ယခုသင်္ကြန်ပွဲတော်ကာလ နေရပ်ပြန်ပြည်သူတွေအတွက် ယခင်နှစ်များနည်းတူ လမ်းပိုင်းများအားလုံးကို သင်္ကြန်အထူးရထား မပြေးဆွဲပေးနိုင်သေးပေမယ့် ဝန်ထမ်းအများစုနေထိုင်လျှက်ရှိတဲ့ နေပြည်တော်- ရန်ကုန်လမ်းပိုင်းအတွက်ကို သင်္ကြန်အထူးရထား ပြေးဆွဲပေးသွားမှာဖြစ်တယ်လို မြန်မာ့မီးရထားထံမှ သိရပါတယ်။

အဆိုပါ နေပြည်တော်- ရန်ကုန် သင်္ကြန်အထူးရထားဟာ ဧပြီ ၈ ရက်၊ ည ၇ နာရီမှာ နေပြည်တော်ဘူတာဘူတာကြီးကနေ စတင်ထွက်ခွာမှာဖြစ်ပြီး လက်မှတ်နှုန်းထားမှာတော့ ရိုးရိုးတန်းအတွက် ငွေကျပ် ၂၈၀၀၊ အထက်တန်းအတွက် ငွေကျပ် ၅၆၀၀ သတ်မှတ်ပြီး ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။

အလားတူ ရန်ကုန်- နေပြည်တော် သင်္ကြန်အထူးရထားဟာဆိုရင်လည်း ဧပြီ ၁၇ ရက်၊ ည ၇ နာရီမှာ ရန်ကုန်ဘူတာကြီးက စတင်ထွက်ခွာမှာဖြစ်ပြီး လက်မှတ်နှုန်းထားများကတော့ နေပြည်တော်- ရန်ကုန် လက်မှတ်နှုန်းထားအတိုင်း သတ်မှတ်ထားတယ်လို သိရပါတယ်။
#mhtnews