KNU/KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားပြီး NCA ကို ဖျက်ဆီးစေလိုသည့် ခေါင်းဆောင်တစ်ချို့ပါဝင်သောအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် လေးကေ့ကော်မြို့သစ်၊ အမှတ်(၆) ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၌လည်းကောင်း၊ ဒေသအခေါ် တြိဂံကုန်း၊ လင်းယုန်ကုန်းနှင့် ရသေ့ဂူကျေးရွာတို့၌လည်းကောင်း ပြည်သူလူထုကို အကာအကွယ်ရယူ၍ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန် စုဖွဲ့နေထိုင်လျက်ရှိကြောင်း အမှတ် (၆) ရပ်ကွက်နေ ပြည်သူတစ်ဦး၏ ပြောကြားမှုကြောင့် သိရှိခဲ့ရပြီး တပ်မတော်စစ်ကြောင်းများအနေဖြင့် ဧပြီလ ၁၀ ရက်တွင် လေးကေ့ကော်မြို့သစ်အတွင်း လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန် သွားရောက်စဉ် KNU/KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားပြီး NCA ကို ဖျက်ဆီးစေလိုသည့် ခေါင်းဆောင်တစ်ချို့ ပါဝင်သောအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များက အမှတ် (၆) ရပ်ကွက်အတွင်းရှိ လူနေအိမ်များကို အကာအကွယ်ရယူကာ ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုသို့ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် ထုတ်ပြန်ထားသည့် Rule of Engagement အတိုင်း ROE နှင့်အညီ လိုအပ်သည့်အင်အား ထပ်မံဖြည့်တင်းပြီး လေကြောင်းပစ်ကူ ရယူ၍ ရန်သူပစ်မှတ်နှင့် ရန်သူ့နေရာများအား ချေမှုန်းတိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများသည် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

တပ်မတော်စစ်ကြောင်းများက လေးကေ့ကော် မြို့သစ်အတွင်း အသေးစိတ်စစ်ဆေးခဲ့ရာ အကြမ်းဖက်အဖွဲ့များ နေထိုင်ခဲ့သည့် နေရာများ၊ ပစ်ကျင်းများ၊ ဆက်သွယ် ရေးမြောင်းများ၊ ထိခိုက်ဒဏ်ရာရရှိသည့်အကြမ်းဖက် သမားများအား ဆေးဝါးကုသပေးခဲ့သည့်နေရာများနှင့် ပြည်သူများ၏နေအိမ်ကို အကာအကွယ်ရယူ၍ ပစ်ခတ်ခဲ့သည့်နေရာများအား စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး NCA ပါသဘော တူညီချက်များကိုလည်း အလေးထား လိုက်နာဆောင်ရွက်လျက်ရှိသော်လည်း အချို့လက်နက်ကိုင် အဖွဲ့များအနေဖြင့် NCA သဘောတူညီချက်များအပေါ် ကျူးလွန်ဖောက်ဖျက်လျက်ရှိသည့်အပြင် ထာဝရငြိမ်းချမ်းရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးတို့ကို ပျက်ပြားစေရန် ဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေးပြယုဂ်တစ်ခုဖြစ်သော လေးကေ့ကော်မြို့သစ်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

#mhtnews

(Zawgyi)

“ေလးေက့ေကာ္ၿမိဳ႕သစ္အတြင္း PDF အမည္ခံ အၾကမ္းဖက္ပူးေပါင္းအဖြဲ႕မ်ား ခိုေအာင္းေနထိုင္လ်က္ရွိ သျဖင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားက သြားေရာက္၍ လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္”

KNU/KNLA အဖြဲ႕မွ အၾကမ္းဖက္မႈကိုလိုလားၿပီး NCA ကို ဖ်က္ဆီးေစလိုသည့္ ေခါင္းေဆာင္တစ္ခ်ိဳ႕ပါဝင္ေသာအဖြဲ႕ႏွင့္ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕မ်ားသည္ ေလးေက့ေကာ္ၿမိဳ႕သစ္၊ အမွတ္(၆) ရပ္ကြက္အတြင္းရွိ လူေနအိမ္မ်ား၌လည္းေကာင္း၊ ေဒသအေခၚ ႀတိဂံကုန္း၊ လင္းယုန္ကုန္းႏွင့္ ရေသ့ဂူေက်း႐ြာတို႔၌လည္းေကာင္း ျပည္သူလူထုကို အကာအကြယ္ရယူ၍ အၾကမ္းဖက္လုပ္ရပ္မ်ားေဆာင္႐ြက္ရန္ စုဖြဲ႕ေနထိုင္လ်က္ရွိေၾကာင္း အမွတ္ (၆) ရပ္ကြက္ေန ျပည္သူတစ္ဦး၏ ေျပာၾကားမႈေၾကာင့္ သိရွိခဲ့ရၿပီး တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ ဧၿပီလ ၁၀ ရက္တြင္ ေလးေက့ေကာ္ၿမိဳ႕သစ္အတြင္း လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္ သြားေရာက္စဥ္ KNU/KNLA အဖြဲ႕မွ အၾကမ္းဖက္မႈကိုလိုလားၿပီး NCA ကို ဖ်က္ဆီးေစလိုသည့္ ေခါင္းေဆာင္တစ္ခ်ိဳ႕ ပါဝင္ေသာအဖြဲ႕ႏွင့္ PDF အမည္ခံအၾကမ္းဖက္ အဖြဲ႕မ်ားက အမွတ္ (၆) ရပ္ကြက္အတြင္းရွိ လူေနအိမ္မ်ားကို အကာအကြယ္ရယူကာ ေခ်ာင္းေျမာင္း ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ထိုသို႔ ေခ်ာင္းေျမာင္းပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ တပ္မေတာ္မွ အရာရွိ၊ စစ္သည္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

တပ္မေတာ္အေနျဖင့္ ထုတ္ျပန္ထားသည့္ Rule of Engagement အတိုင္း ROE ႏွင့္အညီ လိုအပ္သည့္အင္အား ထပ္မံျဖည့္တင္းၿပီး ေလေၾကာင္းပစ္ကူ ရယူ၍ ရန္သူပစ္မွတ္ႏွင့္ ရန္သူ႕ေနရာမ်ားအား ေခ်မႈန္းတိုက္ခိုက္ခဲ့ရာ ေသာင္းက်န္းသူမ်ားသည္ ဖရိုဖရဲဆုတ္ခြာ ထြက္ေျပးသြားခဲ့သည္။

တပ္မေတာ္စစ္ေၾကာင္းမ်ားက ေလးေက့ေကာ္ ၿမိဳ႕သစ္အတြင္း အေသးစိတ္စစ္ေဆးခဲ့ရာ အၾကမ္းဖက္အဖြဲ႕မ်ား ေနထိုင္ခဲ့သည့္ ေနရာမ်ား၊ ပစ္က်င္းမ်ား၊ ဆက္သြယ္ ေရးေျမာင္းမ်ား၊ ထိခိုက္ဒဏ္ရာရရွိသည့္အၾကမ္းဖက္ သမားမ်ားအား ေဆးဝါးကုသေပးခဲ့သည့္ေနရာမ်ားႏွင့္ ျပည္သူမ်ား၏ေနအိမ္ကို အကာအကြယ္ရယူ၍ ပစ္ခတ္ခဲ့သည့္ေနရာမ်ားအား စစ္ေဆးေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။

တပ္မေတာ္အေနျဖင့္ ထာဝရၿငိမ္းခ်မ္းေရးရရွိေစရန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိၿပီး NCA ပါသေဘာ တူညီခ်က္မ်ားကိုလည္း အေလးထား လိုက္နာေဆာင္႐ြက္လ်က္ရွိေသာ္လည္း အခ်ိဳ႕လက္နက္ကိုင္ အဖြဲ႕မ်ားအေနျဖင့္ NCA သေဘာတူညီခ်က္မ်ားအေပၚ က်ဴးလြန္ေဖာက္ဖ်က္လ်က္ရွိသည့္အျပင္ ထာဝရၿငိမ္းခ်မ္းေရးႏွင့္ ေဒသတည္ၿငိမ္ေအးခ်မ္းေရးတို႔ကို ပ်က္ျပားေစရန္ ေဆာင္႐ြက္လ်က္ရွိရာ ၿငိမ္းခ်မ္းေရးျပယုဂ္တစ္ခုျဖစ္ေသာ ေလးေက့ေကာ္ၿမိဳ႕သစ္အတြင္း တည္ၿငိမ္ေအးခ်မ္းေရးအတြက္ တပ္မေတာ္အေနျဖင့္ လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရွိရသည္။

#mhtnews