုံးသူေဈးႏႈန္းၫႊန္းကိန္းတြင္ တစ္ႏွစ္ထက္တစ္ႏွစ္ ေျပာင္းလဲမႈျဖင့္ တိုင္းတာထားေသာ ေငြေၾကးေဖာင္းပြမႈမွာ ဧၿပီလ၌ ၂၉.၈ ရာခိုင္ႏႈန္းအထိ တိုးလာေၾကာင္း ဗဟိုဘဏ္က ဧၿပီ ၂၉ ရက္တြင္ ထုတ္ျပန္ခဲ့သည္ဟု ဆဂ္ဝါသတင္း၏ေဖာ္ျပမႈအရ သိရသည္။

ထိုကဲ့သို႔ ေငြေၾကးေဖာင္းပြမႈ တိုးျမင့္လာျခင္းသည္ လစဥ္ စားေသာက္ကုန္ႏွင့္ စားေသာက္ကုန္မဟုတ္ေသာ အမ်ိဳးအစားႏွစ္ခုလုံး ေဈးႏႈန္း ျမင့္တက္လာျခင္းေၾကာင့္ ျဖစ္ေၾကာင္း ဗဟိုဘဏ္ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္ဟုဆိုသည္။

ဧၿပီလတြင္ စားေသာက္ကုန္ေငြေၾကးေဖာင္းပြမႈသည္ ၄၆.၆ ရာခိုင္ႏႈန္းသို႔ ခုန္တက္လာခဲ့ၿပီး စားေသာက္ကုန္မဟုတ္ေသာအမ်ိဳးအစားမ်ားေငြေၾကးေဖာင္းပြမႈသည္ ၂၂.၀ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ေၾကာင္း သိရသည္။

စားေသာက္ကုန္မဟုတ္ေသာ အမ်ိဳးအစားမ်ားရွိ ကုန္စည္ေဈးႏႈန္းမ်ားမွာ သယ္ယူပို႔ေဆာင္ေရး၊ ေရ၊ လွ်ပ္စစ္ႏွင့္ သဘာဝဓာတ္ေငြ႕စသည့္ က႑မ်ားတြင္ ေဈးႏႈန္းျမင့္တက္မႈေၾကာင့္ အဓိကျဖစ္ေၾကာင္း၊ စားေသာက္ကုန္အမ်ိဳးအစားရွိ ကုန္စည္ေဈးႏႈန္းမ်ားမွာမူ အစားအေသာက္ကုန္စည္အမ်ိဳးအစားျဖစ္ေသာ နို႔မႈန႔္၊ ဆန္၊ ေပါင္မုန႔္၊ ပဲ၊ သၾကားႏွင့္ ငါးေျခာက္မ်ားလည္း ယခုလအတြင္း ေဈးႏႈန္းျမင့္တက္ခဲ့ေၾကာင္းႏွင့္ တစ္ဟုန္ထိုးျမင့္တက္လ်က္ရွိေသာ ေငြေၾကးေဖာင္းပြမႈကို ထိန္းခ်ဳပ္ရန္ မၾကာေသးမီက အတိုးႏႈန္းကို ျမႇင့္တင္ခဲ့ေၾကာင္း သိရသည္။

#mhtnews