
လူတစ်ဦးချင်း ဆီစားသုံးမှု လျော့ကျစေရေး အသိပညာပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဧပြီ ၁ ရက်နံနက်ပိုင်းတွင် Online Zoom Meeting System ဖြင့်ကျင်းပသည့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂)၌ ပြောကြားခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရာတွင် သီးထပ်၊ သီးညှပ် စိုက်ပျိုးသည့်အပြင် တစ်ဧက အထွက်နှုန်းတိုးတက်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍လည်း နေကြာစိုက်ပျိုးနိုင်မည့် မြေနေရာများနှင့် နေကြာမျိုးအတွက် ဧက ၁၀၀၀ စိုက်ပျိုးသွားရန်ဖြစ်ကြောင်း၊ စိုက်ပျိုးနိုင်သည့် မြေများတွင် မြေလပ်မရှိစေဘဲ ဒေသနှင့်ကိုက်ညီသည့်စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံများ၊ စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးသွားရမည်ဖြစ်ကြောင်း၊ နွေစပါးစိုက်ပျိုးရာတွင် လိုအပ်သည့် စိုက် ပျိုးရေရရှိရေး ချောင်းပိတ်မြောင်း ပိတ်ခြင်း၊ ရေတံခါးတပ်ဆင်ခြင်း၊ မြောင်းသွယ်မြောင်းများ ပြန် လည်တူးဖော်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ဆိုလာစနစ်ဖြင့် ရေတင်ခြင်းစသည့်နည်းလမ်းပေါင်းစုံဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆားငန်ရေဝင်ရောက်သည့် မြစ်ချောင်းများအနီး၌ ဆားငန်ရေဒဏ်ခံနိုင်သည့် စပါးမျိုးများ စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများကိုယ်တိုင် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး အသိပညာပေးခြင်း၊ လက်တွေ့ဆောင်ရွက်သရုပ်ပြသခြင်းများ မြေပြင်ကွင်းဆင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။
#mhtnews
=============================
(Zawgyi)
“လူတစ်ဦးချင်း ဆီစားသုံးမှု လျော့ကျစေရေး အသိပညာပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းပြော”
ဆက်လက်၍လည်း နေကြာစိုက်ပျိုးနိုင်မည့် မြေနေရာများနှင့် နေကြာမျိုးအတွက် ဧက ၁၀၀၀ စိုက်ပျိုးသွားရန်ဖြစ်ကြောင်း၊ စိုက်ပျိုးနိုင်သည့် မြေများတွင် မြေလပ်မရှိစေဘဲ ဒေသနှင့်ကိုက်ညီသည့်စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံများ၊ စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးသွားရမည်ဖြစ်ကြောင်း၊ နွစေပါးစိုက်ပျိုးရာတွင် လိုအပ်သည့် စိုက် ပျိုးရေရရှိရေး ချောင်းပိတ်မြောင်း ပိတ်ခြင်း၊ ရေတံခါးတပ်ဆင်ခြင်း၊ မြောင်းသွယ်မြောင်းများ ပြန် လည်တူးဖော်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ဆိုလာစနစ်ဖြင့် ရေတင်ခြင်းစသည့်နည်းလမ်းပေါင်းစုံဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆားငန်ရေဝင်ရောက်သည့် မြစ်ချောင်းများအနီး၌ ဆားငန်ရေဒဏ်ခံနိုင်သည့် စပါးမျိုးများ စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများကိုယ်တိုင် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး အသိပညာပေးခြင်း၊ လက်တွေ့ဆောင်ရွက်သရုပ်ပြသခြင်းများ မြေပြင်ကွင်းဆင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။
#mhtnews
Recent Comments