
လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍအတွက် ပြည်တွင်းထုတ်လုပ်မှုကို တာဝန်ခံဝန်ကြီးဌာနအနေဖြင့် ထိန်းကျောင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ပြောကြားသည်။
ယမန်နေ့ကပြုလုပ်သည့် လျှပ်စစ်ကားများ ထုတ်လုပ်ပြေးဆွဲနိုင်ရေးနှင့် စပ်လျဉ်းသည့်မူဝါဒဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက “Public Transportation အတွက် ခရီးတို မြို့တွင်းပြေးဆွဲသည့် လျှပ်စစ်ယာဉ်များ၊ လျှပ်စစ်ဘတ်စ်ကားများ တင်သွင်းထုတ်လုပ်အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ ဆောင်ရွက်ရန်” ညွှန်ကြားချက်များအရ စက်မှုဝန်ကြီးဌာနအနေဖြင့် ထုတ်ပြန်ထားသည့် မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒပါလုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေရသဖြင့် လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍအတွက် ပြည်တွင်းထုတ်လုပ်မှုကို တာဝန်ခံဝန်ကြီးဌာနအနေဖြင့် ထိန်းကျောင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လျှပ်စစ်မော်တော်ယာဉ်တင်သွင်း၊ ထုတ်လုပ်မှုနှင့်ပတ်သက်ပြီး ချမှတ်ထားသော တိကျသည့် မူဝါဒတစ်ခုရှိရန် အမှန်ပင်လိုအပ်နေပြီဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် လူထုသယ်ယူပို့ဆောင်ရေး အတွက် YBS ယာဉ်လိုင်းများ ပြေးဆွဲနေသည့် ကုမ္ပဏီတစ်ခုက နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လူထုသယ်ယူပို့ဆောင်ရေးကို လျှပ်စစ်ဘတ်စ်ကားများဖြင့် ပြောင်းလဲပြေးဆွဲရန် အဆိုပြုလာသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခဲ့ရာ လိုအပ်သည့်မူဝါဒများ ချမှတ်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်လမ်းညွှန်ခဲ့ကြောင်းဖြင့်လည်း ပြောကြားသည်။
သို့ဖြစ်သဖြင့် Action Plan နှင့်အတူ တိကျသည့် ညွှန်ကြားချက်၊ မူဝါဒများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြတ်သားစွာ ထည့်သွင်းဖော်ပြရန်လိုကြောင်း၊ လျှပ်စစ်မော်တော်ယာဉ်လုပ်ငန်းတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် Action Plan တစ်ခုဖြစ်ရန် လိုအပ်သောကြောင့် နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကိုလည်းလေ့လာပြီး လိုအပ်ပါကကိုးကား၍ ထည့်သွင်း အသုံးပြုသင့်ပါက လက်ခံကျင့်သုံးရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
#mhtnews
=======================
(Zawgyi)
“လွ်ပ္စစ္ေမာ္ေတာ္ယာဥ္က႑အတြက္ ျပည္တြင္းထုတ္လုပ္မႈကို တာဝန္ခံဝန္ႀကီးဌာနအေနျဖင့္ ထိန္းေက်ာင္း ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္း ေျပာၾကား”
လွ်ပ္စစ္ေမာ္ေတာ္ယာဥ္က႑အတြက္ ျပည္တြင္းထုတ္လုပ္မႈကို တာဝန္ခံဝန္ႀကီးဌာနအေနျဖင့္ ထိန္းေက်ာင္း ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္း က ေျပာၾကားသည္။
ယမန္ေန႕ကျပဳလုပ္သည့္ လွ်ပ္စစ္ကားမ်ား ထုတ္လုပ္ေျပးဆြဲနိုင္ေရးႏွင့္ စပ္လ်ဥ္းသည့္မူဝါဒဆိုင္ရာ ညွိႏွိုင္းအစည္းအေဝး၌ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္း က နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက Public Transportation အတြက္ ခရီးတို ၿမိဳ႕တြင္းေျပးဆြဲသည့္ လွ်ပ္စစ္ယာဥ္မ်ား၊ လွ်ပ္စစ္ဘတ္စ္ကားမ်ား တင္သြင္းထုတ္လုပ္အသုံးျပဳနိုင္ေရးအတြက္ ျပည္တြင္း၊ ျပည္ပ ရင္းႏွီးျမႇုပ္ႏွံမႈမ်ားဖိတ္ေခၚ၍ ေဆာင္႐ြက္ရန္ ၫႊန္ၾကားခ်က္မ်ားအရ စက္မႈဝန္ႀကီးဌာနအေနျဖင့္ ထုတ္ျပန္ထားသည့္ ေမာ္ေတာ္ယာဥ္လုပ္ငန္းဆိုင္ရာ မူဝါဒပါလုပ္ငန္းရပ္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနရသျဖင့္ လွ်ပ္စစ္ေမာ္ေတာ္ယာဥ္က႑အတြက္ ျပည္တြင္းထုတ္လုပ္မႈကို တာဝန္ခံဝန္ႀကီးဌာနအေနျဖင့္ ထိန္းေက်ာင္း ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ေျပာၾကားျခင္းျဖစ္သည္။
ဆက္လက္၍ ျပည္ေထာင္စုဝန္ႀကီးက ျမန္မာနိုင္ငံအေနျဖင့္ လွ်ပ္စစ္ေမာ္ေတာ္ယာဥ္က႑ ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ လွ်ပ္စစ္ေမာ္ေတာ္ယာဥ္တင္သြင္း၊ ထုတ္လုပ္မႈႏွင့္ပတ္သက္ၿပီး ခ်မွတ္ထားေသာ တိက်သည့္ မူဝါဒတစ္ခုရွိရန္ အမွန္ပင္လိုအပ္ေနၿပီျဖစ္ေၾကာင္း၊ ရန္ကုန္ၿမိဳ႕တြင္ လူထုသယ္ယူပို႔ေဆာင္ေရး အတြက္ YBS ယာဥ္လိုင္းမ်ား ေျပးဆြဲေနသည့္ ကုမၸဏီတစ္ခုက ေနျပည္ေတာ္၊ ရန္ကုန္ႏွင့္ မႏၱေလးၿမိဳ႕တို႔တြင္ လူထုသယ္ယူပို႔ေဆာင္ေရးကို လွ်ပ္စစ္ဘတ္စ္ကားမ်ားျဖင့္ ေျပာင္းလဲေျပးဆြဲရန္ အဆိုျပဳလာသျဖင့္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသို႔ တင္ျပခဲ့ရာ လိုအပ္သည့္မူဝါဒမ်ား ခ်မွတ္နိုင္ေရးအတြက္ လုပ္ထုံးလုပ္နည္းႏွင့္အညီ ဆက္လက္ေဆာင္႐ြက္ရန္လမ္းၫႊန္ခဲ့ေၾကာင္းျဖင့္လည္း ေျပာၾကားသည္။
သို႔ျဖစ္သျဖင့္ Action Plan ႏွင့္အတူ တိက်သည့္ ၫႊန္ၾကားခ်က္၊ မူဝါဒမ်ားႏွင့္ ေရွ႕ဆက္လက္ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ားကို ရွင္းလင္းျပတ္သားစြာ ထည့္သြင္းေဖာ္ျပရန္လိုေၾကာင္း၊ လွ်ပ္စစ္ေမာ္ေတာ္ယာဥ္လုပ္ငန္းတစ္ခုလုံးကို လႊမ္းၿခဳံနိုင္သည့္ Action Plan တစ္ခုျဖစ္ရန္ လိုအပ္ေသာေၾကာင့္ နိုင္ငံတကာတြင္ ေဆာင္႐ြက္ေနသည့္ လုပ္ငန္းစဥ္မ်ားကိုလည္းေလ့လာၿပီး လိုအပ္ပါကကိုးကား၍ ထည့္သြင္း အသုံးျပဳသင့္ပါက လက္ခံက်င့္သုံးရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
#mhtnews
Recent Comments