
ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၏ နိုင်ငံတကာလေကြောင်း လိုင်းခရီးစဉ်များ နှစ်နှစ်ကြာ ရပ်နားထားခဲ့ပြီးနောက် ဧပြီ ၁၇ ရက်မှစ၍ နိုင်ငံတကာ ခရီးသွားများ ဝင်ရောက်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပြန်လည်ဖွင့်လှစ်ခဲ့ရာ ၃ ရက်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံတကာလေကြောင်းလိုင်းဖြင့် ခရီးသွား ၁၁၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည် ဖွင့်လှစ်သော ဧပြီ ၁၇ ရက်နေ့၌ ကနဦးအနေဖြင့် နံနက် ၉ နာရီတွင် စင်ကာပူနိုင်ငံမှ ပျံသန်းလာသော SQ-761 လေကြောင်းခရီးစဉ် ပထမဆုံး ရောက်ရှိခဲ့ပြီး ယင်းနောက်တွင် မလေးရှားနှင့် ဘန်ကောက်မှ ခရီးသွားများ ဆိုက်ရောက်ခဲ့သည်။
အဆိုပါ ဧပြီ ၁၇ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပသို့ ထွက်ခွာသောခရီးသွား ၆၈၈ ဦးနှင့် ဝင်ရောက်သော ခရီးသွား ၃၉၃ ဦးရှိပြီး MAI ၊ MNA လေကြောင်းလိုင်းတို့မှ ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဧပြီ ၁၈ ရက်တွင် ပထမဆုံးလေကြောင်း ပျံသန်းမှုအဖြစ် ဒူဘိုင်းနိုင်ငံမှ ခရီးသွားများ စတင် ဝင်ရောက်ခဲ့ပြီး ထိုနေ့တွင် ဒူဘိုင်း၊ စင်ကာပူ၊ ဘန်ကောက်၊ မလေးရှားနိုင်ငံတို့မှ လေကြောင်းလိုင်း ငါးလိုင်းဖြင့် ခရီးသွား ၅၁၇ ဦး ဝင်ရောက်ခဲ့သည်။
ဆက်လက်၍ ဧပြီ ၁၉ ရက်တွင် ပထမဆုံးခရီးသွားဝင်ရောက်မှုအဖြစ် ဘန်ကောက်-ရန်ကုန် လေကြောင်းလိုင်းမှ MAI-336 ခရီးစဉ်ဖြင့် ခရီးသွား ၃၂ ဦး ဝင်ရောက်ခဲ့ပြီး တစ်ဆက်တည်း UB-026 ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်ဖြင့် ခရီးသွား ၁၀၆ ဦး ဆက်လက် ဝင်ရောက်ခဲ့သည်။
ထိုနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တရုတ် (ကွမ်ကျိုး)၊ တောင်ကိုရီးယား (အင်ချွန်း)၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့မှ လေကြောင်းလိုင်း ငါးလိုင်းဖြင့် ခရီးသွား ၂၈၈ ဦး ဝင်ရောက်ခဲ့သဖြင့် ၃ ရက်အတွင်း ခရီးသွားစုစုပေါင်း ၁၁၉၈ ဦးနှင့် ညနေပိုင်းတွင် ကွမ်ကျိုး၊ အင်ချွန်းနှင့် ဘန်ကောက်ခရီးစဉ်များမှ ခရီးသွားများ ဆက်လက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
“ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ခရီးသွားတွေအတွက် လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းဆောင်ရွက် ပေးထားပါတယ်။ မြန်မာနိုင်ငံရဲ့အကောင်းဆုံး လေဆိပ်ကြီး ပြန်လည်ဖွင့်လှစ်မှုကို အားလုံးဝမ်းသာနေကြတာပါ။ ပြီးတော့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မယ့် လုပ်ငန်းတွေဟာလည်း နိုင်ငံရဲ့ တံခါးပေါက်ဖြစ်တဲ့ ဒီလို လေဆိပ်များကပဲ ဝင်ရောက်ကြတာပါ။ နိုင်ငံခြားသား ခရီးသွားတွေ ပိုပြီးဝင်ရောက်ဖို့ဆိုရင် ခရီးသွားလာရေး လုပ်ငန်း များအနေနဲ့ ပိုဆွဲဆောင်စေနိုင်တဲ့ လုပ်ဆောင်မှုတွေလည်း လိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ သဘာဝအလှကို နိုင်ငံခြား ခရီးသွားတွေ နှစ်ခြိုက်ကြတာကြောင့် ခရီးသွားကဏ္ဍကို ပြန်လည်ကုစားဖို့အတွက် ယခင်ထက်ပိုပြီး ကြိုးစားလုပ်ဆောင်မယ်ဆိုရင် ယခင်ခရီးသွား ဝင်ရောက်မှုကို ကျော်လွန်တဲ့ အနေအထားကို ရောက်သွားနိုင်ပါတယ်” ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ Yangon Aerodrome Company (YACL) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခရီးသွားများဝင်ရောက်ရာ၌ လေဆိပ်တာဝန်ကျ ကျန်းမာရေးကောင်တာသို့ သွားရောက်၍ လိုအပ်သော ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း PCR Test ဆေးစစ်ချက်နှင့် ကာကွယ်ဆေး ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်တို့ကို ပြသခြင်း၊ စာရွက်စာတမ်းများ စစ်ဆေးအတည်ပြုပြီးသည် နှင့်တစ်ပြိုင်နက် ခရီးသည်များအနေဖြင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာများကို လုပ်ဆောင်၍ မိမိတို့ ခရီးဆောင်အိတ်များကို ရွေးယူခြင်း၊ ဆိုက်ရောက် ဧရိယာမှထွက်ခွာအပြီး ခရီးသည်များသည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ စီစဉ်ထားရှိသော ကျန်းမာရေးကောင်တာ Quarantine ဝင်ရမည့် ဟိုတယ်အချက်အလက်များ ရယူရန်နှင့် စာရင်း ပေးသွင်းပြီး အသင့်စီစဉ်ထားရှိသော သယ်ယူ ပို့ဆောင်ရေး အစီအစဉ်ဖြင့် Quarantine ဝင်ရောက်မည့် ဟိုတယ်သို့ ထွက်ခွာနိုင်ရန် ဝန်ဆောင်မှုပေးထားကာ Commercial လေကြောင်းလိုင်းဖြင့် လိုက်ပါသော နိုင်ငံခြားခရီးသွားများ အနေဖြင့် ဟိုတယ် Quarantine တစ်ရက်ဝင်ရောက်နိုင်ရန် ဝန်ဆောင်မှုပေးထားကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ေလေၾကာင္းလိုင္းမ်ား စတင္ဖြင့္လွစ္ခဲ့သည့္ေန႕မွစ၍ ၃ ရက္အတြင္း ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ခရီးသြား ၁၁၀၀ ေက်ာ္ ဝင္ေရာက္ခဲ့”
ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ရန္ကုန္အျပည္ျပည္ ဆိုင္ရာေလဆိပ္၏ နိုင္ငံတကာေလေၾကာင္း လိုင္းခရီးစဥ္မ်ား ႏွစ္ႏွစ္ၾကာ ရပ္နားထားခဲ့ၿပီးေနာက္ ဧၿပီ ၁၇ ရက္မွစ၍ နိုင္ငံတကာ ခရီးသြားမ်ား ဝင္ေရာက္နိုင္ရန္ႏွင့္ စီးပြားေရးလုပ္ငန္းမ်ား လုပ္ေဆာင္နိုင္ရန္ ျပန္လည္ဖြင့္လွစ္ခဲ့ရာ ၃ ရက္အတြင္း ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ နိုင္ငံတကာေလေၾကာင္းလိုင္းျဖင့္ ခရီးသြား ၁၁၀၀ ေက်ာ္ ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။
နိုင္ငံတကာေလေၾကာင္းခရီးစဥ္မ်ား ျပန္လည္ ဖြင့္လွစ္ေသာ ဧၿပီ ၁၇ ရက္ေန႕၌ ကနဦးအေနျဖင့္ နံနက္ ၉ နာရီတြင္ စင္ကာပူနိုင္ငံမွ ပ်ံသန္းလာေသာ SQ-761 ေလေၾကာင္းခရီးစဥ္ ပထမဆုံး ေရာက္ရွိခဲ့ၿပီး ယင္းေနာက္တြင္ မေလးရွားႏွင့္ ဘန္ေကာက္မွ ခရီးသြားမ်ား ဆိုက္ေရာက္ခဲ့သည္။
အဆိုပါ ဧၿပီ ၁၇ ရက္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွ ျပည္ပသို႔ ထြက္ခြာေသာခရီးသြား ၆၈၈ ဦးႏွင့္ ဝင္ေရာက္ေသာ ခရီးသြား ၃၉၃ ဦးရွိၿပီး MAI ၊ MNA ေလေၾကာင္းလိုင္းတို႔မွ ဝန္ေဆာင္မႈေပးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဧၿပီ ၁၈ ရက္တြင္ ပထမဆုံးေလေၾကာင္း ပ်ံသန္းမႈအျဖစ္ ဒူဘိုင္းနိုင္ငံမွ ခရီးသြားမ်ား စတင္ ဝင္ေရာက္ခဲ့ၿပီး ထိုေန႕တြင္ ဒူဘိုင္း၊ စင္ကာပူ၊ ဘန္ေကာက္၊ မေလးရွားနိုင္ငံတို႔မွ ေလေၾကာင္းလိုင္း ငါးလိုင္းျဖင့္ ခရီးသြား ၅၁၇ ဦး ဝင္ေရာက္ခဲ့သည္။
ဆက္လက္၍ ဧၿပီ ၁၉ ရက္တြင္ ပထမဆုံးခရီးသြားဝင္ေရာက္မႈအျဖစ္ ဘန္ေကာက္-ရန္ကုန္ ေလေၾကာင္းလိုင္းမွ MAI-336 ခရီးစဥ္ျဖင့္ ခရီးသြား ၃၂ ဦး ဝင္ေရာက္ခဲ့ၿပီး တစ္ဆက္တည္း UB-026 ကြာလာလမ္ပူ-ရန္ကုန္ ခရီးစဥ္ျဖင့္ ခရီးသြား ၁၀၆ ဦး ဆက္လက္ ဝင္ေရာက္ခဲ့သည္။
ထိုေန႕တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ တ႐ုတ္ (ကြမ္က်ိဳး)၊ ေတာင္ကိုရီးယား (အင္ခြၽန္း)၊ စင္ကာပူ၊ မေလးရွား၊ ထိုင္းနိုင္ငံတို႔မွ ေလေၾကာင္းလိုင္း ငါးလိုင္းျဖင့္ ခရီးသြား ၂၈၈ ဦး ဝင္ေရာက္ခဲ့သျဖင့္ ၃ ရက္အတြင္း ခရီးသြားစုစုေပါင္း ၁၁၉၈ ဦးႏွင့္ ညေနပိုင္းတြင္ ကြမ္က်ိဳး၊ အင္ခြၽန္းႏွင့္ ဘန္ေကာက္ခရီးစဥ္မ်ားမွ ခရီးသြားမ်ား ဆက္လက္ ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။
ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ ခရီးသြားေတြအတြက္ လိုအပ္ခ်က္ မွန္သမွ်ကို ျဖည့္ဆည္းေဆာင္႐ြက္ ေပးထားပါတယ္။ ျမန္မာနိုင္ငံရဲ႕အေကာင္းဆုံး ေလဆိပ္ႀကီး ျပန္လည္ဖြင့္လွစ္မႈကို အားလုံးဝမ္းသာေနၾကတာပါ။ ၿပီးေတာ့နိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္မယ့္ လုပ္ငန္းေတြဟာလည္း နိုင္ငံရဲ႕ တံခါးေပါက္ျဖစ္တဲ့ ဒီလို ေလဆိပ္မ်ားကပဲ ဝင္ေရာက္ၾကတာပါ။ နိုင္ငံျခားသား ခရီးသြားေတြ ပိုၿပီးဝင္ေရာက္ဖို႔ဆိုရင္ ခရီးသြားလာေရး လုပ္ငန္း မ်ားအေနနဲ႕ ပိုဆြဲေဆာင္ေစနိုင္တဲ့ လုပ္ေဆာင္မႈေတြလည္း လိုပါတယ္။ ကြၽန္ေတာ္တို႔နိုင္ငံရဲ႕ သဘာဝအလွကို နိုင္ငံျခား ခရီးသြားေတြ ႏွစ္ၿခိဳက္ၾကတာေၾကာင့္ ခရီးသြားက႑ကို ျပန္လည္ကုစားဖို႔အတြက္ ယခင္ထက္ပိုၿပီး ႀကိဳးစားလုပ္ေဆာင္မယ္ဆိုရင္ ယခင္ခရီးသြား ဝင္ေရာက္မႈကို ေက်ာ္လြန္တဲ့ အေနအထားကို ေရာက္သြားနိုင္ပါတယ္ ဟု ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္၏ Yangon Aerodrome Company (YACL) မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ခရီးသြားမ်ားဝင္ေရာက္ရာ၌ ေလဆိပ္တာဝန္က် က်န္းမာေရးေကာင္တာသို႔ သြားေရာက္၍ လိုအပ္ေသာ ကိုဗစ္-၁၉ ေရာဂါ ကင္းရွင္းေၾကာင္း PCR Test ေဆးစစ္ခ်က္ႏွင့္ ကာကြယ္ေဆး ထိုးႏွံၿပီးေၾကာင္း သက္ေသခံလက္မွတ္တို႔ကို ျပသျခင္း၊ စာ႐ြက္စာတမ္းမ်ား စစ္ေဆးအတည္ျပဳၿပီးသည္ ႏွင့္တစ္ၿပိဳင္နက္ ခရီးသည္မ်ားအေနျဖင့္ လူဝင္မႈ ႀကီးၾကပ္ေရးဆိုင္ရာမ်ားကို လုပ္ေဆာင္၍ မိမိတို႔ ခရီးေဆာင္အိတ္မ်ားကို ေ႐ြးယူျခင္း၊ ဆိုက္ေရာက္ ဧရိယာမွထြက္ခြာအၿပီး ခရီးသည္မ်ားသည္ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနမွ စီစဥ္ထားရွိေသာ က်န္းမာေရးေကာင္တာ Quarantine ဝင္ရမည့္ ဟိုတယ္အခ်က္အလက္မ်ား ရယူရန္ႏွင့္ စာရင္း ေပးသြင္းၿပီး အသင့္စီစဥ္ထားရွိေသာ သယ္ယူ ပို႔ေဆာင္ေရး အစီအစဥ္ျဖင့္ Quarantine ဝင္ေရာက္မည့္ ဟိုတယ္သို႔ ထြက္ခြာနိုင္ရန္ ဝန္ေဆာင္မႈေပးထားကာ Commercial ေလေၾကာင္းလိုင္းျဖင့္ လိုက္ပါေသာ နိုင္ငံျခားခရီးသြားမ်ား အေနျဖင့္ ဟိုတယ္ Quarantine တစ္ရက္ဝင္ေရာက္နိုင္ရန္ ဝန္ေဆာင္မႈေပးထားေၾကာင္း သိရသည္။
#mhtnews
Recent Comments