
အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဆန်နှင့် ဂျုံအိတ်များကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အမှုထမ်း ရပ်ကွက်ရှိ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဆန်သိုလှောင်ရုံ၌ စနစ်တကျ သိုလှောင်ထားရှိမှုနှင့် ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းနေမှုများကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြပြီး တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် သန်လျင်မြို့နယ် သောက်တော်ကွင်းရပ်ကွက်ရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၂၁၉ စုအတွက် ဆန်အိတ် ၂၁၉ အိတ်၊ အုတ်ဖိုစုရပ်ကွက်ရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၂၆၅ စုအတွက် ဆန်အိတ် ၂၆၅ အိတ်နှင့် အမှုထမ်း ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၄၇၁ စုအတွက် ဆန်အိတ် ၄၇၁ အိတ်တို့ကို ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းကြသည်ဟုဆိုသည်။
ထို့ပြင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်များတွင်လည်း အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဆန်နှင့်ဂျုံများကို ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
#mhtnews
=======================
(Zawgyi)
“သန်လျင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အိန္ဒိယအစိုးရက ပေးပို့လှူဒါန်းသည့် ဆန်နှင့် ဂျုံအိတ်များ ပေးအပ်လှူဒါန်း”
#mhtnews
Recent Comments