“လူငယ်တစ်ဦးချင်းစီတွင် ပြည်ထောင်စုစိတ်ဓါတ်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးစိတ်ဓါတ်များ ပိုမိုရင့်သန်ခိုင်မြဲလာပြီး နိုင်ငံချစ်စိတ်၊ ဒေသကိုအကျိုးပြုလိုစိတ် တိုးပွားလာအောင်ဆောင်ရွက်၍ နိုင်ငံတော်၏ အဓိကရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းရာတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ထမ်းရွက်ကြမည့် နိုင်ငံအကျိုးပြု လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားကြရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တိုက်တွန်း ပြောကြား”

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံဖြိုးရေး တက္ကသိုလ်နှင့် စွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန် ၊ စစ်ကိုင်း)သို တက်ရောက်မည့် သင်တန်းသား/သူများ သြဝါဒခံယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို အမှတ် (၅) အခြေံပညာအထက်တန်းကျောင်း စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မူဝါဒ (၄) ရပ်၊ ရည်မှန်းချက် (၇) ရပ်၊ လုပ်ငန်းစဉ် (၁၈) ရပ် ချမှတ်ပြီး နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်နေသလို ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ရည်ရွယ်ချက် (၂) ရပ်၊ ရည်မှန်းချက် (၄) ရပ်၊ လုပ်ငန်းစဉ် (၉) ရပ်တိုကို ချမှတ်ပြီး တိုင်းရင်းသား လူမျိုးများ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုကြောင်း၊ မောင်တို့မယ်တို့ ယခုတက်ရောက်ပညာသင်ကြားမည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံဖြိုးရေး တက္ကသိုလ်နှင့် စွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်တိုတွင်လည်း ရည်ရွယ်ချက် (၅)ရပ်စီချမှတ်ပြီး အဆင့်မြင့်ပညာရပ်များ သင်ကြားပေးလျက်ရှိကြောင်း၊ အဆင့်မြှင့် တက္ကသိုလ်ပညာရပ်များ တတ်မြောက်၍ ကျောင်းဆင်းပြီးပါက မိမိဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကျရာကဏ္ဍမှ တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်စေရန်ဆိုသည့် ရည်ရွယ်ချက်မှာလည်း မောင်တို့မယ်တို့အတွက် အဓိကကျသော အချက်တစ်ခုဖြစ်ကြောင်း၊ မောင်တို့မယ်တို့ လူငယ်တစ်ဦးချင်းစီတွင် ပြည်ထောင်စုစိတ်ဓါတ်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးစိတ်ဓါတ်များ ပိုမိုရင့်သန်ခိုင်မြဲလာပြီး နိုင်ငံချစ်စိတ်၊ ဒေသကိုအကျိုးပြုလိုစိတ် တိုးပွားလာအောင်ဆောင်ရွက်၍ နိုင်ငံတော်၏ အဓိကရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းရာတွင် မောင်တို့မယ်တို့အနေဖြင့် ကျရာအခန်းကဏ္ဍမှ ပါဝင်ထမ်းရွက်ကြမည့် နိုင်ငံအကျိုးပြု လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားသွားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံဖြိုးရေးတက္ကသိုလ်နှင့် စွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) သိုတက်ရောက်မည့် သင်တန်းသား/သူများအား ရှမ်းပြည်နယ် အစိုးအဖွဲမှ ထောက်ပံငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းက လက်ခံရယူပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံဖြိုးရေးတက္ကသိုလ်နှင့် စွမ်းရည်ဖွံဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း) ပညာရေးဘွဲ (၅) နှစ်၊ သင်တန်း အမှတ်စဉ် (၉) တက်ရောက်မည့် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံဖြိုးရေးတက္ကသိုလ်နှင့် စွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန် ၊ စစ်ကိုင်း ) သိုတက်ရောက်မည့် သင်တန်းသား/သူများတွင် B.Ed (စစ်ကိုင်း) သို ကျား (၃) ဦးမ၊ မ (၂၁) ဦး စုစုပေါင်း (၂၄) ဦး၊ ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)သို ကျား (၂၁) ဦး၊ မ (၂၄) ဦး စုစုပေါင်း သင်တန်းသား/သူ (၇၁) ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“လူငယ္တစ္ဦးခ်င္းစီတြင္ ျပည္ေထာင္စုစိတ္ဓါတ္၊ တိုင္းရင္းသားစည္းလုံးညီၫႊတ္ေရးစိတ္ဓါတ္မ်ား ပိုမိုရင့္သန္ခိုင္ၿမဲလာၿပီး နိုင္ငံခ်စ္စိတ္၊ ေဒသကိုအက်ိဳးျပဳလိုစိတ္ တိုးပြားလာေအာင္ေဆာင္႐ြက္၍ နိုင္ငံေတာ္၏ အဓိကရည္မွန္းခ်က္ပန္းတိုင္ကို ေလွ်ာက္လွမ္းရာတြင္ က်ရာအခန္းက႑မွ ပါဝင္ထမ္း႐ြက္ၾကမည့္ နိုင္ငံအက်ိဳးျပဳ လူခြၽန္လူေကာင္းမ်ားျဖစ္ေအာင္ ႀကိဳးစားၾကရန္ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေက်ာ္ထြန္းက တိုက္တြန္း ေျပာၾကား”

ျပည္ေထာင္စု တိုင္းရင္းသားလူမ်ိဳးမ်ားဖြံၿဖိဳးေရး တကၠသိုလ္ႏွင့္ စြမ္းရည္ဖြံၿဖိဳးေရးဒီဂရီေကာလိပ္ (ရန္ကုန္ ၊ စစ္ကိုင္း)သို တက္ေရာက္မည့္ သင္တန္းသား/သူမ်ား ၾသဝါဒခံယူျခင္းကို ယမန္ေန႕ နံနက္ ၉ နာရီခြဲက ေတာင္ႀကီးၿမိဳ အမွတ္ (၅) အေၿခံပညာအထက္တန္းေက်ာင္း စိန္ျမင္းမိုရ္ခန္းမ၌ က်င္းပခဲ့ရာ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေက်ာ္ထြန္းက နယ္စပ္ေရးရာဝန္ႀကီးဌာနအေနျဖင့္ မူဝါဒ (၄) ရပ္၊ ရည္မွန္းခ်က္ (၇) ရပ္၊ လုပ္ငန္းစဥ္ (၁၈) ရပ္ ခ်မွတ္ၿပီး နယ္စပ္ေဒသရွိ တိုင္းရင္းသားလူမ်ိဳးမ်ား လူ႕စြမ္းအားအရင္းအျမစ္ ဖြံၿဖိဳးတိုးတက္ေရးေဆာင္႐ြက္ေနသလို ပညာေရးႏွင့္ ေလ့က်င့္ေရးဦးစီးဌာနအေနျဖင့္ ရည္႐ြယ္ခ်က္ (၂) ရပ္၊ ရည္မွန္းခ်က္ (၄) ရပ္၊ လုပ္ငန္းစဥ္ (၉) ရပ္တိုကို ခ်မွတ္ၿပီး တိုင္းရင္းသား လူမ်ိဳးမ်ား လူ႕စြမ္းအားအရင္းအျမစ္ ဖြံၿဖိဳးတိုးတက္ေရးကို အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္လ်က္ရွိသည္ကို ေျပာၾကားလိုေၾကာင္း၊ ေမာင္တို႔မယ္တို႔ ယခုတက္ေရာက္ပညာသင္ၾကားမည့္ ျပည္ေထာင္စု တိုင္းရင္းသားလူမ်ိဳးမ်ားဖြံၿဖိဳးေရး တကၠသိုလ္ႏွင့္ စြမ္းရည္ဖြံၿဖိဳးေရး ဒီဂရီေကာလိပ္တိုတြင္လည္း ရည္႐ြယ္ခ်က္ (၅)ရပ္စီခ်မွတ္ၿပီး အဆင့္ျမင့္ပညာရပ္မ်ား သင္ၾကားေပးလ်က္ရွိေၾကာင္း၊ အဆင့္ျမႇင့္ တကၠသိုလ္ပညာရပ္မ်ား တတ္ေျမာက္၍ ေက်ာင္းဆင္းၿပီးပါက မိမိေဒသဖြံၿဖိဳးေရးလုပ္ငန္းမ်ားအား က်ရာက႑မွ တက္ႂကြစြာပါဝင္ေဆာင္႐ြက္နိုင္ေစရန္ဆိုသည့္ ရည္႐ြယ္ခ်က္မွာလည္း ေမာင္တို႔မယ္တို႔အတြက္ အဓိကက်ေသာ အခ်က္တစ္ခုျဖစ္ေၾကာင္း၊ ေမာင္တို႔မယ္တို႔ လူငယ္တစ္ဦးခ်င္းစီတြင္ ျပည္ေထာင္စုစိတ္ဓါတ္၊ တိုင္းရင္းသားစည္းလုံးညီၫႊတ္ေရးစိတ္ဓါတ္မ်ား ပိုမိုရင့္သန္ခိုင္ၿမဲလာၿပီး နိုင္ငံခ်စ္စိတ္၊ ေဒသကိုအက်ိဳးျပဳလိုစိတ္ တိုးပြားလာေအာင္ေဆာင္႐ြက္၍ နိုင္ငံေတာ္၏ အဓိကရည္မွန္းခ်က္ပန္းတိုင္ကို ေလွ်ာက္လွမ္းရာတြင္ ေမာင္တို႔မယ္တို႔အေနျဖင့္ က်ရာအခန္းက႑မွ ပါဝင္ထမ္း႐ြက္ၾကမည့္ နိုင္ငံအက်ိဳးျပဳ လူခြၽန္လူေကာင္းမ်ားျဖစ္ေအာင္ ႀကိဳးစားၾကရန္ တိုက္တြန္းေျပာၾကားသြားခဲ့သည္။

ဆက္လက္၍ ျပည္ေထာင္စုတိုင္းရင္းသားလူမ်ိဳးမ်ား ဖြံၿဖိဳးေရးတကၠသိုလ္ႏွင့္ စြမ္းရည္ဖြံၿဖိဳးေရး ဒီဂရီေကာလိပ္ (ရန္ကုန္၊ စစ္ကိုင္း) သိုတက္ေရာက္မည့္ သင္တန္းသား/သူမ်ားအား ရွမ္းျပည္နယ္ အစိုးအဖြဲမွ ေထာက္ပံေငြက်ပ္(၁၀)သိန္းကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေက်ာ္ထြန္းက ေပးအပ္ရာ နယ္စပ္ေဒသ တိုင္းရင္းသားလူငယ္မ်ား ဖြံၿဖိဳးတိုးတက္ေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ဦးေ႐ႊဝင္းက လက္ခံရယူၿပီး ၂၀၂၂-၂၀၂၃ ပညာသင္ႏွစ္ ျပည္ေထာင္စုတိုင္းရင္းသားလူမ်ိဳးမ်ား ဖြံၿဖိဳးေရးတကၠသိုလ္ႏွင့္ စြမ္းရည္ဖြံၿဖိဳးေရး တကၠသိုလ္ (စစ္ကိုင္း) ပညာေရးဘြဲ (၅) ႏွစ္၊ သင္တန္း အမွတ္စဥ္ (၉) တက္ေရာက္မည့္ သင္တန္းသူတစ္ဦးမွ ေက်းဇူးတင္စကားျပန္လည္ေျပာၾကားသည္။

အဆိုပါ ျပည္ေထာင္စုတိုင္းရင္းသား လူမ်ိဳးမ်ား ဖြံၿဖိဳးေရးတကၠသိုလ္ႏွင့္ စြမ္းရည္ဖြံၿဖိဳးေရး ဒီဂရီေကာလိပ္ (ရန္ကုန္ ၊ စစ္ကိုင္း ) သိုတက္ေရာက္မည့္ သင္တန္းသား/သူမ်ားတြင္ B.Ed (စစ္ကိုင္း) သို က်ား (၃) ဦးမ၊ မ (၂၁) ဦး စုစုေပါင္း (၂၄) ဦး၊ ဒီဂရီေကာလိပ္ (ရန္ကုန္၊ စစ္ကိုင္း)သို က်ား (၂၁) ဦး၊ မ (၂၄) ဦး စုစုေပါင္း သင္တန္းသား/သူ (၇၁) ဦး တက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews