သင်္ကြန်ကာလအတွင်း လမ်းလယ်၌ မော်တော်ယာဉ်စက်ပျက်၍ ရပ်ထားပါက ကရိန်းယာဉ်ဖြင့်ဆွဲယူမည်ဖြစ်ပြီး နိုင်ငံတကာ အလံများတပ်ဆင်မောင်းနှင်ခြင်းမပြုရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲက သတိပေး ကြေညာထားသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်မောင်းသူများ သတိပြုရန်အချက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးအရအဖွဲက အသိပေးကြေညာချက် ထုတ်ပြန်ရာ၌ ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပြီး လမ်းပိတ်ရပ်ထားသဖြင့် ကရိန်းကားဖြင့်ဆွဲရလျှင် ကျသင့်တဲ့ငွေကို ယာဉ်ပိုင်ရှင်က ကျခံရမည်ဖြစ်ကာ ယာဉ်မောင်းကိုလည်း စည်ပင်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“သင်္ကြန်ကာလအတွင်း လမ်းလယ်၌ မော်တော်ယာဉ်စက်ပျက်၍ ရပ်ထားပါက ကရိန်းယာဉ်ဖြင့် ဆွဲယူမည်ဖြစ်ပြီး နိုင်ငံတကာအလံများ တပ်ဆင်မောင်းနှင်ခြင်းမပြုရန် သတိပေး ထုတ်ပြန်”

သင်္ကြန်ကာလအတွင်း လမ်းလယ်၌ မော်တော်ယာဉ်စက်ပျက်၍ ရပ်ထားပါက ကရိန်းယာဉ်ဖြင့်ဆွဲယူမည်ဖြစ်ပြီး နိုင်ငံတကာ အလံများတပ်ဆင်မောင်းနှင်ခြင်းမပြုရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတိပေး ကြေညာထားသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်မောင်းသူများ သတိပြုရန်အချက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးအရအဖွဲ့က အသိပေးကြေညာချက် ထုတ်ပြန်ရာ၌ ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပြီး လမ်းပိတ်ရပ်ထားသဖြင့် ကရိန်းကားဖြင့်ဆွဲရလျှင် ကျသင့်တဲ့ငွေကို ယာဉ်ပိုင်ရှင်က ကျခံရမည်ဖြစ်ကာ ယာဉ်မောင်းကိုလည်း စည်ပင်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။
#mhtnews