မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ကပြုလုပ်သည့် မကွေးပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့ စာပေးစားယူ ပထမနှစ်သင်တန်း(၁/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများ ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

အဆိုပါ ကြိုဆိုပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ မကွေးပညာရေးဒီဂရီကောလိပ်တွင် ဖွင့်လှစ်သော ပညာရေးဘွဲ စာပေးစာယူ (ပထမနှစ်) သင်တန်းသည် မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ပညာရေးဘွဲ့ မရရှိသေးသော မူလတန်းကျောင်းအုပ်များနှင့် အလယ်တန်းပြ/အထက်တန်းပြ ဆရာ/ဆရာမများအတွက် ဖွင့်လှစ်ပေးသော သင်တန်းဖြစ်၍ မိမိတို့ မကွေးတိုင်းဒေသကြီးအတွက် မင်္ဂလာရှိသော အခမ်းအနား တစ်ခုဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြောင်းလဲတိုးတက်နေသော ပညာရေးစနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ဆရာ/ ဆရာမများ၏ အရည်အသွေး စဉ်ဆက်မပြတ် ဖွံ့ဖြိုတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး ဆရာ/ဆရာမများ အနေဖြင့်လည်း မိမိကိုယ်ကို ထာဝရကျောင်းသားများအဖြစ်ခံယူ၍ အမြဲမပြတ် လေ့လာ ဆည်းပူးသင်ယူပြီး မိမိတို့၏ အရည်အသွေးများကို မြှင့်တင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တိုးတက်ပြောင်းလဲနေသော ခေတ်စနစ်တိုင်းတွင် ဆရာ/ဆရာမများသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်နေပြီး အသိပညာ၊ အတတ်ပညာများနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် အရည်အချင်းကောင်းများပြည့်ဝနေဖို့ လိုအပ်ကြောင်း၊ သင်တန်းကို တက်ရောက်လာကြသည့် ဆရာ/ဆရာမများအနေဖြင့် သင်တန်းမှ ရရှိလာသည့် ပညာရေးသင်ပြနည်းစနစ်များ၊ ပညာရေးသဘောတရားနှင့် ပညာရေးစိတ်ပညာတို့အပြင် သက်ဆိုင်ရာအထူးပြု ဘာသာရပ်များကို မိမိတိုအတွေ့အကြုံနှင့် ပေါင်းစပ် လေ့လာပြီး (၂၁)ရာစု၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့် အနာဂတ် နိုင်ငံ့သားကောင်းများကို ပြုစုပျိုးထောင် ပေးကြပါရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

အဆိုပါ ပညာရေးဘွဲ စာပေး စာယူပထမနှစ်(၁/၂၀၂၂)သင်တန်းကို ဧပြီလ(၂၀) ရက်နေ့မှ မေလ(၁၈) ရက်နေ့အထိ ဖွင့်လှစ်ပိုချသွားမည်ဖြစ်ကာ တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းပြ ဆရာ/ဆရာမ (၆၀)ဦး၊ အလယ်တန်းပြ ဆရာ/ဆရာမ(၅၂၆)ဦး၊ မူလတန်းကျောင်းအုပ် ဆရာ/ ဆရာမ (၃၆)ဦး၊ နည်းပြ/ သရုပ်ပြ(၁၀)ဦးနှင့် အခြားရုံးဝန်ထမ်း(၂၉)ဦး စုစုပေါင်း(၆၆၁)ဦးတို့ တက်ရောက်လျှက်ရှိကြောင်း သိရသည်။

#mhtnews

==========================

(Zawgyi)

“သက္ဆိုင္ရာ အထူးျပဳဘာသာရပ္မ်ားကို မိမိတို႔အေတြ႕အႀကဳံႏွင့္ ေပါင္းစပ္ေလ့လာၿပီး (၂၁)ရာစု၏ စိန္ေခၚမႈမ်ားကို ရင္ဆိုင္နိုင္မည့္ အနာဂတ္ နိုင္ငံ့သားေကာင္းမ်ားကို ျပဳစုပ်ိဳးေထာင္ ေပးၾကရန္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးတင့္လြင္ တိုက္တြန္းေျပာၾကား”

မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးတင့္လြင္သည္ ယမန္ေန႕ကျပဳလုပ္သည့္ မေကြးပညာေရးဒီဂရီေကာလိပ္ ပညာေရးဘြဲ႕ စာေပးစားယူ ပထမႏွစ္သင္တန္း(၁/၂၀၂၂) သင္တန္းသား၊ သင္တန္းသူမ်ား ႀကိဳဆိုပြဲ အခမ္းအနားသို႔ တက္ေရာက္၍ အမွာစကားေျပာၾကားသည္။

အဆိုပါ ႀကိဳဆိုပြဲအခမ္းအနားတြင္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးတင့္လြင္က ယေန႕ မေကြးပညာေရးဒီဂရီေကာလိပ္တြင္ ဖြင့္လွစ္ေသာ ပညာေရးဘြဲ စာေပးစာယူ (ပထမႏွစ္) သင္တန္းသည္ မိမိတို႔ တိုင္းေဒသႀကီးအတြင္းရွိ ပညာေရးဘြဲ႕ မရရွိေသးေသာ မူလတန္းေက်ာင္းအုပ္မ်ားႏွင့္ အလယ္တန္းျပ/အထက္တန္းျပ ဆရာ/ဆရာမမ်ားအတြက္ ဖြင့္လွစ္ေပးေသာ သင္တန္းျဖစ္၍ မိမိတို႔ မေကြးတိုင္းေဒသႀကီးအတြက္ မဂၤလာရွိေသာ အခမ္းအနား တစ္ခုျဖစ္ေၾကာင္း၊ ပညာေရးဝန္ႀကီးဌာနအေနျဖင့္ ေျပာင္းလဲတိုးတက္ေနေသာ ပညာေရးစနစ္ကို ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္နိုင္ရန္ ဆရာ/ ဆရာမမ်ား၏ အရည္အေသြး စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳတိုးတက္ေရးကို အေလးထား ေဆာင္႐ြက္လ်က္ရွိၿပီး ဆရာ/ဆရာမမ်ား အေနျဖင့္လည္း မိမိကိုယ္ကို ထာဝရေက်ာင္းသားမ်ားအျဖစ္ခံယူ၍ အၿမဲမျပတ္ ေလ့လာ ဆည္းပူးသင္ယူၿပီး မိမိတို႔၏ အရည္အေသြးမ်ားကို ျမႇင့္တင္ေဆာင္႐ြက္ၾကရန္လိုအပ္ေၾကာင္း၊ တိုးတက္ေျပာင္းလဲေနေသာ ေခတ္စနစ္တိုင္းတြင္ ဆရာ/ဆရာမမ်ားသည္ အဓိက အခန္းက႑တြင္ ပါဝင္ေနၿပီး အသိပညာ၊ အတတ္ပညာမ်ားႏွင့္ျပည့္စုံသည့္ လူသားအရင္းအျမစ္မ်ား ေမြးထုတ္ေပးနိုင္ရန္ အရည္အခ်င္းေကာင္းမ်ားျပည့္ဝေနဖို႔ လိုအပ္ေၾကာင္း၊ သင္တန္းကို တက္ေရာက္လာၾကသည့္ ဆရာ/ဆရာမမ်ားအေနျဖင့္ သင္တန္းမွ ရရွိလာသည့္ ပညာေရးသင္ျပနည္းစနစ္မ်ား၊ ပညာေရးသေဘာတရားႏွင့္ ပညာေရးစိတ္ပညာတို႔အျပင္ သက္ဆိုင္ရာအထူးျပဳ ဘာသာရပ္မ်ားကို မိမိတိုအေတြ႕အႀကဳံႏွင့္ ေပါင္းစပ္ ေလ့လာၿပီး (၂၁)ရာစု၏ စိန္ေခၚမႈမ်ားကို ရင္ဆိုင္နိုင္မည့္ အနာဂတ္ နိုင္ငံ့သားေကာင္းမ်ားကို ျပဳစုပ်ိဳးေထာင္ ေပးၾကပါရန္ တိုက္တြန္းလိုေၾကာင္းျဖင့္ ေျပာၾကားခဲ့သည္။

အဆိုပါ ပညာေရးဘြဲ စာေပး စာယူပထမႏွစ္(၁/၂၀၂၂)သင္တန္းကို ဧၿပီလ(၂၀) ရက္ေန႕မွ ေမလ(၁၈) ရက္ေန႕အထိ ဖြင့္လွစ္ပိုခ်သြားမည္ျဖစ္ကာ တိုင္းေဒသႀကီးအတြင္းရွိ အထက္တန္းျပ ဆရာ/ဆရာမ (၆၀)ဦး၊ အလယ္တန္းျပ ဆရာ/ဆရာမ(၅၂၆)ဦး၊ မူလတန္းေက်ာင္းအုပ္ ဆရာ/ ဆရာမ (၃၆)ဦး၊ နည္းျပ/ သ႐ုပ္ျပ(၁၀)ဦးႏွင့္ အျခား႐ုံးဝန္ထမ္း(၂၉)ဦး စုစုေပါင္း(၆၆၁)ဦးတို႔ တက္ေရာက္လွ်က္ရွိေၾကာင္း သိရသည္။

#mhtnews