
ရုရှားခရီးသွားများက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လိုကြောင်း ပြီးခဲ့သည့် မတ်လ ၂၄ ရက်က ပြုလုပ်ခဲ့သည့် ဥရောပအာရှ စီးပွားရေးကော်မရှင်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ဆွေးနွေးကြစဉ် ကမ်းလှမ်းပြောဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ကမ်းလှမ်းမှုများရှိနေသော်လည်း လက်ရှိတွင် ရုရှား- မြန်မာတိုက်ရိုက်လေကြောင်းများ မရှိသေးသဖြင့် စင်းလုံးငှားလေယာဥ်ဖြင့် အဆင်ပြေမည်ဖြစ်ကြောင်း ဟိုတယ်/ခရီးဝန်ကြီးဌာနမှ အကြံပြုခဲ့ကြောင်းနှင့် အဆိုပါ ရုရှားခရီးသွားများအနေဖြင့် မြန်မာနိုင်ငံရှိ လည်ပတ်စရာနေရာများကို သိရှိထားပြီးဖြစ်ကာ ကမ်းခြေဒေသများကို ပိုမိုနှစ်သက်ကြောင်း ပြောဆိုကြောင်း ဟိုတယ်/ ခရီးဝန်ကြီးဌာန၏ ဒုတိယအမြဲတမ်းအတွင်းဝန်က ပြောသည်ဟု ပေါ်ပြူလာသတင်းက ဖော်ပြသည်။
မြန်မာနိုင်ငံအနေဖြင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ဧပြီ ၁၇ ရက်နေ့တွင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်းလိုင်းများကို ပြန်လည်ဖွင့်လှစ်မည်ဟု ထုတ်ပြန်ကြေညာထားပြီး ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပြင် ခရီးသွားပြည်သူများ အရာရာအဆင်ပြေစေရေးအတွက် ဌာနပေါင်းစုံတို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“႐ုရွားခရီးသြားမ်ားက ျမန္မာနိုင္ငံရွိလည္ပတ္စရာေနရာမ်ားကို သိရွိထားၾကၿပီး လာေရာက္လည္ပတ္လိုေၾကာင္း ကမ္းလွမ္း”
႐ုရွားခရီးသြားမ်ားက ျမန္မာနိုင္ငံသို႔ လာေရာက္လည္ပတ္လိုေၾကာင္း ၿပီးခဲ့သည့္ မတ္လ ၂၄ ရက္က ျပဳလုပ္ခဲ့သည့္ ဥေရာပအာရွ စီးပြားေရးေကာ္မရွင္ႏွင့္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနတို႔ ေဆြးႏြေးၾကစဥ္ ကမ္းလွမ္းေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထိုသို႔ကမ္းလွမ္းမႈမ်ားရွိေနေသာ္လည္း လက္ရွိတြင္ ႐ုရွား- ျမန္မာတိုက္ရိုက္ေလေၾကာင္းမ်ား မရွိေသးသျဖင့္ စင္းလုံးငွားေလယာဥ္ျဖင့္ အဆင္ေျပမည္ျဖစ္ေၾကာင္း ဟိုတယ္/ခရီးဝန္ႀကီးဌာနမွ အႀကံျပဳခဲ့ေၾကာင္းႏွင့္ အဆိုပါ ႐ုရွားခရီးသြားမ်ားအေနျဖင့္ ျမန္မာနိုင္ငံရွိ လည္ပတ္စရာေနရာမ်ားကို သိရွိထားၿပီးျဖစ္ကာ ကမ္းေျခေဒသမ်ားကို ပိုမိုႏွစ္သက္ေၾကာင္း ေျပာဆိုေၾကာင္း ဟိုတယ္/ ခရီးဝန္ႀကီးဌာန၏ ဒုတိယအၿမဲတမ္းအတြင္းဝန္က ေျပာသည္ဟု ေပၚျပဴလာသတင္းက ေဖာ္ျပသည္။
ျမန္မာနိုင္ငံအေနျဖင့္ ျမန္မာႏွစ္ဆန္းတစ္ရက္ေန႕ျဖစ္သည့္ ဧၿပီ ၁၇ ရက္ေန႕တြင္ ခရီးသြားက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေလေၾကာင္းလိုင္းမ်ားကို ျပန္လည္ဖြင့္လွစ္မည္ဟု ထုတ္ျပန္ေၾကညာထားၿပီး ကိုဗစ္- ၁၉ ေရာဂါ ကူးစက္မႈမျဖစ္ပြားေစေရးႏွင့္ လုံၿခဳံေရးဆိုင္ရာ ကိစၥရပ္မ်ားအျပင္ ခရီးသြားျပည္သူမ်ား အရာရာအဆင္ေျပေစေရးအတြက္ ဌာနေပါင္းစုံတို႔မွ ပူးေပါင္းပါဝင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
#mhtnews
Recent Comments