ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ရှိ ပြည်သူများအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားချိန်မှစ၍ ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ရာမှ အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးများကို ပြောင်းလဲအသုံးပြုလျက်ရှိကြောင်း သိရသည်။

ဧပြီ ၂၈ ရက်တွင် ပုံမှန် ဓာတ်ဆီဈေးနှုန်းမှာ တစ်လီတာလျှင် ရီရယ် ၅,၁၅၀ (အမေရိကန်ဒေါ်လာ ၁.၂၇) ရှိကြောင်း၊ ဒီဇယ်ဈေးနှုန်းမှာမူ ရီရယ် ၅,၅၀၀ (အမေရိကန်ဒေါ်လာ ၁.၃၆) ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရေနံဈေးနှုန်းစာရင်းအရ သိရသည်။

ပုံမှန် ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများမှာ ဖေဖော်ဝါရီလလယ်ပိုင်းက ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ၉.၅ ရာခိုင်နှုန်းနှင့် ၂၃.၅ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း ကိန်းဂဏန်းများက ညွှန်ပြထားကြောင်း သိရသည်။

ဖနွမ်းပင်မြို့ ဘတ်စ်ကား အာဏာပိုင်အဖွဲ့မှ ယာဉ်မောင်းတစ်ဦးဖြစ်သူ အသက် ၄၉ နှစ်အရွယ် Suon Sam Ath က ခရီးသွားလာသူ အထူးသဖြင့် ကျောင်းသူ၊ ကျောင်းသားများက တစ်ကိုယ်ရေ လောင်စာဆီကုန်ကျစရိတ် သက်သာစေရန် အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေး ဘတ်စ်ကားဝန်ဆောင်မှုများကို ပြောင်းလဲအသုံးပြုလျက်ရှိကြောင်း ပြောပြခဲ့သည်။

“ခရီးစဉ်တစ်ခုစီတိုင်းမှာ ပုံမှန်အချိန်နဲ့ အလုပ်သွား၊ အလုပ်ပြန်အချိန်တွေပေါ်မူတည်ပြီးတော့ ခရီးသည် ၃၀ နဲ့ အထက်လောက်မှာရှိတယ်။ စီးနင်းမှုအရေအတွက် သိသိသာသာ များလာတဲ့သဘောပေါ့။ အရင်ကတော့ တစ်ခါတလေ ခရီးသည်တစ်ဦး ဒါမှမဟုတ် တစ်ခါတစ်ရံဆိုရင် ခရီးသည်တစ်ယောက်မှတောင် မပါလာဘူး” ဟု ဆိုသည်။

မြို့တော် ဘတ်စ်ကားဝန်ဆောင်မှုအား ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်နှစ်နီးပါးကြာ ရပ်နားထားပြီးနောက် ယမန်နှစ် နိုဝင်ဘာလမှစ၍ ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ခရီးသည်များအတွက် ဝန်ဆောင်မှုပေးနေသော မြို့တော်ဘတ်စ်ကားများ၌ ၂၀၁၇ ခုနှစ် ဇူလိုင်လက ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်နိုင်ငံ အစိုးရက လှူဒါန်းထားသည့် Yutong “smart” ဘတ်စ်ကား ၉၈ စီး ပါဝင်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ေလာင္စာဆီေဈးႏႈန္းမ်ား ျမင့္တက္ျခင္းေၾကာင့္ ကေမၻာဒီးယားၿမိဳ႕ေတာ္ရွိ ျပည္သူမ်ား အမ်ားသုံးသယ္ယူပို႔ေဆာင္ေရး (ဘတ္စ္ကား)ကို အသုံးျပဳလွ်က္ရွိ”

ကေမၻာဒီးယားနိုင္ငံ ၿမိဳ႕ေတာ္ရွိ ျပည္သူမ်ားအေနျဖင့္ ႐ုရွား-ယူကရိန္း ပဋိပကၡျဖစ္ပြားခ်ိန္မွစ၍ ေရနံေဈးႏႈန္းမ်ား ျမင့္တက္လာခဲ့ရာမွ အမ်ားျပည္သူဆိုင္ရာ သယ္ယူပို႔ေဆာင္ေရးမ်ားကို ေျပာင္းလဲအသုံးျပဳလ်က္ရွိေၾကာင္း သိရသည္။

ဧၿပီ ၂၈ ရက္တြင္ ပုံမွန္ ဓာတ္ဆီေဈးႏႈန္းမွာ တစ္လီတာလွ်င္ ရီရယ္ ၅,၁၅၀ (အေမရိကန္ေဒၚလာ ၁.၂၇) ရွိေၾကာင္း၊ ဒီဇယ္ေဈးႏႈန္းမွာမူ ရီရယ္ ၅,၅၀၀ (အေမရိကန္ေဒၚလာ ၁.၃၆) ရွိေၾကာင္း ကေမၻာဒီးယားနိုင္ငံ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ ေရနံေဈးႏႈန္းစာရင္းအရ သိရသည္။

ပုံမွန္ ဓာတ္ဆီႏွင့္ ဒီဇယ္ေဈးႏႈန္းမ်ားမွာ ေဖေဖာ္ဝါရီလလယ္ပိုင္းက ေဈးႏႈန္းမ်ားႏွင့္ ႏွိုင္းယွဥ္ပါက ၉.၅ ရာခိုင္ႏႈန္းႏွင့္ ၂၃.၅ ရာခိုင္ႏႈန္း အသီးသီး ျမင့္တက္ခဲ့ေၾကာင္း ကိန္းဂဏန္းမ်ားက ၫႊန္ျပထားေၾကာင္း သိရသည္။

ဖႏြမ္းပင္ၿမိဳ႕ ဘတ္စ္ကား အာဏာပိုင္အဖြဲ႕မွ ယာဥ္ေမာင္းတစ္ဦးျဖစ္သူ အသက္ ၄၉ ႏွစ္အ႐ြယ္ Suon Sam Ath က ခရီးသြားလာသူ အထူးသျဖင့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားက တစ္ကိုယ္ေရ ေလာင္စာဆီကုန္က်စရိတ္ သက္သာေစရန္ အမ်ားျပည္သူဆိုင္ရာ သယ္ယူပို႔ေဆာင္ေရး ဘတ္စ္ကားဝန္ေဆာင္မႈမ်ားကို ေျပာင္းလဲအသုံးျပဳလ်က္ရွိေၾကာင္း ေျပာျပခဲ့သည္။

ခရီးစဥ္တစ္ခုစီတိုင္းမွာ ပုံမွန္အခ်ိန္နဲ႕ အလုပ္သြား၊ အလုပ္ျပန္အခ်ိန္ေတြေပၚမူတည္ၿပီးေတာ့ ခရီးသည္ ၃၀ နဲ႕ အထက္ေလာက္မွာရွိတယ္။ စီးနင္းမႈအေရအတြက္ သိသိသာသာ မ်ားလာတဲ့သေဘာေပါ့။ အရင္ကေတာ့ တစ္ခါတေလ ခရီးသည္တစ္ဦး ဒါမွမဟုတ္ တစ္ခါတစ္ရံဆိုရင္ ခရီးသည္တစ္ေယာက္မွေတာင္ မပါလာဘူး ဟု ဆိုသည္။

ၿမိဳ႕ေတာ္ ဘတ္စ္ကားဝန္ေဆာင္မႈအား ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ႏွစ္ႏွစ္နီးပါးၾကာ ရပ္နားထားၿပီးေနာက္ ယမန္ႏွစ္ နိုဝင္ဘာလမွစ၍ ျပန္လည္ေျပးဆြဲခဲ့ျခင္းျဖစ္သည္။ ခရီးသည္မ်ားအတြက္ ဝန္ေဆာင္မႈေပးေနေသာ ၿမိဳ႕ေတာ္ဘတ္စ္ကားမ်ား၌ ၂၀၁၇ ခုႏွစ္ ဇူလိုင္လက ကေမၻာဒီးယားနိုင္ငံသို႔ တ႐ုတ္နိုင္ငံ အစိုးရက လႉဒါန္းထားသည့္ Yutong “smart” ဘတ္စ္ကား ၉၈ စီး ပါဝင္ေၾကာင္း သိရသည္။

#mhtnews