မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးခရီးသွားပြည်သူများ ပုဂံမြို့၊ ညောင်ဦးမြို့တို့တွင် ဖွင့်လှစ်ထားရှိသည့် ဟိုတယ်/မိုတယ်များတွင် တည်းခိုနိုင်ရန် ကြိုတင်ချိတ်ဆက်ထားမှု ၈၀ ရာခိုင်နှုန်းကျော်ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ)မှ သိရသည်။

ညောင်ဦးမြို့နယ်တွင် ခရီးသွားဘုရားဖူးပြည်သူများ အလွယ်တကူသွားရောက် ဖူးမြော်နိုင်ရန် ပြန်ကြားရေးကောင်တာသုံးခု ဖွင့်လှစ်ထားရှိပြီး သွားရောက်လိုသည့်ခရီး စဉ်နေရာဒေသများကို ပြန်ကြားရေးကောင်းတာများတွင် စုံစမ်းနိုင်ပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ)မှ ဝန်ထမ်းများက ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ပုဂံမြို့၊ ညောင်ဦးမြို့တို့တွင် ပြန်လည်ဖွင့်လှစ်ထားသည့် ဟိုတယ်/မိုတယ် ၆၃ လုံးရှိကာ ဧပြီ ၁၂ ရက်နေ့မှ ဧပြီ ၁၇ ရက်နေ့အထိ ကြိုတင်ချိတ်ဆက် တည်းခိုနေထိုင်နိုင်ရေး ဟိုတယ်အားလုံး ပြည့်သွားပြီဖြစ်ကြောင်း၊ ဧပြီ ၈ရက်နေ့မှစတင်ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းခရီးသွားဘုရားဖူးများ လာရောက်မှုများပြားလာပြီး သင်္ကြန်အကြိုကာလများမှပင် ခရီးသွားများ အလွန်များပြားလာခဲ့ခြင်းကြောင့် ဒေသခံဈေးရောင်း/ဈေး ဝယ်များ၊ အီးဗိုက်၊ မီနီအိုဝေ၊ မြင်းလှည်း၊ စက်လှေ၊ ကားအငှားလိုက်သူများ အဆင်ပြေလျက်ရှိနေကြသည်ဟုဆိုသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရင်း၊ ဘုရားဖူးလာရောက်ကြသည့် ပြည်တွင်း/ ပြည်ပဘုရားဖူးများ အဆင်ပြေစေရန် ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ ဖွင့်လှစ်ထားရှိသည့် သတင်းပြန်ကြားရေးကောင်တာသုံးခုနှင့် မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်ပြသသည့် Visiting Myanmar Virtual Reality Tour စင်တာများတွင်လည်း လာရောက်စုံး စမ်းမေးမြန်းသူ များပြားလာခဲ့ကြောင်း သိရသည်။

(Zawgyi)

“သၾကၤန္ကာလ႐ုံးပိတ္ရက္အတြင္း ပုဂံ-ေညာင္ဦး ေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမသို႔ လာေရာက္ လည္ပတ္ၾကမည့္ ခရီးသြားျပည္သူမ်ား ဟိုတယ္/မိုတယ္မ်ားတြင္ ႀကိဳတင္ခ်ိတ္ဆက္မႈ ၈၀ ရာခိုင္ႏႈန္းေက်ာ္ရွိ”

မႏၱေလးတိုင္းေဒသႀကီး၊ ေညာင္ဦးခရိုင္ ပုဂံ-ေညာင္ဦးေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမသို႔ ျမန္မာျပည္အရပ္ရပ္မွ ဘုရားဖူးခရီးသြားျပည္သူမ်ား ပုဂံၿမိဳ႕၊ ေညာင္ဦးၿမိဳ႕တို႔တြင္ ဖြင့္လွစ္ထားရွိသည့္ ဟိုတယ္/မိုတယ္မ်ားတြင္ တည္းခိုနိုင္ရန္ ႀကိဳတင္ခ်ိတ္ဆက္ထားမႈ ၈၀ ရာခိုင္ႏႈန္းေက်ာ္ရွိေနေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားၫႊန္ၾကားမႈဦးစီးဌာန၊ (ပုဂံ႐ုံးခြဲ)မွ သိရသည္။

ေညာင္ဦးၿမိဳ႕နယ္တြင္ ခရီးသြားဘုရားဖူးျပည္သူမ်ား အလြယ္တကူသြားေရာက္ ဖူးေျမာ္နိုင္ရန္ ျပန္ၾကားေရးေကာင္တာသုံးခု ဖြင့္လွစ္ထားရွိၿပီး သြားေရာက္လိုသည့္ခရီး စဥ္ေနရာေဒသမ်ားကို ျပန္ၾကားေရးေကာင္းတာမ်ားတြင္ စုံစမ္းနိုင္ၿပီး ဟိုတယ္ႏွင့္ခရီးသြား ၫႊန္ၾကားမႈဦးစီးဌာန၊ (ပုဂံ႐ုံးခြဲ)မွ ဝန္ထမ္းမ်ားက ဝန္ေဆာင္မႈေပးလ်က္ရွိေၾကာင္း သိရသည္။

ပုဂံၿမိဳ႕၊ ေညာင္ဦးၿမိဳ႕တို႔တြင္ ျပန္လည္ဖြင့္လွစ္ထားသည့္ ဟိုတယ္/မိုတယ္ ၆၃ လုံးရွိကာ ဧၿပီ ၁၂ ရက္ေန႕မွ ဧၿပီ ၁၇ ရက္ေန႕အထိ ႀကိဳတင္ခ်ိတ္ဆက္ တည္းခိုေနထိုင္နိုင္ေရး ဟိုတယ္အားလုံး ျပည့္သြားၿပီျဖစ္ေၾကာင္း၊ ဧၿပီ ၈ရက္ေန႕မွစတင္ၿပီး ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမသို႔ ျပည္တြင္းခရီးသြားဘုရားဖူးမ်ား လာေရာက္မႈမ်ားျပားလာၿပီး သၾကၤန္အႀကိဳကာလမ်ားမွပင္ ခရီးသြားမ်ား အလြန္မ်ားျပားလာခဲ့ျခင္းေၾကာင့္ ေဒသခံေဈးေရာင္း/ေဈး ဝယ္မ်ား၊ အီးဗိုက္၊ မီနီအိုေဝ၊ ျမင္းလွည္း၊ စက္ေလွ၊ ကားအငွားလိုက္သူမ်ား အဆင္ေျပလ်က္ရွိေနၾကသည္ဟုဆိုသည္။

ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမသို႔ ေလ့လာရင္း၊ ဘုရားဖူးလာေရာက္ၾကသည့္ ျပည္တြင္း/ ျပည္ပဘုရားဖူးမ်ား အဆင္ေျပေစရန္ ေရရွည္တည္တံ့ခိုင္ၿမဲေစရန္ႏွင့္ ျပည္တြင္း/ျပည္ပခရီးသြား ဧည့္သည္မ်ား ဟိုတယ္ႏွင့္ခရီးသြားၫႊန္ၾကားမႈဦးစီးဌာန၊ ပုဂံ႐ုံးခြဲမွ ဖြင့္လွစ္ထားရွိသည့္ သတင္းျပန္ၾကားေရးေကာင္တာသုံးခုႏွင့္ ျမန္မာနိုင္ငံတြင္ ပထမဆုံး ဖြင့္လွစ္ျပသသည့္ Visiting Myanmar Virtual Reality Tour စင္တာမ်ားတြင္လည္း လာေရာက္စုံး စမ္းေမးျမန္းသူ မ်ားျပားလာခဲ့ေၾကာင္း သိရသည္။