
မြန်မာနိုင်ငံတွင် ရေမြေတောတောင် သဘာဝအရ ပြည့်ဖြိုးမြဲစွမ်းအင်များ ပေါများ သည့်အတွက် ပြည်ပနည်းပညာအကူအညီများရယူ၍ ရေတို/ ရေရှည်စီမံကိန်းများပြီးစီးပါက ပြည်တွင်းတွင် သဘာဝဓာတ်ငွေ့နှင့် လောင်စာဆီပြတ်လပ်မှု အခက်အခဲများ ရှိလာတော့မည်မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြည်ပမီဒီယာများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက UNFCC ၏ ဆုံးဖြတ်ချက်နှင့် ပါရီသဘောတူညီချက်နှင့်အညီ မြန်မာနိုင်ငံသည် အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် NDC တွင် နိုင်ငံ၏စွမ်းဆောင်ရည်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်အရ နိုင်ငံတကာအထောက်အပံ့များရရှိပါက ဆောင်ရွက်မည့်ရည်မှန်းချက် (၂) ရပ်ဖြင့် စုစုပေါင်း နိုင်ငံတွင်း ဓာတ်ငွေ့ထုတ်လုပ်မှု လျှော့ချရေးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ရည်မှန်းချက်အနေဖြင့် BAU ပမာဏမှ ၂၀၃၀ ခုနှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် တန် ၁၀၅ ဒသမ ၂၄ သန်း လျှော့ချသွားမည်ဖြစ်ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတွင် ရေမြေတောတောင် သဘာဝအရ ပြည့်ဖြိုးမြဲစွမ်းအင်များ ပေါများ သည့်အတွက် ပြည်ပနည်းပညာအကူအညီများရယူ၍ ရေတို/ ရေရှည်စီမံကိန်းများပြီးစီးပါက ပြည်တွင်းတွင် သဘာဝဓာတ်ငွေ့နှင့် လောင်စာဆီပြတ်လပ်မှု အခက်အခဲများ ရှိလာတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အလားတူ ပြည်ထောင်စုဝန်ကြီးက ကမ်းလွန်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်းလုပ်ငန်းများကို နိုင်ငံခြားရေနံကုမ္ပဏီများနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်များ ချုပ်ဆိုဆောင်ရွက်ရာတွင် ရတနာစီမံကိန်း၊ ရဲတံခွန်စီမံကိန်း၊ ရွှေစီမံကိန်း၊ ဇောတိကစီမံကိန်း စသည့်စီမံကိန်းကြီးလေးခု ရှိကြောင်း၊ ရတနာသဘာဝဓာတ်ငွေ့မြေမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း သဘာဝဓာတ်ငွေ့ ၂၁၉၉၀ ဒသမ ၉၀ ကုဗပေသန်းထွက်ရှိခဲ့ပါကြောင်း၊ Partial Shuttdown ကာလအတွင်း ပြည်တွင်းနှင့် ပြည်ပသို့ သဘာဝ ဓာတ်ငွေ့ဖြန့်ဖြူးပေးလျက်ရှိပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်အတွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု/ ပို့လွှတ်မှုများကို ခေတ္တရပ်ဆိုင်းထားခဲ့ပြီး ယခုအခါ ထိုင်းနိုင်ငံသို့ ပုံမှန် ပြန်လည် ပို့လွှတ်ပေးလျက်ရှိကြောင်း၊
ရဲတံခွန်သဘာဝဓာတ်ငွေ့မြေမှ ထိုင်းနိုင်ငံသို့ ၂၀၀၀ ပြည့်နှစ်မှစ၍ ၂၄ လက်မပိုက်လိုင်းဖြင့် နေ့စဉ် တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရခိုင်ကမ်းလွန်လုပ်ကွက်ဖြစ်သော ရွှေစီမံကိန်းမှ တရုတ်နိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်း၍ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှစ၍ တင်ပို့လျက်ရှိရာ လုပ်ငန်းပြီးစီးမည့်နေ့သည် ၂၀၄၃ ခုနှစ် ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း သဘာဝဓာတ်ငွေ့ ၁၆၀၉၂ ဒသမ ၉၉ ကုဗပေသန်း ထွက်ရှိခဲ့ကြောင်း၊ မုတ္တမကမ်းလွန်လုပ်ကွက်ဖြစ်သော ဇောတိကစီမံကိန်းမှလည်း ၂၀၁၄ ခုနှစ် ဩဂုတ်လမှစ၍ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့စတင်ပို့လွှတ်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ လအတွင်း သဘာဝဓာတ်ငွေ့ ၉၁၄၀ ဒသမ ၈၈ ကုဗပေသန်း ထွက်ရှိပေးပို့ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
#mhtnews
==============================
(Zawgyi)
“ျမန္မာနိုင္ငံတြင္ ေရေျမေတာေတာင္ သဘာဝအရ ျပည့္ၿဖိဳးၿမဲစြမ္းအင္မ်ား ေပါမ်ား သည့္အတြက္ ျပည္ပနည္းပညာအကူအညီမ်ားရယူ၍ ေရတို/ ေရရွည္စီမံကိန္းမ်ားၿပီးစီးပါက ျပည္တြင္းတြင္ သဘာဝဓာတ္ေငြ႕ႏွင့္ ေလာင္စာဆီျပတ္လပ္မႈ အခက္အခဲမ်ား ရွိလာေတာ့မည္မဟုတ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးေျပာၾကား”
ျမန္မာနိုင္ငံတြင္ ေရေျမေတာေတာင္ သဘာဝအရ ျပည့္ၿဖိဳးၿမဲစြမ္းအင္မ်ား ေပါမ်ား သည့္အတြက္ ျပည္ပနည္းပညာအကူအညီမ်ားရယူ၍ ေရတို/ ေရရွည္စီမံကိန္းမ်ားၿပီးစီးပါက ျပည္တြင္းတြင္ သဘာဝဓာတ္ေငြ႕ႏွင့္ ေလာင္စာဆီျပတ္လပ္မႈ အခက္အခဲမ်ား ရွိလာေတာ့မည္မဟုတ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ျပည္ပမီဒီယာမ်ားႏွင့္ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့သည္။
ျပည္ေထာင္စုဝန္ႀကီးက UNFCC ၏ ဆုံးျဖတ္ခ်က္ႏွင့္ ပါရီသေဘာတူညီခ်က္ႏွင့္အညီ ျမန္မာနိုင္ငံသည္ အမ်ိဳးသားအဆင့္ ရာသီဥတု ေျပာင္းလဲမႈေလွ်ာ့ခ်ေရးႏွင့္ လိုက္ေလ်ာညီေထြရွိေစေရးဆိုင္ရာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မည့္ လုပ္ငန္းအစီအစဥ္ NDC တြင္ နိုင္ငံ၏စြမ္းေဆာင္ရည္ျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည့္ အစီအစဥ္အရ နိုင္ငံတကာအေထာက္အပံ့မ်ားရရွိပါက ေဆာင္႐ြက္မည့္ရည္မွန္းခ်က္ (၂) ရပ္ျဖင့္ စုစုေပါင္း နိုင္ငံတြင္း ဓာတ္ေငြ႕ထုတ္လုပ္မႈ ေလွ်ာ့ခ်ေရးကို ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ရည္မွန္းခ်က္အေနျဖင့္ BAU ပမာဏမွ ၂၀၃၀ ခုႏွစ္တြင္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ တန္ ၁၀၅ ဒသမ ၂၄ သန္း ေလွ်ာ့ခ်သြားမည္ျဖစ္ေၾကာင္း၊ မည္သို႔ပင္ဆိုေစကာမူ ျမန္မာနိုင္ငံတြင္ ေရေျမေတာေတာင္ သဘာဝအရ ျပည့္ၿဖိဳးၿမဲစြမ္းအင္မ်ား ေပါမ်ား သည့္အတြက္ ျပည္ပနည္းပညာအကူအညီမ်ားရယူ၍ ေရတို/ ေရရွည္စီမံကိန္းမ်ားၿပီးစီးပါက ျပည္တြင္းတြင္ သဘာဝဓာတ္ေငြ႕ႏွင့္ ေလာင္စာဆီျပတ္လပ္မႈ အခက္အခဲမ်ား ရွိလာေတာ့မည္ မဟုတ္ေၾကာင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
အလားတူ ျပည္ေထာင္စုဝန္ႀကီးက ကမ္းလြန္သဘာဝဓာတ္ေငြ႕ ရွာေဖြတူးေဖာ္ျခင္းလုပ္ငန္းမ်ားကို နိုင္ငံျခားေရနံကုမၸဏီမ်ားႏွင့္ ထုတ္လုပ္မႈအေပၚ ခြဲေဝခံစားေရးစာခ်ဳပ္မ်ား ခ်ဳပ္ဆိုေဆာင္႐ြက္ရာတြင္ ရတနာစီမံကိန္း၊ ရဲတံခြန္စီမံကိန္း၊ ေ႐ႊစီမံကိန္း၊ ေဇာတိကစီမံကိန္း စသည့္စီမံကိန္းႀကီးေလးခု ရွိေၾကာင္း၊ ရတနာသဘာဝဓာတ္ေငြ႕ေျမမွ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလအတြင္း သဘာဝဓာတ္ေငြ႕ ၂၁၉၉၀ ဒသမ ၉၀ ကုဗေပသန္းထြက္ရွိခဲ့ပါေၾကာင္း၊ Partial Shuttdown ကာလအတြင္း ျပည္တြင္းႏွင့္ ျပည္ပသို႔ သဘာဝ ဓာတ္ေငြ႕ျဖန႔္ျဖဴးေပးလ်က္ရွိၿပီး ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ ၃၁ ရက္မွ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီ ၂ ရက္အတြင္း သဘာဝဓာတ္ေငြ႕ထုတ္လုပ္မႈ/ ပို႔လႊတ္မႈမ်ားကို ေခတၱရပ္ဆိုင္းထားခဲ့ၿပီး ယခုအခါ ထိုင္းနိုင္ငံသို႔ ပုံမွန္ ျပန္လည္ ပို႔လႊတ္ေပးလ်က္ရွိေၾကာင္း၊
ရဲတံခြန္သဘာဝဓာတ္ေငြ႕ေျမမွ ထိုင္းနိုင္ငံသို႔ ၂၀၀၀ ျပည့္ႏွစ္မွစ၍ ၂၄ လက္မပိုက္လိုင္းျဖင့္ ေန႕စဥ္ တင္ပို႔ေရာင္းခ်လ်က္ရွိေၾကာင္း၊ ရခိုင္ကမ္းလြန္လုပ္ကြက္ျဖစ္ေသာ ေ႐ႊစီမံကိန္းမွ တ႐ုတ္နိုင္ငံသို႔ သဘာဝ ဓာတ္ေငြ႕ပိုက္လိုင္းသြယ္တန္း၍ ၂၀၁၃ ခုႏွစ္၊ ဇူလိုင္လမွစ၍ တင္ပို႔လ်က္ရွိရာ လုပ္ငန္းၿပီးစီးမည့္ေန႕သည္ ၂၀၄၃ ခုႏွစ္ ျဖစ္ပါေၾကာင္း၊ ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလအတြင္း သဘာဝဓာတ္ေငြ႕ ၁၆၀၉၂ ဒသမ ၉၉ ကုဗေပသန္း ထြက္ရွိခဲ့ေၾကာင္း၊ မုတၱမကမ္းလြန္လုပ္ကြက္ျဖစ္ေသာ ေဇာတိကစီမံကိန္းမွလည္း ၂၀၁၄ ခုႏွစ္ ဩဂုတ္လမွစ၍ တ႐ုတ္နိုင္ငံသို႔ ဓာတ္ေငြ႕စတင္ပို႔လႊတ္ခဲ့ေၾကာင္း၊ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ လအတြင္း သဘာဝဓာတ္ေငြ႕ ၉၁၄၀ ဒသမ ၈၈ ကုဗေပသန္း ထြက္ရွိေပးပို႔ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရသည္။
#mhtnews
Recent Comments