ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို ဝန်ထမ်းကောင်း တစ်ဦးအနေဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းအကောင်အထည်ဖော်ပေးကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောကြားသည်။

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၄)နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ကေတုမတီခန်းမ၌ ကျင်းပခဲ့ရာ ယင်းအခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက ဝန်ကြီးဌာနအဖွဲ့အစည်း အသီးသီး၏ စီမံခန့်ခွဲအုပ်ချုပ်မှုပိုင်းတွင် အဓိကတာဝန်ထမ်းဆောင်နေပြီး အနာဂတ်တွင် ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် အဆင့်မြင့် အရာရှိကြီးများ၏ အရည်အသွေးများ မြင့်မားထက်မြက်လာပြီး မိမိတို့တာဝန်ယူရသည့် ဝန်ထမ်းအဖွဲ့အစည်းတွင် ဦးဆောင်နိုင်မှု စွမ်းရည်တိုးတက်လာစေရန်နှင့် အနာဂတ်ဝန်ထမ်းအဖွဲ့အစည်းအကြီး အမှူးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် အစိုးရ၏ မူဝါဒများကို လက်တွေ့ အကောင်အထည်ဖော်ပေးနေသည့် အရာရှိကြီးများသည်လည်း ပြည်သူလူထုအတွက် ကောင်းမွန်ထိရောက်သည့် ဝန်ဆောင်မှုများကို သွက်လက်မြန်ဆန်စွာ ဆောင်ရွက်ပေးရန် တာဝန်ရှိကြသူများဖြစ်ကြောင်း၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို ဝန်ထမ်းကောင်း တစ်ဦးအနေဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းအကောင်အထည်ဖော်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၄)သို့ သင်တန်းသား ၁၅ ဦး၊ သင်တန်းသူလေးဦး စုစုပေါင်း ၁၉ ဦးနှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၇) သို့ သင်တန်းသား ၂၄ ဦး၊ သင်တန်းသူ ၁၉ ဦး စုစုပေါင်း ၄၃ ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ဧပြီ ၂၅ ရက်မှ ဇွန် ၁၇ ရက်ထိ ရက်သတ္တရှစ်ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

#mhtnews

================================

(Zawgyi)

ဝန္ထမ္းေကာင္းမွ နိုင္ငံေကာင္းမည္ ဟူေသာ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕၏ ေဆာင္ပုဒ္ႏွင့္အညီ နိုင္ငံေတာ္၏ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္၊ ဦးတည္ခ်က္(၉)ရပ္တို႔ကို ဝန္ထမ္းေကာင္း တစ္ဦးအေနျဖင့္ စြမ္းစြမ္းတမံ ႀကိဳးပမ္းအေကာင္အထည္ေဖာ္ေပးၾကရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ဥကၠ႒ ဦးသန္းေဆြေျပာၾကား”

ဝန္ထမ္းေကာင္းမွ နိုင္ငံေကာင္းမည္ ဟူေသာ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕၏ ေဆာင္ပုဒ္ႏွင့္အညီ နိုင္ငံေတာ္၏ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္၊ ဦးတည္ခ်က္(၉)ရပ္တို႔ကို ဝန္ထမ္းေကာင္း တစ္ဦးအေနျဖင့္ စြမ္းစြမ္းတမံ ႀကိဳးပမ္းအေကာင္အထည္ေဖာ္ေပးၾကရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ဥကၠ႒ ဦးသန္းေဆြက ေျပာၾကားသည္။

ဝန္ထမ္းအဖြဲ႕အစည္း ဒုတိယအႀကီးအမႉး စီမံခန့္ခြဲမႈသင္တန္းအမွတ္စဥ္(၄)ႏွင့္ အဆင့္ျမင့္ အရာထမ္းစီမံခန႔္ခြဲမႈသင္တန္း အမွတ္စဥ္(၁၇) သင္တန္းဖြင့္ပြဲအခမ္းအနားကို ယမန္ေန႕နံနက္ ၉ နာရီတြင္ ဗဟိုဝန္ထမ္းတကၠသိုလ္(ေအာက္ျမန္မာျပည္) ေကတုမတီခန္းမ၌ က်င္းပခဲ့ရာ ယင္းအခမ္းအနားတြင္ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ဥကၠ႒ ဦးသန္းေဆြက ဝန္ႀကီးဌာနအဖြဲ႕အစည္း အသီးသီး၏ စီမံခန့္ခြဲအုပ္ခ်ဳပ္မႈပိုင္းတြင္ အဓိကတာဝန္ထမ္းေဆာင္ေနၿပီး အနာဂတ္တြင္ ပခုံးေျပာင္းတာဝန္ထမ္းေဆာင္ၾကမည့္ အဆင့္ျမင့္ အရာရွိႀကီးမ်ား၏ အရည္အေသြးမ်ား ျမင့္မားထက္ျမက္လာၿပီး မိမိတို႔တာဝန္ယူရသည့္ ဝန္ထမ္းအဖြဲ႕အစည္းတြင္ ဦးေဆာင္နိုင္မႈ စြမ္းရည္တိုးတက္လာေစရန္ႏွင့္ အနာဂတ္ဝန္ထမ္းအဖြဲ႕အစည္းအႀကီး အမႉးေကာင္းမ်ား ေပၚထြက္လာေစရန္ ရည္႐ြယ္ဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ထို႔ေနာက္ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ဥကၠ႒က ျပည္ေထာင္စုရာထူးဝန္အဖြဲ႕အေနျဖင့္ နိုင္ငံ့ဝန္ထမ္းက႑ ျပဳျပင္ေျပာင္းလဲေရးအတြက္ စြမ္းစြမ္းတမံ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ နိုင္ငံေတာ္ အစိုးရ၏ မူဝါဒမ်ားကို လက္ေတြ႕ အေကာင္အထည္ေဖာ္ေပးေနသည့္ အရာရွိႀကီးမ်ားသည္လည္း ျပည္သူလူထုအတြက္ ေကာင္းမြန္ထိေရာက္သည့္ ဝန္ေဆာင္မႈမ်ားကို သြက္လက္ျမန္ဆန္စြာ ေဆာင္႐ြက္ေပးရန္ တာဝန္ရွိၾကသူမ်ားျဖစ္ေၾကာင္း၊ ဝန္ထမ္းေကာင္းမွ နိုင္ငံေကာင္းမည္ ဟူေသာ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕၏ ေဆာင္ပုဒ္ႏွင့္အညီ နိုင္ငံေတာ္၏ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္၊ ဦးတည္ခ်က္(၉)ရပ္တို႔ကို ဝန္ထမ္းေကာင္း တစ္ဦးအေနျဖင့္ စြမ္းစြမ္းတမံ ႀကိဳးပမ္းအေကာင္အထည္ေဖာ္ေပးၾကရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ဝန္ထမ္းအဖြဲ႕အစည္း ဒုတိယအႀကီးအမႉး စီမံခန့္ခြဲမႈသင္တန္းအမွတ္စဥ္(၄)သို႔ သင္တန္းသား ၁၅ ဦး၊ သင္တန္းသူေလးဦး စုစုေပါင္း ၁၉ ဦးႏွင့္ အဆင့္ျမင့္အရာထမ္း စီမံခန႔္ခြဲမႈသင္တန္း အမွတ္စဥ္ (၁၇) သို႔ သင္တန္းသား ၂၄ ဦး၊ သင္တန္းသူ ၁၉ ဦး စုစုေပါင္း ၄၃ ဦး တက္ေရာက္ၾကၿပီး သင္တန္း ကာလမွာ ဧၿပီ ၂၅ ရက္မွ ဇြန္ ၁၇ ရက္ထိ ရက္သတၱရွစ္ပတ္ၾကာ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews