သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်တွင် အောင်မင်္ဂလာအဝေးပြေးယာဥ်ရပ်နားစခန်းမှ ယာဉ်လိုင်း ၃၆ လိုင်းနှင့် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်လိုင်း ၈၆ လိုင်းပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပိုဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံမှ သိရသည်။

အလားတူ သင်္ကြန်တွင်းကာလတလျှောက်လုံး ပုံမှန်ပြေးဆွဲပေးမည့် ယာဥ်လိုင်းအနေဖြင့် အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ယာဉ်လိုင်း ၂ လိုင်းရှိကာ ဒဂုံဧရာအဝေးပြေးဝန်းတွင် ယာဉ်လိုင်း ၈ လိုင်းရှိကြောင်း သိရသည်။

အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်တွင် ယာဉ်လိုင်းတစ်ချို ပြန်လည်ပြေးဆွဲကြမည်ဖြစ်ပြီး ဧပြီ ၂၀ ရက်တွင် ယာဉ်လိုင်းအားလုံးပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“သင်္ကြန်အကြိုနေ့မှာ အောင်မင်္ဂလာအဝေးပြေးမှ ယာဉ်လိုင်း ၃၆ လိုင်းနှင့် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်လိုင်း ၈၆ လိုင်းပြေးဆွဲမည်”

သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်တွင် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်လိုင်း ၃၆ လိုင်းနှင့် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်လိုင်း ၈၆ လိုင်းပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံမှ သိရသည်။


အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်တွင် ယာဉ်လိုင်းတစ်ချိ့ ပြန်လည်ပြေးဆွဲကြမည်ဖြစ်ပြီး ဧပြီ ၂၀ ရက်တွင် ယာဉ်လိုင်းအားလုံးပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
#mhtnews