လက်ရှိနိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့်ကြုံတွေ့နေရပြီး ရရှိနိုင်သမျှသော ရေတိုရေရှည်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးရရှိရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ယနေ့နံနက်ပိုင်းတွင်ပြုလုပ်သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍနှင့် ပတ်သက်သည့် အစည်းအဝေးတွင် ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ယခင်ဘဏ္ဍာရေးနှစ်များတွင် လုပ်ငန်းဆောင်ရွက်မှုများ၏ အားသာချက်၊ အားနည်းချက်များကို စိစစ်သုံးသပ်၍ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် များစွာအရေးပါသဖြင့် မိမိတို့သည် အရေးကြီးသောတာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့်ကြုံတွေ့နေရပြီး ရရှိနိုင်သမျှသော ရေတိုရေရှည်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးရရှိရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုကို အချိန်ပိုင်းအလိုက် ဝန်အားထိန်းညှိ ဆောင်ရွက်ပေးနေရသည့် အခက်အခဲများ လက်တွေ့ခံစားနေရသဖြင့် မိမိတို့ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုမှ နားလည်သဘောပေါက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး စည်းရုံးပြောဆိုကြရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတွင် သုံးစွဲသူပြည်သူများထံသို့ အလေအလွင့် နည်းပါးစွာဖြင့် လျှပ်စစ်မီးရရှိရေး စီမံဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်အတွက် ဓာတ်အားခ အခွန်အခများကိုလည်း အပြည့်အဝရရှိရေး ကောက်ခံသွားရမည် ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ငန်းများအပေါ် စေတနာအပြည့်အဝဖြင့် ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေကိုလည်း စနစ်တကျစိစစ်၍ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့အပြင် ဓာတ်အားရောင်းချမှုမှရရှိသည့် ဓာတ်အားခဝင်ငွေများ အပါအဝင် နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန် ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားခွဲရုံများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများကို စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားခွဲရုံဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေး အထူးဂရုပြုရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားများကို တရားမဝင် ရယူသုံးစွဲမှုများကြောင့် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်ဓာတ်အားခများကို သတ်မှတ်ချိန်အတွင်း ကောက်ခံရရှိရေး မြို့နယ်၊ ခရိုင်၊ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာနှင့် ဘဏ္ဍာရေးတာဝန်ခံများက အောက်ခြေထိကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

#mhtnews

(Zawgyi)

“လက္ရွိနိုင္ငံေတာ္တြင္ လွ်ပ္စစ္ဓာတ္အား မလုံေလာက္မႈႏွင့္ႀကဳံေတြ႕ေနရၿပီး ရရွိနိုင္သမွ်ေသာ ေရတိုေရရွည္နည္းလမ္းမ်ားျဖင့္ လွ်ပ္စစ္ဓာတ္အား အျမန္ဆုံးရရွိေရး ေဆာင္႐ြက္သြားရမည္ ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္သန္းဦး ေျပာၾကား”

လက္ရွိနိုင္ငံေတာ္တြင္ လွ်ပ္စစ္ဓာတ္အား မလုံေလာက္မႈႏွင့္ႀကဳံေတြ႕ေနရၿပီး ရရွိနိုင္သမွ်ေသာ ေရတိုေရရွည္နည္းလမ္းမ်ားျဖင့္ လွ်ပ္စစ္ဓာတ္အား အျမန္ဆုံးရရွိေရး ေဆာင္႐ြက္သြားရမည္ ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္သန္းဦးက ယေန႕နံနက္ပိုင္းတြင္ျပဳလုပ္သည့္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေရးက႑ႏွင့္ ပတ္သက္သည့္ အစည္းအေဝးတြင္ ေျပာၾကားသည္။

ျပည္ေထာင္စုဝန္ႀကီးက ယခင္ဘ႑ာေရးႏွစ္မ်ားတြင္ လုပ္ငန္းေဆာင္႐ြက္မႈမ်ား၏ အားသာခ်က္၊ အားနည္းခ်က္မ်ားကို စိစစ္သုံးသပ္၍ ယခု ၂၀၂၂-၂၀၂၃ ဘ႑ာေရးႏွစ္ လုပ္ငန္းအစီအစဥ္မ်ား ခ်မွတ္ေဆာင္႐ြက္သြားရမည္ ျဖစ္ေၾကာင္း၊ နိုင္ငံေတာ္၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈတြင္ လွ်ပ္စစ္ဓာတ္အားရရွိေရးသည္ မ်ားစြာအေရးပါသျဖင့္ မိမိတို႔သည္ အေရးႀကီးေသာတာဝန္မ်ားကို ထမ္းေဆာင္ေနရျခင္းျဖစ္ေၾကာင္း၊ လက္ရွိနိုင္ငံေတာ္တြင္ လွ်ပ္စစ္ဓာတ္အား မလုံေလာက္မႈႏွင့္ႀကဳံေတြ႕ေနရၿပီး ရရွိနိုင္သမွ်ေသာ ေရတိုေရရွည္နည္းလမ္းမ်ားျဖင့္ လွ်ပ္စစ္ဓာတ္အား အျမန္ဆုံးရရွိေရး ေဆာင္႐ြက္သြားရမည္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဆက္လက္၍လည္း ျပည္ေထာင္စုဝန္ႀကီးက ျပည္သူလူထုကို အခ်ိန္ပိုင္းအလိုက္ ဝန္အားထိန္းညွိ ေဆာင္႐ြက္ေပးေနရသည့္ အခက္အခဲမ်ား လက္ေတြ႕ခံစားေနရသျဖင့္ မိမိတို႔ေဆာင္႐ြက္ခ်က္မ်ားအေပၚ ျပည္သူလူထုမွ နားလည္သေဘာေပါက္၍ ပူးေပါင္းပါဝင္ေဆာင္႐ြက္ၾကေရး စည္း႐ုံးေျပာဆိုၾကရန္ လိုအပ္ေၾကာင္း၊ လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေရးလုပ္ငန္းတြင္ သုံးစြဲသူျပည္သူမ်ားထံသို႔ အေလအလြင့္ နည္းပါးစြာျဖင့္ လွ်ပ္စစ္မီးရရွိေရး စီမံေဆာင္႐ြက္သြားရန္ႏွင့္ နိုင္ငံေတာ္အတြက္ ဓာတ္အားခ အခြန္အခမ်ားကိုလည္း အျပည့္အဝရရွိေရး ေကာက္ခံသြားရမည္ ျဖစ္ေၾကာင္း၊ မိမိတို႔၏ လုပ္ငန္းမ်ားအေပၚ ေစတနာအျပည့္အဝျဖင့္ ေဆာင္႐ြက္သြားရန္ႏွင့္ နိုင္ငံေတာ္၏ ဘ႑ာရန္ပုံေငြကိုလည္း စနစ္တက်စိစစ္၍ စီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း ေျပာၾကားသည္။

ထို႔အျပင္ ဓာတ္အားေရာင္းခ်မႈမွရရွိသည့္ ဓာတ္အားခဝင္ေငြမ်ား အပါအဝင္ နိုင္ငံေတာ္မွ ခြင့္ျပဳရရွိသည့္ ဘ႑ာေငြအေပၚ စီမံကိန္းလုပ္ငန္းမ်ားအား သတ္မွတ္ခ်ိန္ ကာလအတြင္းၿပီးစီးေအာင္ ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း၊ ဓာတ္အားခြဲ႐ုံမ်ား ေရရွည္တည္တံ့ခိုင္ၿမဲေရးႏွင့္ ဓာတ္အားစဥ္ဆက္မျပတ္ ျဖန႔္ျဖဴးေပးနိုင္ေရးတို႔အတြက္ ဓာတ္အားလိုင္းႏွင့္ ဓာတ္အားခြဲ႐ုံသုံးပစၥည္းမ်ားကို စစ္ေဆးေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း၊ ဓာတ္အားခြဲ႐ုံဝန္းက်င္ သန႔္ရွင္းသာယာလွပေရးႏွင့္ လုံၿခဳံေရး အထူးဂ႐ုျပဳေရး စီမံေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း၊ လွ်ပ္စစ္ဓာတ္အားမ်ားကို တရားမဝင္ ရယူသုံးစြဲမႈမ်ားေၾကာင့္ ေလလြင့္ဆုံးရႈံးမႈ မျဖစ္ေပၚေစေရးႏွင့္ လွ်ပ္စစ္ဓာတ္အားခမ်ားကို သတ္မွတ္ခ်ိန္အတြင္း ေကာက္ခံရရွိေရး ၿမိဳ႕နယ္၊ ခရိုင္၊ ျပည္နယ္ လွ်ပ္စစ္အင္ဂ်င္နီယာႏွင့္ ဘ႑ာေရးတာဝန္ခံမ်ားက ေအာက္ေျခထိကြင္းဆင္းၿပီး ႀကီးၾကပ္ေဆာင္႐ြက္သြားၾကရန္ လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရွိရသည္။

#mhtnews