၂၀၂၂ ခုနှစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယာဉ်ရပ်နားကွင်းရှိ ရေကစားမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အတာသင်္ကြန် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ၂၀၂၂ ခုနှစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေကစားမဏ္ဍပ်ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒုတိယဝန်ကြီး ဦးထွန်းအုံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကြွရောက်လာကြသူများ က သပြေခက်ဖြင့် နှစ်သစ်ကူးအတာ ရေစင်ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများက သာဂူ၊ မုန့်လုံးရေ‌ပေါ်၊ ကြာဆံချက်၊ မန်ကျည်းကျောက်ကျော၊ ရွှေရင်အေး၊ ရေခဲမုန့်၊ ကိတ်မုန့်နှင့် မုန့်လက်ဆောင်း စသည့်သင်္ကြန်ရိုးရာ စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံကြပြီး အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများ ယိမ်းအဖွဲ့ကသင်္ကြန်တေးသီချင်းများ၊ ယဉ်ကျေးမှု ယိမ်းအကများ၊ သံချပ်တို့ဖြင့် တပျော်တပါး စုပေါင်းဖျော်ဖြေကြရာ အနုပညာရှင်ဝန်ထမ်း ယိမ်းအဖွဲ့ကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

၂၀၂၂ ခုနှစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်သို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စု ဝန်ကြီး ဦးချစ်နိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

#mhtnews

(Zawgyi)

“သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ဝန္ထမ္းမိသားစုမ်ား၏ ပထမအႀကိမ္ ျမန္မာ့ရိုးရာ မဟာသၾကၤန္ပြဲေတာ္ အခမ္းအနားက်င္းပ”

၂၀၂၂ ခုႏွစ္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ဝန္ထမ္းမိသားစုမ်ား၏ ပထမအႀကိမ္ ျမန္မာ့ရိုးရာ မဟာသၾကၤန္ပြဲေတာ္ အခမ္းအနားကို ယမန္ေန႕နံနက္ ၈ နာရီတြင္ ေနျပည္ေတာ္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ယာဥ္ရပ္နားကြင္းရွိ ေရကစားမ႑ပ္၌ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသည္။

ေရွးဦးစြာ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုက အတာသၾကၤန္ ႏွစ္သစ္ကူးႏႈတ္ခြန္းဆက္စကား ေျပာၾကားသည္။

ထို႔ေနာက္ ၂၀၂၂ ခုႏွစ္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ဝန္ထမ္းမိသားစုမ်ား၏ ပထမအႀကိမ္ ျမန္မာ့ရိုးရာ မဟာသၾကၤန္ ေရကစားမ႑ပ္ကို သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကို၊ ဒုတိယဝန္ႀကီး ဦးေအးထြန္းႏွင့္ ဒုတိယဝန္ႀကီး ဦးထြန္းအုံတို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကၿပီး ႂကြေရာက္လာၾကသူမ်ား က သေျပခက္ျဖင့္ ႏွစ္သစ္ကူးအတာ ေရစင္ပက္ဖ်န္းေပးၾကသည္။

ဆက္လက္၍ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ဝန္ႀကီး႐ုံးႏွင့္ ဦးစီးဌာနမ်ားက သာဂူ၊ မုန႔္လုံးေရေပၚ၊ ၾကာဆံခ်က္၊ မန္က်ည္းေက်ာက္ေက်ာ၊ ေ႐ႊရင္ေအး၊ ေရခဲမုန႔္၊ ကိတ္မုန႔္ႏွင့္ မုန႔္လက္ေဆာင္း စသည့္သၾကၤန္ရိုးရာ စတုဒိသာအေကြၽးအေမြးမ်ားျဖင့္ ဧည့္ခံၾကၿပီး အႏုပညာဦးစီးဌာနမွ အႏုပညာရွင္ဝန္ထမ္းမ်ား ယိမ္းအဖြဲ႕ကသၾကၤန္ေတးသီခ်င္းမ်ား၊ ယဥ္ေက်းမႈ ယိမ္းအကမ်ား၊ သံခ်ပ္တို႔ျဖင့္ တေပ်ာ္တပါး စုေပါင္းေဖ်ာ္ေျဖၾကရာ အႏုပညာရွင္ဝန္ထမ္း ယိမ္းအဖြဲ႕ကို ဂုဏ္ျပဳဆုေငြမ်ား ေပးအပ္ခ်ီးျမႇင့္ၾကသည္။

၂၀၂၂ ခုႏွစ္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ဝန္ထမ္းမိသားစုမ်ား၏ ပထမအႀကိမ္ ျမန္မာ့ရိုးရာ မဟာသၾကၤန္ပြဲေတာ္သို႔ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး ဝန္ႀကီးဌာန (၂) ျပည္ေထာင္စု ဝန္ႀကီး ဦးခ်စ္နိုင္၊ အၿမဲတမ္းအတြင္းဝန္၊ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ ဒုတိယအၿမဲတမ္းအတြင္းဝန္မ်ား၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ အရာထမ္း၊ အမႈထမ္းမ်ား၊ ဝန္ထမ္းမိသားစုမ်ားႏွင့္ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား ပါဝင္ဆင္ႏႊဲၾကေၾကာင္း သိရသည္။

#mhtnews