သီရိလင်္ကာနိုင်ငံမှာ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အစိုးရရဲ့ ကိုင်တွယ်စီမံပုံကို မကျေနပ်ကြတဲ့ ပြည်သူတွေက ဆန္ဒပြပွဲမှုတွေ ပြုလုပ်ခဲ့ကြရာ ယခုအခါ အကြမ်းဖက်မှုပုံစံပြောင်းလာခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က နိုင်ငံရဲ့အဓိကမြို့တော် ကိုလံဘိုအပါအဝင် ဒေသများစွာကို ယနေ့ (ဧပြီ ၁ ရက်) ကစပြီး ညမထွက်ရ ကာဖျူးအမိန့် ပြဌာန်းလိုက်တယ်လို့ နိုင်ငံတကာသတင်းများအရ သိရပါတယ်။
ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ကြာသပတေးနေ့အနှောင်းပိုင်းက ကိုလံဘို ဆင်ခြေဖုံးအရပ်ရှိ သမ္မတ ဂိုတာဘယာ ရာဂျာပက်ဆာရဲ့ သီးသန့်အိမ်တော်အနီး စုဝေးခဲ့ကြတဲ့အတွက် ရဲတပ်ဖွဲ့က ၎င်းတို့ကို မျက်ရည်ဓါတ်ငွေ့တွေ၊ ရေအမြောက်တွေသုံးပြီး ဖြိုခွဲခဲ့တယ်လို့ ဆိုပါတယ်။
ထိုအတူပဲ ဆိုင်ကယ်ဦးထုပ်ဆောင်းထားသူအချို့ ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ အုတ်နံရံတစ်ခုကို ဖြိုဖျက်ပြီး ရဲတပ်ဖွဲ့ကို အုတ်ခဲတွေနဲ့ ပစ်ပေါက်ခဲ့သလို သမ္မတအိမ်တော်ကို သွားရာလမ်းပေါ်ရှိ ဘတ်စ်ကားတစ်စီးကိုလည်း မီးရှို့ခဲ့ကြတယ်လို့ သိရပါတယ်။
အစိုးရဟာ လောင်စာဆီတင်သွင်းမှုအတွက် နိုင်ငံခြားငွေ ပေးချေစရာ ပြတ်လပ်နေတာကြောင့် သီရိလင်္ကာနိုင်ငံရဲ့ လူဦးရေ ၂၂ သန်းဟာ အခုဆိုရင် တစ်နေ့ကို ၁၃ နာရီကြာ ဓါတ်အားဖြတ်တောက်ခံရမှုနဲ့ ကြုံတွေ့နေက ရတာပါ။
အစိုးရအနေနဲ့ နိုင်ငံရဲ့ အကျပ်အတည်းမှ လွတ်မြောက်ဖို့အတွက် နည်းလမ်းရှာနေပြီး လာမယ့်ရက်တွေအတွင်း ဖြစ်နိုင်ဖွယ်ရာ ချေးငွေအစီအစဉ်အတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) နဲ့ သီရိလင်္ကာ အာဏာပိုင်တွေ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ လျှပ်စစ်ဓါတ်အားကို ချွေတာဖို့အတွက် အစိုးရဟာ လမ်းမီးတွေကို ပိတ်ထားခဲ့သလို ဒီဇယ်ဆီပြတ်တောက်မှုကြောင့် ဓါတ်အားဖြတ်တောက်ရမှုတွေ ပိုရှိလာပြီး အဓိကစတော့ဈေးကွက်မှာလည်း အရောင်းအဝယ်တွေ ရပ်တန့်သွားတယ်လို့ စွမ်းအင်ဝန်ကြီး ပါဗီသရာ ဝမ်နီယာရာ့ချီက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
#mhtnews
(Zawgyi)
“သီရိလကၤာနိုင္ငံမွာ စီးပြားေရးအက်ပ္အတည္းေၾကာင့္ ဆႏၵျပသူမ်ား အၾကမ္းဖက္ပုံစံေျပာင္းလာသျဖင့္ ညမထြက္ရအမိန့္ ထုတ္ျပန္လိုက္ရ”
သီရိလကၤာနိုင္ငံမွာ အဆိုး႐ြားဆုံး စီးပြားေရးအက်ပ္အတည္းနဲ႕ ရင္ဆိုင္ေနရတာျဖစ္ၿပီး အစိုးရရဲ႕ ကိုင္တြယ္စီမံပုံကို မေက်နပ္ၾကတဲ့ ျပည္သူေတြက ဆႏၵျပပြဲမႈေတြ ျပဳလုပ္ခဲ့ၾကရာ ယခုအခါ အၾကမ္းဖက္မႈပုံစံေျပာင္းလာခဲ့တဲ့အတြက္ ရဲတပ္ဖြဲ႕က နိုင္ငံရဲ႕အဓိကၿမိဳ႕ေတာ္ ကိုလံဘိုအပါအဝင္ ေဒသမ်ားစြာကို ယေန႕ (ဧၿပီ ၁ ရက္) ကစၿပီး ညမထြက္ရ ကာဖ်ဴးအမိန့္ ျပဌာန္းလိုက္တယ္လို႔ နိုင္ငံတကာသတင္းမ်ားအရ သိရပါတယ္။
ေထာင္နဲ႕ခ်ီတဲ့ ဆႏၵျပသူေတြဟာ ၾကာသပေတးေန႕အႏွောင္းပိုင္းက ကိုလံဘို ဆင္ေျခဖုံးအရပ္ရွိ သမၼတ ဂိုတာဘယာ ရာဂ်ာပက္ဆာရဲ႕ သီးသန့္အိမ္ေတာ္အနီး စုေဝးခဲ့ၾကတဲ့အတြက္ ရဲတပ္ဖြဲ႕က ၎တို႔ကို မ်က္ရည္ဓါတ္ေငြ႕ေတြ၊ ေရအေျမာက္ေတြသုံးၿပီး ၿဖိဳခြဲခဲ့တယ္လို႔ ဆိုပါတယ္။
ထိုအတူပဲ ဆိုင္ကယ္ဦးထုပ္ေဆာင္းထားသူအခ်ိဳ႕ ပါဝင္တဲ့ ဆႏၵျပသူေတြဟာ အုတ္နံရံတစ္ခုကို ၿဖိဳဖ်က္ၿပီး ရဲတပ္ဖြဲ႕ကို အုတ္ခဲေတြနဲ႕ ပစ္ေပါက္ခဲ့သလို သမၼတအိမ္ေတာ္ကို သြားရာလမ္းေပၚရွိ ဘတ္စ္ကားတစ္စီးကိုလည္း မီးရွို႔ခဲ့ၾကတယ္လို႔ သိရပါတယ္။
အစိုးရဟာ ေလာင္စာဆီတင္သြင္းမႈအတြက္ နိုင္ငံျခားေငြ ေပးေခ်စရာ ျပတ္လပ္ေနတာေၾကာင့္ သီရိလကၤာနိုင္ငံရဲ႕ လူဦးေရ ၂၂ သန္းဟာ အခုဆိုရင္ တစ္ေန႕ကို ၁၃ နာရီၾကာ ဓါတ္အားျဖတ္ေတာက္ခံရမႈနဲ႕ ႀကဳံေတြ႕ေနက ရတာပါ။
အစိုးရအေနနဲ႕ နိုင္ငံရဲ႕ အက်ပ္အတည္းမွ လြတ္ေျမာက္ဖို႔အတြက္ နည္းလမ္းရွာေနၿပီး လာမယ့္ရက္ေတြအတြင္း ျဖစ္နိုင္ဖြယ္ရာ ေခ်းေငြအစီအစဥ္အတြက္ နိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕(IMF) နဲ႕ သီရိလကၤာ အာဏာပိုင္ေတြ ေတြ႕ဆုံေဆြးႏြေးသြားမွာျဖစ္တယ္လို႔ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ၾကာသပေတးေန႕မွာ ေျပာဆိုခဲ့ပါတယ္။
လက္ရွိမွာေတာ့ လွ်ပ္စစ္ဓါတ္အားကို ေခြၽတာဖို႔အတြက္ အစိုးရဟာ လမ္းမီးေတြကို ပိတ္ထားခဲ့သလို ဒီဇယ္ဆီျပတ္ေတာက္မႈေၾကာင့္ ဓါတ္အားျဖတ္ေတာက္ရမႈေတြ ပိုရွိလာၿပီး အဓိကစေတာ့ေဈးကြက္မွာလည္း အေရာင္းအဝယ္ေတြ ရပ္တန့္သြားတယ္လို႔ စြမ္းအင္ဝန္ႀကီး ပါဗီသရာ ဝမ္နီယာရာ့ခ်ီက သတင္းေထာက္ေတြကို ေျပာဆိုခဲ့ပါတယ္။
#mhtnews
Recent Comments