
ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံ နှင့် အနောက်နိုင်ငံများအကြား တင်းမာမှုမြင့်တက်နေချိန်အတွင်းမှာပင် ဧပြီ ၂၀ ရက်က ဆာမတ်(Sarmat) တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ရုရှားနိုင်ငံက ထုတ်ဖော်ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းက ဖော်ပြသည်။
ယင်းဒုံးကျည်ကို မော်စကိုစံတော်ချိန် ၁၅ နာရီ ၁၂ မိနစ် (ဂရင်းနစ်စံတော်ချိန် ၁၂၁၂ နာရီ)တွင် ရုရှားနိုင်ငံ၏ အနောက်မြောက်ပိုင်း Arkhangelsk ဒေသရှိ Plesetsk ဒုံးပျံလွှတ်တင်ရေးဌာန မြေအောက်ဒုံးပစ်စင်တစ်ခုမှနေ၍ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
အဆိုပါ ဒုံးကျည်ထိပ်ဖူးသည် Kamchatka ရေလက်ကြားပေါ်ရှိ Kura ဒုံးပစ်ကွင်းသတ်မှတ်နေရာသို့ ထိမှန် ကျရောက်ခဲ့ကြောင်း နှင့် စမ်းသပ်မှုမှာ အပြည့်အဝ အောင်မြင်မှုရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
စမ်းသပ်မှုအပြီးတွင် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ဒုံးကျည်သစ်နှင့်ပတ်သက်၍ “ အဆင့်မြင့်ဆုံးနည်းဗျူဟာပိုင်း နဲ့ နည်းပညာပိုင်းဆိုင်ရာ အသွင်သဏ္ဍာန်တွေ ပေါင်းစပ်တီထွင်ထားတဲ့ Sarmat တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ဟာ အားလုံးသော နောက်ဆုံးပေါ် ခေတ်မီဒုံးခွင်းဒုံး ကာကွယ်ရေးစနစ်အားလုံးကို ရှောင်ကွင်းကျော်လွှားသွားနိုင်စွမ်းရှိပါတယ် ” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ဆာမတ်ဒုံးကျည်သည် ရုရှားနိုင်ငံစစ်တပ်အတွက် တိုက်ပွဲဝင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်သလို ရုရှားနိုင်ငံအား ပြည်ပမှ ခြိမ်းခြောက်မှုများကိုလည်း နှင့် “ အအကာအကွယ်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်းမျက်ဒေါသနဲ့ ရန်လိုပြောဆိုတက်သူတွေ ၊ ကျွန်ုပ်တို့နိုင်ငံကို ခြိမ်းခြောက်ဖို့ ကြိုးပမ်းသူတွေ စဉ်းစားကြဖို့ပါပဲ”ဟု ရုရှားနိုင်ငံ၏ ထိပ်တန်းကာကွယ်ရေးအရာရှိကြီးများနှင့်အတူ ပြုလုပ်သော အွန်လိုင်းအစည်းအဝေးတစ်ခုတွင် ပူတင်က ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“႐ုရွားက Sarmat တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈ ေအာင္ျမင္ၿပီး ၿခိမ္းေျခာက္ရန္ ႀကိဳးပမ္းသူမ်ား စဥ္းစားၾကဖို႔ သမၼတ ပူတင္ေျပာဆို”
ယူကရိန္းအေရးႏွင့္ပတ္သက္၍ ႐ုရွားနိုင္ငံ ႏွင့္ အေနာက္နိုင္ငံမ်ားအၾကား တင္းမာမႈျမင့္တက္ေနခ်ိန္အတြင္းမွာပင္ ဧၿပီ ၂၀ ရက္က ဆာမတ္(Sarmat) တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္တစ္စင္းကို ေအာင္ျမင္စြာ စမ္းသပ္ပစ္လႊတ္ခဲ့ေၾကာင္း ႐ုရွားနိုင္ငံက ထုတ္ေဖာ္ေၾကညာခဲ့သည္ဟု ဆင္ဟြာသတင္းက ေဖာ္ျပသည္။
ယင္းဒုံးက်ည္ကို ေမာ္စကိုစံေတာ္ခ်ိန္ ၁၅ နာရီ ၁၂ မိနစ္ (ဂရင္းနစ္စံေတာ္ခ်ိန္ ၁၂၁၂ နာရီ)တြင္ ႐ုရွားနိုင္ငံ၏ အေနာက္ေျမာက္ပိုင္း Arkhangelsk ေဒသရွိ Plesetsk ဒုံးပ်ံလႊတ္တင္ေရးဌာန ေျမေအာက္ဒုံးပစ္စင္တစ္ခုမွေန၍ ပစ္လႊတ္ခဲ့ျခင္းျဖစ္ေၾကာင္း ႐ုရွားနိုင္ငံကာကြယ္ေရးဝန္ႀကီးဌာနက ဆိုသည္။
အဆိုပါ ဒုံးက်ည္ထိပ္ဖူးသည္ Kamchatka ေရလက္ၾကားေပၚရွိ Kura ဒုံးပစ္ကြင္းသတ္မွတ္ေနရာသို႔ ထိမွန္ က်ေရာက္ခဲ့ေၾကာင္း ႏွင့္ စမ္းသပ္မႈမွာ အျပည့္အဝ ေအာင္ျမင္မႈရွိေၾကာင္း ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တစ္ေစာင္တြင္ ေဖာ္ျပထားသည္။
စမ္းသပ္မႈအၿပီးတြင္ ႐ုရွားနိုင္ငံသမၼတဗလာတီမာပူတင္က ဒုံးက်ည္သစ္ႏွင့္ပတ္သက္၍ အဆင့္ျမင့္ဆုံးနည္းဗ်ဴဟာပိုင္း နဲ႕ နည္းပညာပိုင္းဆိုင္ရာ အသြင္သ႑ာန္ေတြ ေပါင္းစပ္တီထြင္ထားတဲ့ Sarmat တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ဟာ အားလုံးေသာ ေနာက္ဆုံးေပၚ ေခတ္မီဒုံးခြင္းဒုံး ကာကြယ္ေရးစနစ္အားလုံးကို ေရွာင္ကြင္းေက်ာ္လႊားသြားနိုင္စြမ္းရွိပါတယ္ ဟု ထုတ္ေဖာ္ေျပာၾကားခဲ့သည္။
ဆာမတ္ဒုံးက်ည္သည္ ႐ုရွားနိုင္ငံစစ္တပ္အတြက္ တိုက္ပြဲဝင္စြမ္းေဆာင္ရည္ကို ျမႇင့္တင္ေပးနိုင္မည္ျဖစ္သလို ႐ုရွားနိုင္ငံအား ျပည္ပမွ ၿခိမ္းေျခာက္မႈမ်ားကိုလည္း ႏွင့္ အအကာအကြယ္ေပးနိုင္လိမ့္မည္ျဖစ္ေၾကာင္းမ်က္ေဒါသနဲ႕ ရန္လိုေျပာဆိုတက္သူေတြ ၊ ကျွန်ုပ်တို့နိုင်ငံကို ၿခိမ္းေျခာက္ဖို႔ ႀကိဳးပမ္းသူေတြ စဥ္းစားၾကဖို႔ပါပဲဟု ႐ုရွားနိုင္ငံ၏ ထိပ္တန္းကာကြယ္ေရးအရာရွိႀကီးမ်ားႏွင့္အတူ ျပဳလုပ္ေသာ အြန္လိုင္းအစည္းအေဝးတစ္ခုတြင္ ပူတင္က ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
#mhtnews
Recent Comments