“စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်အတွင်းက ရွာပေါင်း ရှစ်ရွာကို ဧပြီလ ၂၃ ရက်ညမှာ စစ်တပ်က စစ်ကြောင်းထိုးနေကာ နေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်”ဆိုပြီး ပြည်ပမီဒီယာတစ်ခုဖြစ်တဲ့ RFA က သတင်းဖော်ပြလာတဲ့အချိန်မှာ စစ်ကိုင်းတိုင်းအတွင်း PDF အကြမ်းဖက်အုပ်စုတွေရဲ့ မီးရှို့ဖျက်စီးတိုက်ခိုက်မှုကြောင့် ကျေးရွာ ၃၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် ဘဝပျက်ပြီး ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူပေါင်း သိန်းနဲ့ချီပြီးရှိတယ်လို့ ယင်းမာပင်ဒေသခံတစ်ဦးက MHT ကိုပြောလာပါတယ်။
“သတင်းဖော်ပြတဲ့လူတွေမရှက်ပေမယ့် ကျုပ်တို့လို အတွင်းသိ အချင်းသိ ဒေသခံတွေကတော့ ရှက်တယ်။ စစ်တပ်က PDF တွေ မီးရှို့ခဲ့သမျှရွာတွေကို မီးလိုက်ငြိမ်းပေးနေရတာပဲရှိတယ်။ တချို့ရွာတွေဆိုရင် စစ်တပ်နဲ့အလှမ်းဝေးတော့ PDF တွေက သောင်းကျန်းချင်တိုင်း သောင်းကျန်းပြီး မီးရှို့လို့ ရွာလုံးကျွတ်ကုန်သွားတဲ့ရွာတွေ ကျုပ်သိသလောက် ၃၀ ထက်မနည်းရှိတယ်။ စစ်ကိုင်းတိုင်းတစ်ခုလုံးကိုကြည့်မယ်ဆိုရင် အဲဒီ PDF တွေရဲ့ အကြမ်းဖက်လူသတ်မှုကြောင့် ထွက်ပြေးနေရတဲ့သူ သိန်းနဲ့ချီပြီးရှိတယ်။ အဲဒီအမှန်တရားတွေကို ပြည်ပမီဒီယာတွေက ဖုံးကွယ်ချင်နေကြတာ သိသာလွန်းအားကြီးတယ်။ အဲ့တော့ဗျာ တစ်ခုပဲပြောချင််တယ်။ ဘယ်သူတွေက ရွာတွေကိုမီးရှို့ပြီး ရွာသားတွေကို သတ်ဖြတ်နေသလဲဆိုတာသိချင်ရင် အဲဒီသတင်းဌာနတွေကလူတွေ ကိုယ်တိုင်လာခဲ့ပါလို့၊ သူတို့ရဲ့လုံခြုံရေးနဲ့ပတ်သက်လို့ စစ်တပ်က ဘာမှမလုပ်စေရဘူး တာဝန်ယူတယ်။ PDF ကလုပ်လို့သေရင်တော့ တာဝန်မယူဘူးပေါ့ဗျာ” လို့ ယင်းမာပင်ဒေသမှာနေထိုင်တဲ့ ကိုအောင်ကျော်စိုးက ပြောပါတယ်။
လက်ရှိမှာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကိုင်းဒေသကြီးအတွင်းမှာ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေကြပေမယ့် PDF အကြမ်းဖက်အုပ်စုတွေရဲ့လက်ချက်နဲ့ အရပ်သားပြည်သူတွေ နေ့စဥ်နီးပါး သေဆုံးနေရသလို လုံခြုံရေးတပ်ဖွဲ့နဲ့ အလှမ်းဝေးတဲ့ဒေသတွေမှာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရတာတွေကြောင့် စီးပွားဥစ္စာ ကုန်းကောက်စရာမရှိတော့လောက်အောင် ဘဝပျက်ပြီး အသက်လုထွက်ပြေးနေရသူတွေ ရှိနေဆဲပဲလို့ ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်။
#mhtnews
(Zawgyi)
“ဝန်းသိုမြို့ ရွာပေါင်း ရှစ်ရွာက နေအိမ်တွေ မီးရှို့ခံရတယ်လို့ RFA က သတင်းဖော်ပြလာတဲ့အချိန်မှာ PDF အကြမ်းဖက်အုပ်စုတွေ မီးရှို့ဖျက်ဆီးလိုက်တဲ့ရွာပေါင်း ၃၀ ထက်မနည်းရှိတယ်လို့ ဒေသခံတွေပြောလာ”
#mhtnews
Recent Comments