
ရှမ်းပြည်နယ်၏ မြေအသုံးချမှုတွင် မြေဧက ၃၈ ဒသမ ၅ သန်းကျော်အနက် အသားတင်စိုက်ပျိုးမြေမှာ ၃ ဒသမ ၁ သန်းဧကကျော်ရှိ၍ ၁၀ ရာခိုင်နှုန်းခန့်သာရှိ သဖြင့် ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရန် လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြားရာ၌ တိုက်တွန်းပြောကြားသည်။
ဆက်လက်၍လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ဒေသအလိုက် စားရေရိက္ခာ ဖူလုံစေရေးအတွက် မျိုး၊ မြေ၊ ရေ နှင့် စိုက်နည်းစနစ်တို့ မှန်ကန်ကောင်းမွန်စွာဖြင့် ဒေသအလိုက်သတ်မှတ်ထားသော ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊ ရှိပြီးဖြစ်သည့် မြေကို သီးထပ်၊ သီးညှပ်များဖြင့် အထွက်နှုန်းမြင့်မားအောင် ဆောင်ရွက်ခြင်းသည် မြေယာအသစ်ဖော်ထုတ်လုပ်ကိုင်ခြင်းထက် အကျိုးများနိုင်ကြောင်း၊ ဒေသတွင်း သီးနှံအထွက် ဖူလုံမှသာ ပြင်ပသို့တင်ပို့ရောင်းချနိုင်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်ရရှိမှုမှတစ်ဆင့် ငွေကြေးလည်ပတ်စီးဆင်းမှု မြင့်မားစေမည်ဖြစ်ကြောင်း ပြောကြားသည်။
အလားတူ မွေးမြူရေးကဏ္ဍတွင်လည်း အသား၊ ငါးနှင့် ဉထုတ်လုပ်မှုများကို ဖူလုံရန်အပြင် ပိုလျှံအောင် ကြိုးပမ်းရန်နှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကို စွမ်းဆောင်ရည်မြင့် နည်းပညာများဖြင့် ပြန်လည်အသုံးချနိုင်ရေး ဆောင်ရွက်ရန်မှာလည်း အရေးကြီးကြောင်း၊ ထို့အပြင် သစ်တောကြိုးဝိုင်း/ပြင်များမှ တရားမဝင်သစ်ခိုးထုတ်မှုများအပြင် မြေပေါ်မြေအောက်သယံဇာတခိုးထုတ်မှုများကို သက်ဆိုင်ရာ တာဝန်ရှိဌာန ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံများဖြင့်ပူးပေါင်း၍ ကာကွယ်တားဆီးထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်သည့် ဆီ ၂ ဆီကိစ္စနှင့်ပတ်သက်၍လည်း စားသုံးဆီအသုံးပြုမှု လျှော့ချရန်လိုသလို ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံရန် လိုအပ်ကြောင်း၊ ပြည်တွင်းဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်မှုကို တိုးမြှင့်ခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သကဲ့သို့ ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်မှာဖြစ်၍ နိုင်ငံခြား ငွေသုံးစွဲမှုကို အတိုင်းအတာတစ်ခုအထိ ချွေတာနိုင် မည်ဖြစ်ကြောင်း၊ အလားတူ စက်သုံးဆီသုံးစွဲမှုကိုလည်း ခြိုးခြံချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။
#mhtnews

(Zawgyi)
“ရွမ္းျပည္နယ္၏ ေျမအသုံးခ်မႈတြင္ ေျမဧက ၃၈ ဒသမ ၅ သန္းေက်ာ္အနက္ အသားတင္စိုက္ပ်ိဳးေျမမွာ ၃ ဒသမ ၁ သန္းဧကေက်ာ္ရွိ၍ ၁၀ ရာခိုင္ႏႈန္းခန႔္သာရွိသျဖင့္ ထိေရာက္အက်ိဳးရွိစြာ အသုံးခ်နိဳင္ရန္ လိုေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းတိုက္တြန္း”
ရွမ္းျပည္နယ္၏ ေျမအသုံးခ်မႈတြင္ ေျမဧက ၃၈ ဒသမ ၅ သန္းေက်ာ္အနက္ အသားတင္စိုက္ပ်ိဳးေျမမွာ ၃ ဒသမ ၁ သန္းဧကေက်ာ္ရွိ၍ ၁၀ ရာခိုင္ႏႈန္းခန႔္သာရွိ သျဖင့္ ထိေရာက္အက်ိဳးရွိစြာ အသုံးခ်နိဳင္ရန္ လိုေၾကာင္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ယမန္ေန႕တြင္ ေတာင္ႀကီးၿမိဳ႕ရွိ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ားႏွင့္ ျပည္နယ္အဆင့္ ဌာနဆိုင္ရာမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားရာ၌ တိုက္တြန္းေျပာၾကားသည္။
ဆက္လက္၍လည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးက ေဒသအလိုက္ စားေရရိကၡာ ဖူလုံေစေရးအတြက္ မ်ိဳး၊ ေျမ၊ ေရ ႏွင့္ စိုက္နည္းစနစ္တို႔ မွန္ကန္ေကာင္းမြန္စြာျဖင့္ ေဒသအလိုက္သတ္မွတ္ထားေသာ ပန္းတိုင္အထြက္ႏႈန္းရရွိေအာင္ ေဆာင္႐ြက္ရန္ လိုေၾကာင္း၊ ရွိၿပီးျဖစ္သည့္ ေျမကို သီးထပ္၊ သီးညွပ္မ်ားျဖင့္ အထြက္ႏႈန္းျမင့္မားေအာင္ ေဆာင္႐ြက္ျခင္းသည္ ေျမယာအသစ္ေဖာ္ထုတ္လုပ္ကိုင္ျခင္းထက္ အက်ိဳးမ်ားနိုင္ေၾကာင္း၊ ေဒသတြင္း သီးႏွံအထြက္ ဖူလုံမွသာ ျပင္ပသို႔တင္ပို႔ေရာင္းခ်နိဳင္ၿပီး တစ္ဦးခ်င္းဝင္ေငြတိုးတက္ရရွိမႈမွတစ္ဆင့္ ေငြေၾကးလည္ပတ္စီးဆင္းမႈ ျမင့္မားေစမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။
အလားတူ ေမြးျမဴေရးက႑တြင္လည္း အသား၊ ငါးႏွင့္ ဉထုတ္လုပ္မႈမ်ားကို ဖူလုံရန္အျပင္ ပိုလွ်ံေအာင္ ႀကိဳးပမ္းရန္ႏွင့္ တိရစ္ဆာန္စြန႔္ပစ္ပစၥည္းမ်ားကို စြမ္းေဆာင္ရည္ျမင့္ နည္းပညာမ်ားျဖင့္ ျပန္လည္အသုံးခ်နိဳင္ေရး ေဆာင္႐ြက္ရန္မွာလည္း အေရးႀကီးေၾကာင္း၊ ထို႔အျပင္ သစ္ေတာႀကိဳးဝိုင္း/ျပင္မ်ားမွ တရားမဝင္သစ္ခိုးထုတ္မႈမ်ားအျပင္ ေျမေပၚေျမေအာက္သယံဇာတခိုးထုတ္မႈမ်ားကို သက္ဆိုင္ရာ တာဝန္ရွိဌာန ဆိုင္ရာအဖြဲ႕အစည္းမ်ား၊ ေဒသခံမ်ားျဖင့္ပူးေပါင္း၍ ကာကြယ္တားဆီးထိန္းသိမ္းသြားရမည္ ျဖစ္ေၾကာင္း မွာၾကားခဲ့သည္။
ထို႔ေနာက္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးက နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ လမ္းၫႊန္သည့္ ဆီ ၂ ဆီကိစၥႏွင့္ပတ္သက္၍လည္း စားသုံးဆီအသုံးျပဳမႈ ေလွ်ာ့ခ်ရန္လိုသလို ျပည္တြင္းစားသုံးဆီ ဖူလုံပိုလွ်ံရန္ လိုအပ္ေၾကာင္း၊ ျပည္တြင္းဆီထြက္သီးႏွံ တိုးတက္ထုတ္လုပ္မႈကို တိုးျမႇင့္ျခင္းျဖင့္ က်န္းမာေရးအတြက္ အေထာက္အကူျပဳနိုင္သကဲ့သို႔ ျပည္ပမွ စားသုံးဆီတင္သြင္းမႈကို ေလွ်ာ့ခ်နိဳင္မွာျဖစ္၍ နိုင္ငံျခား ေငြသုံးစြဲမႈကို အတိုင္းအတာတစ္ခုအထိ ေခြၽတာနိုင္ မည္ျဖစ္ေၾကာင္း၊ အလားတူ စက္သုံးဆီသုံးစြဲမႈကိုလည္း ၿခိဳးၿခံေခြၽတာသုံးစြဲျခင္းျဖင့္ နိုင္ငံျခားေငြသုံးစြဲမႈကိုလည္း ေလွ်ာ့ခ်နိဳင္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္ဟု သတင္းရရွိသည္။
#mhtnews
Recent Comments