
မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ မြို့နယ်အချို့ကို အချိန်ပိုင်းဖြင့်သာ ရေပေးဝေသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ သိရသည်။
ထိုသို့ အချိန်ပိုင်းဖြင့် ရေပေးဝေရာတွင် လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ ဗဟန်းနှင့် ဒဂုံမြို့နယ်တို့အား နံနက် ၈ နာရီမှ ည ၁၁ နာရီအထိနှင့် ညနေ ၃ နာရီမှ ၆ နာရီအထိဟူ၍ နှစ်ကြိမ်ခွဲဝေပေးမည်ဖြစ်ပြီး အလုံ၊ စမ်းချောင်းနှင့် ကြည့်မြင်တို့မြို့နယ်တို့အား နံနက် ၈ နာရီမှ ၁၀ နာရီအထိ နှစ်နာရီကြာ ပေးဝေသွားမည်ဖြစ်သည်။
ကျန်ရှိသည့် ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်၊ တာမွေ၊ ရန်ကင်း၊ မရမ်းကုန်း၊ ကမာရွတ်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပေါက်ကံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံတောင်ပိုင်း၊ ဒဂုံအရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ သင်္ကန်းကျွန်း၊ သာကေတနှင့် ဒေါပုံမြို့နယ်တို့ကို ပုံမှန်အတိုင်း ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့အချိန်ပိုင်းဖြင့် ရေပေးဝေခြင်းကို ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့)မှဧပြီ ၁၆ ရက်(သင်္ကြန်အတက်နေ့)အထိပြုလုပ်သွားမည်ဖြစ်ကာ ဧပြီ ၁၇ ရက်(နှစ်ဆန်း တစ်ရက်နေ့)မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ပေးဝေသွားမည်ဖြစ်သည်။
ထိုသို့ အချိန်ပိုင်းရေပေးဝေစဥ်အတွင်း ရေပိုက်လိုင်းများ အရေးပေါ်ပြင်ဆင်ရန်လိုအပ်ပါက သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ကျ (ရေ/သန့်) ဝန်ထမ်းများထံ အကူအညီတောင်းခံကြောင်းနှင့် အရေးတကြီး အကူအညီလိုအပ်ပါကလည်း ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ဖုန်းနံပါတ် ၀၉ ၅၀၈ ၇၀၆၄၊ ၀၉ ၅၀၅ ၁၉၆၈၊ ၀၉ ၅၁၃ ၃၂၀၂၊ ၀၉ ၅၀၈ ၇၆၇၇ များသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“သၾကၤန္ကာလအတြင္း ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္အခ်ိဳ႕ကို အခ်ိန္ပိုင္းျဖင့္ ေရေပးေဝမည္”
မဟာသၾကၤန္ကာလအတြင္း ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္အခ်ိဳ႕ကို အခ်ိန္ပိုင္းျဖင့္သာ ေရေပးေဝသြားမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္၊အင္ဂ်င္နီယာဌာန(ေရႏွင့္သန့္ရွင္းမႈ)မွ သိရသည္။
ထိုသို႔ အခ်ိန္ပိုင္းျဖင့္ ေရေပးေဝရာတြင္ လမ္းမေတာ္၊ လသာ၊ ေက်ာက္တံတား၊ ပန္းဘဲတန္း၊ ဗဟန္းႏွင့္ ဒဂုံၿမိဳ႕နယ္တို႔အား နံနက္ ၈ နာရီမွ ည ၁၁ နာရီအထိႏွင့္ ညေန ၃ နာရီမွ ၆ နာရီအထိဟူ၍ ႏွစ္ႀကိမ္ခြဲေဝေပးမည္ျဖစ္ၿပီး အလုံ၊ စမ္းေခ်ာင္းႏွင့္ ၾကည့္ျမင္တို႔ၿမိဳ႕နယ္တို႔အား နံနက္ ၈ နာရီမွ ၁၀ နာရီအထိ ႏွစ္နာရီၾကာ ေပးေဝသြားမည္ျဖစ္သည္။
က်န္ရွိသည့္ ဗိုလ္တေထာင္၊ ပုဇြန္ေတာင္၊ မဂၤလာေတာင္ၫႊန့္၊ တာေမြ၊ ရန္ကင္း၊ မရမ္းကုန္း၊ ကမာ႐ြတ္၊ အင္းစိန္၊ မဂၤလာဒုံ၊ လွိုင္၊ လွိုင္သာယာ၊ ေ႐ႊေပါက္ကံ၊ ေျမာက္ဥကၠလာ၊ ေတာင္ဥကၠလာ၊ ဒဂုံေျမာက္ပိုင္း၊ ဒဂုံေတာင္ပိုင္း၊ ဒဂုံအေရွ႕ပိုင္း၊ ဒဂုံဆိပ္ကမ္း၊ သကၤန္းကြၽန္း၊ သာေကတႏွင့္ ေဒါပုံၿမိဳ႕နယ္တို႔ကို ပုံမွန္အတိုင္း ေရေပးေဝသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔အခ်ိန္ပိုင္းျဖင့္ ေရေပးေဝျခင္းကို ဧၿပီ ၁၃ ရက္(သၾကၤန္အႀကိဳေန႕)မွဧၿပီ ၁၆ ရက္(သၾကၤန္အတက္ေန႕)အထိျပဳလုပ္သြားမည္ျဖစ္ကာ ဧၿပီ ၁၇ ရက္(ႏွစ္ဆန္း တစ္ရက္ေန႕)မွစတင္၍ ပုံမွန္အတိုင္း ျပန္လည္ေပးေဝသြားမည္ျဖစ္သည္။
ထိုသို႔ အခ်ိန္ပိုင္းေရေပးေဝစဥ္အတြင္း ေရပိုက္လိုင္းမ်ား အေရးေပၚျပင္ဆင္ရန္လိုအပ္ပါက သက္ဆိုင္ရာၿမိဳ႕နယ္ စည္ပင္သာယာအုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ တာဝန္က် (ေရ/သန့္) ဝန္ထမ္းမ်ားထံ အကူအညီေတာင္းခံေၾကာင္းႏွင့္ အေရးတႀကီး အကူအညီလိုအပ္ပါကလည္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္၊ အင္ဂ်င္နီယာဌာန (ေရႏွင့္ သန့္ရွင္းမႈ) ဖုန္းနံပါတ္ ၀၉ ၅၀၈ ၇၀၆၄၊ ၀၉ ၅၀၅ ၁၉၆၈၊ ၀၉ ၅၁၃ ၃၂၀၂၊ ၀၉ ၅၀၈ ၇၆၇၇ မ်ားသို႔ ဆက္သြယ္အကူအညီ ေတာင္းခံနိုင္ေၾကာင္း သိရသည္။
#mhtnews
Recent Comments