မဟာသင်္ကြန်ပိတ်ရက်ကာလဖြစ်သည့် ဧပြီလ ၉ ရက်မှ ၁၇ ရက်အတွင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ပြည်တွင်းပြည်ပ ဘုရားဖူး ၄၀၀၀ ကျော်လာရောက်ဖူးမျှော်ပြီး ပြည်ပခရီးသည် ၂၉ ဦး ဝင်ရောက်ခဲ့ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ဝင်ရောက်မှုအသေးစိတ်မှာ ဧပြီ ၉ ရက်တွင် ပြည်တွင်းဘုရားဖူး ၄၈၁၅ ဦးနှင့် နိုင်ငံခြားသား ၆ ဦး၊ ဧပြီ ၁၀ ရက်တွင် ပြည်တွင်းဘုရားဖူး ၅၃၇၅ ဦးနှင့် နိုင်ငံခြားသား ၁၂ ဦး၊ ဧပြီ ၁၁ ရက်တွင် ပြည်တွင်းဘုရားဖူး ၄၂၁၁ ဦးနှင့် နိုင်ငံခြားသား ၂၉ ဦး၊ ဧပြီ ၁၂ ရက်တွင် ပြည်တွင်းဘုရားဖူး ၄၉၆၆ ဦးနှင့် နိုင်ငံခြားသား ၂၉ဦး၊ ဧပြီ ၁၃ ရက်တွင် ပြည်တွင်းဘုရားဖူး ၆၀၃၅ ဦးနှင့် နိုင်ငံခြားသား ၁၃ ဦး၊ ဧပြီ ၁၄ ရက်တွင် ပြည်တွင်းဘုရားဖူး ၅၂၅၇ ဦးနှင့် နိုင်ငံခြားသား ၁၇ ဦး၊ ဧပြီ ၁၅ ရက်တွင် ပြည်တွင်းဘုရားဖူး ၄၃၉၇ ဦးနှင့် နိုင်ငံခြားသား ၄၂ ဦး၊ ဧပြီ ၁၆ ရက်တွင် ပြည်တွင်းဘုရားဖူး ၅၁၁၇ ဦးနှင့် နိုင်ငံခြားသား ၁၁ ဦး၊ ဧပြီ ၁၇ ရက်တွင် ပြည်တွင်းဘုရားဖူး ၄၇၈၃ ဦးနှင့် နိုင်ငံခြားသား ၁၁ ဦး စုစုပေါင်း ပြည်တွင်းဘုရားဖူးပြည်သူ ၄၄၉၅၆ ဦးနှင့် နိုင်ငံခြားသားခရီးသည် ၁၅၉ တို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လက်ရှိသင်္ကြန်အလွန်ကာလမှာလည်း နေ့စဉ်ဘုရားဖူး ၂၀၀၀ ဝန်းကျင် ခန့်လာရောက်လျက်ရှိကြောင်းနှင့် သင်္ကြန်မတိုင်မီကာလထက် အနည်းငယ်လျော့နည်းသွားကြောင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

#mhtnews

===================

(Zawgyi)

“သင်္ကြန်ပိတ်ရက်ကာလမှာ ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ပြည်တွင်းပြည်ပ ဘုရားဖူး ၄၄၀၀၀ ကျော်နဲ့ ပြည်ပခရီးသည် ၁၅၀ ကျော် ဝင်ရောက်ခဲ့”




#mhtnews