
နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ (၁၇) ကြိမ်မြောက် အန္တရာယ်ကင်းပရိတ် တရားတော် နာယူခြင်းနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်၊ မွန်းလွဲ ၂ နာရီတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဝန်ထမ်းမိသားစုများက ဥပ္ပါတသန္တိစေတီတော်ဂေါပက အဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည် တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာတော်ကြီးထံမှ ကိုးပါးသီလခံ ယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွား သရဇ္ဈာယ်သည့် မေတ္တာသုတ်ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ လတ်တလောဖြစ်ပွားနေမှုအခြေအနေအရ နေပြည်တော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် အတူ နေထိုင်သည့် အသက် (၇၅) နှစ်နှင့်အထက် သက်ကြီး ဘိုး/ဘွား ၂၅ ဦး တို့ကို ဂါရဝ လက်ဆောင်အဖြစ် အဘိုးတစ်ဦးလျှင် ပုဆိုး ၁ ထည်နှင့် လှူဒါန်းငွေကျပ် ၅၀၀၀၀/- ၊ အဘွား တစ်ဦးလျှင် လုံချည် ၁ ထည်နှင့် လှူဒါန်းငွေကျပ် ၅၀၀၀၀/- တို့ကို သက်ဆိုင်ရာ ဌာနများအလိုက် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံကန်တော့ခဲ့ကြောင်း သိရသည်။

(Zawgyi)
“သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ စုေပါင္းအစည္းအေဝးခန္းမ၌ (၁၇) ႀကိမ္ေျမာက္ အႏၱရာယ္ကင္းပရိတ္ တရားေတာ္ နာယူျခင္းႏွင့္ သက္ႀကီးပူေဇာ္ပြဲက်င္းပ”
ေနျပည္ေတာ္ရွိ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ စုေပါင္းအစည္းအေဝးခန္းမ၌ (၁၇) ႀကိမ္ေျမာက္ အႏၱရာယ္ကင္းပရိတ္ တရားေတာ္ နာယူျခင္းႏွင့္ သက္ႀကီးပူေဇာ္ပြဲအခမ္းအနားကို ၁၃၈၄ ခုႏွစ္၊ ျမန္မာႏွစ္ဆန္း ၁ ရက္၊ မြန္းလြဲ ၂ နာရီတြင္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္၊ တားဆီးေရးဆိုင္ရာ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ က်င္းပရာ အခမ္းအနားသို႔ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကို၊ ဒုတိယဝန္ႀကီး ဦးေအးထြန္းႏွင့္ တာဝန္ရွိပုဂၢိုလ္မ်ား တက္ေရာက္ၾကသည္။
ေရွးဦးစြာ ျပည္ေထာင္စုဝန္ႀကီး အမႉးျပဳေသာ ဝန္ထမ္းမိသားစုမ်ားက ဥပ္ပါတသန္တိစေတီတော်ဂေါပက အဖြဲ႕၏ ဩဝါဒါစရိယ၊ ေနျပည္ ေတာ္၊ ပ်ဥ္းမနားၿမိဳ႕၊ မဂၤလာေဇယ်ဳံ ပါဠိတကၠသိုလ္ ေက်ာင္းတိုက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼ ေဇာတိကဓဇ ဘဒၵႏၱဝိမလဗုဒၶိ ဆရာေတာ္ႀကီးထံမွ ကိုးပါးသီလခံ ယူေဆာက္တည္ၾကၿပီး ဆရာေတာ္ သံဃာေတာ္မ်ား ႐ြတ္ပြား သရဇၩာယ္သည့္ ေမတၱာသုတ္ပရိတ္တရားေတာ္မ်ားႏွင့္ အနႏၱရာယိက ကမၼဝါစာမ်ားကို နာယူၾကည္ညိုၾကသည္။
ထို႔ေနာက္ ျပည္ေထာင္စုဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ားက ဆရာေတာ္ သံဃာေတာ္မ်ားထံ လႉဖြယ္ဝတၳဳ ပစၥည္းမ်ားကို ဆက္ကပ္လႉဒါန္းၾကၿပီး ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕၊ မဂၤလာေဇယ်ဳံပါဠိတကၠသိုလ္ ေက်ာင္းတိုက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၱ ဝိမလဗုဒၶိ ဆရာေတာ္ႀကီးထံမွ အႏုေမာဒနာ တရားနာယူ၍ ေရစက္သြန္းေလာင္း အမွ်ေပးေဝခဲ့ၾကသည္။
ဆက္လက္၍ ကိုဗစ္-၁၉ ေရာဂါ လတ္တေလာျဖစ္ပြားေနမႈအေျခအေနအရ ေနျပည္ေတာ္၊ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနတြင္ တာဝန္ထမ္းေဆာင္လ်က္ရွိေသာ ဝန္ထမ္းမ်ားႏွင့္ အတူ ေနထိုင္သည့္ အသက္ (၇၅) ႏွစ္ႏွင့္အထက္ သက္ႀကီး ဘိုး/ဘြား ၂၅ ဦး တို႔ကို ဂါရဝ လက္ေဆာင္အျဖစ္ အဘိုးတစ္ဦးလွ်င္ ပုဆိုး ၁ ထည္ႏွင့္ လႉဒါန္းေငြက်ပ္ ၅၀၀၀၀/- ၊ အဘြား တစ္ဦးလွ်င္ လုံခ်ည္ ၁ ထည္ႏွင့္ လႉဒါန္းေငြက်ပ္ ၅၀၀၀၀/- တို႔ကို သက္ဆိုင္ရာ ဌာနမ်ားအလိုက္ တာဝန္ရွိသူမ်ားက အိမ္တိုင္ရာေရာက္ လိုက္လံကန္ေတာ့ခဲ့ေၾကာင္း သိရသည္။

Recent Comments