ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နေ ကျော်စိုးထက်(ခ) ကျော်စိုး(ခ) ကျောင်းဆရာ (ဘ)ဦးအောင်အောင်နှင့် ရဲရင့်ထူး(ခ) ရဲကြီး(ဘ) ဦးစန်းထွန်း တို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခဲ့ခြင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉) ရပ်ကွက်အနီးရှိ ရဲကင်းစခန်းအပါအဝင် အများပြည်သူများ သွားလာလျက်ရှိသည့် နေရာများအား လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် လည်းကောင်း၊ အဆိုပါရပ်ကွက်နေ ဌေးသန္တာ(ခ) ဌေးစန္ဒာ(ခ)ဌေးဌေး(ဘ)ဦးဘိုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြမှုများတွင်ပါဝင်ခြင်း၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် ကျော်စိုးထက် (ခ)ကျောင်းဆရာမှ ပေးအပ်သည့် လက်လုပ်မိုင်းများအား လက်ခံသိမ်းဆည်းပေးခြင်းနှင့် အကြမ်းဖက်သင်တန်းတက် ရောက်ရန် ငွေကြေးထောက်ပံ့မှုများကို လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ် တစ်သက်” ပြစ်ဒဏ်ကို အသီးသီးအမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။

အလားတူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ ကျော်သီဟထွန်း (ခ)သီဟ(ဘ) ဦးသိန်းထွန်းသည် ၂၀၂၁ ခုနှစ်၊ မတ် ၁၄ ရက်နှင့် ၁၅ ရက်တွင် အရိုး၊ ဟန်ဦး၊ ဖိုးသင်္ကြန်၊ နွယ်ထွန်း(ခ)လွယ်ထွန်း၊ ကြံ့ကြီး(ခ)ကျော်မိုးထက်၊ ဇော်မျိုးထက်၊ ကိုမင်း၊ အရှည်ကြီး(ခ)ဝတုတ်၊ ထွန်းထွန်းအောင် (ခ)ဘိုထွန်း (ခ)ဂျပန်ကြီး (ခ)ဝင်းနိုင် တို့နှင့်အတူ အမှတ်(၈)ရပ်ကွက်၊ အောင်ရတနာလမ်းနေ ဦးသိန်းဦး(ခ) ဦးမြင့်ဌေးနှင့် ဦးမြသန်း(ခ)စွန်ရဲ (Golden Hand Journal သတင်းထောက်) တို့အား ဒလန်ဟုစွတ်စွဲ၍ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး တာယာကွင်း များပေါ်တင်၍ ဓာတ်ဆီလောင်း၍ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြင့် လူသတ်မှုကျူးလွန်ရာ၌ အားပေးကူညီမှု ပြုခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၂)/၁၁၄ အရ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် ၎င်းအား “အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ်” ပြစ်ဒဏ်ကို အမိန့်ချ မှတ်လိုက်ကြောင်း သိရှိရသည်။

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်းပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက် ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက် ကာထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#mhtnews

(Zawgyi)

“လွိုင္သာယာၿမိဳ႕နယ္အတြင္း အၾကမ္းဖက္ေဖာက္ခြဲတိုက္ခိုက္ခဲ့သူ ၃ ဦးကို ေထာင္ဒဏ္တစ္သက္ ျပစ္ဒဏ္ခ်မွတ္ၿပီး သတင္းေထာက္စြန္ရဲနဲ႕ အျခားသူတစ္ဦးကို တာယာကြင္းေပၚတင္ မီးရွို႔သတ္ျဖတ္ရာမွာ အားေပးကူညီခဲ့သူတစ္ဦးကို ေထာင္ဒဏ္ ႏွစ္ ၂၀ အမိန့္ခ်မွတ္”

ရန္ကုန္တိုင္းေဒသႀကီး၊ လွိုင္သာယာ (အေနာက္ပိုင္း) ၿမိဳ႕နယ္ေန ေက်ာ္စိုးထက္(ခ) ေက်ာ္စိုး(ခ) ေက်ာင္းဆရာ (ဘ)ဦးေအာင္ေအာင္ႏွင့္ ရဲရင့္ထူး(ခ) ရဲႀကီး(ဘ) ဦးစန္းထြန္း တို႔သည္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္း ဆႏၵျပမႈမ်ားတြင္ ပါဝင္ျခင္း၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ နယ္ေျမအတြင္း၌ သင္တန္းတက္ေရာက္ခဲ့ျခင္း၊ လွိုင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၉) ရပ္ကြက္အနီးရွိ ရဲကင္းစခန္းအပါအဝင္ အမ်ားျပည္သူမ်ား သြားလာလ်က္ရွိသည့္ ေနရာမ်ားအား လက္လုပ္မိုင္းမ်ားျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ျခင္းတို႔ေၾကာင့္ လည္းေကာင္း၊ အဆိုပါရပ္ကြက္ေန ေဌးသႏၱာ(ခ) ေဌးစႏၵာ(ခ)ေဌးေဌး(ဘ)ဦးဘိုသည္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္း ဆႏၵျပမႈမ်ားတြင္ပါဝင္ျခင္း၊ လွိုင္သာယာ (အေနာက္ပိုင္း)ၿမိဳ႕နယ္အတြင္း အၾကမ္းဖက္လုပ္ငန္းမ်ားေဆာင္႐ြက္ရန္ ေက်ာ္စိုးထက္ (ခ)ေက်ာင္းဆရာမွ ေပးအပ္သည့္ လက္လုပ္မိုင္းမ်ားအား လက္ခံသိမ္းဆည္းေပးျခင္းႏွင့္ အၾကမ္းဖက္သင္တန္းတက္ ေရာက္ရန္ ေငြေၾကးေထာက္ပံ့မႈမ်ားကို လုပ္ေဆာင္ခဲ့ျခင္းတို႔ေၾကာင့္ လည္းေကာင္း စစ္အုပ္ခ်ဳပ္ေရး(Martial Law) စစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၀(ဈ)ႏွင့္ ၅၀(ည)တို႔အရ ၂၀၂၂ ခုႏွစ္၊ ဧၿပီ ၂၂ ရက္တြင္ ၎တို႔အား ေထာင္ဒဏ္ တစ္သက္ ျပစ္ဒဏ္ကို အသီးသီးအမိန႔္ ခ်မွတ္လိုက္ေၾကာင္း သိရွိရသည္။

အလားတူ လွိုင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္ေန ေက်ာ္သီဟထြန္း (ခ)သီဟ(ဘ) ဦးသိန္းထြန္းသည္ ၂၀၂၁ ခုႏွစ္၊ မတ္ ၁၄ ရက္ႏွင့္ ၁၅ ရက္တြင္ အရိုး၊ ဟန္ဦး၊ ဖိုးသၾကၤန္၊ ႏြယ္ထြန္း(ခ)လြယ္ထြန္း၊ ႀကံ့ႀကီး(ခ)ေက်ာ္မိုးထက္၊ ေဇာ္မ်ိဳးထက္၊ ကိုမင္း၊ အရွည္ႀကီး(ခ)ဝတုတ္၊ ထြန္းထြန္းေအာင္ (ခ)ဘိုထြန္း (ခ)ဂ်ပန္ႀကီး (ခ)ဝင္းနိုင္ တို႔ႏွင့္အတူ အမွတ္(၈)ရပ္ကြက္၊ ေအာင္ရတနာလမ္းေန ဦးသိန္းဦး(ခ) ဦးျမင့္ေဌးႏွင့္ ဦးျမသန္း(ခ)စြန္ရဲ (Golden Hand Journal သတင္းေထာက္) တို႔အား ဒလန္ဟုစြတ္စြဲ၍ ဝိုင္းဝန္းရိုက္ႏွက္ခဲ့ၾကၿပီး တာယာကြင္း မ်ားေပၚတင္၍ ဓာတ္ဆီေလာင္း၍ မီးရွို႔သတ္ျဖတ္ခဲ့ျခင္းျဖင့္ လူသတ္မႈက်ဴးလြန္ရာ၌ အားေပးကူညီမႈ ျပဳခဲ့သည့္အတြက္ စစ္အုပ္ခ်ဳပ္ေရး (Martial Law) စစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၂(၂)/၁၁၄ အရ ၂၀၂၂ ခုႏွစ္၊ ဧၿပီ ၂၂ ရက္တြင္ ၎အား အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၂၀ ႏွစ္ ျပစ္ဒဏ္ကို အမိန႔္ခ် မွတ္လိုက္ေၾကာင္း သိရွိရသည္။

စစ္အုပ္ခ်ဳပ္ေရးအမိန႔္ထုတ္ျပန္ေၾကညာထားသည့္ ၿမိဳ႕နယ္မ်ားအတြင္း စစ္ခုံ႐ုံးျဖင့္ စစ္ေဆးမည့္ ျပစ္မႈဆိုင္ရာ ၂၃ မ်ိဳးကိုလည္းပူးတြဲထုတ္ျပန္ထားေၾကာင္းႏွင့္ အဆိုပါျပစ္မႈမ်ားကို ေဖာက္ဖ်က္ က်ဴးလြန္ပါက စစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးမႈမ်ားေဆာင္႐ြက္ ကာထိထိေရာက္ေရာက္ ျမန္ျမန္ဆန္ဆန္ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

#mhtnews