
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ (၁၅)ကြိမ် မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ နားသအလှူမင်္ဂလာကို ဧပြီ ၁၁ ရက်နှင့် ၁၂ နေ့တို့တွင် တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမနှင့် ရွှေတြိဂံရိပ်သာကြီး၌ ကျန်းမာရေးဆိုင်ရာလမ်းညွှန်မှုများနှင့်အညီ ကျင်းပရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ဦးစိုင်းလုံးဆိုင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့ အသီးသီးမှရဟန်းခံ၊ ရှင်သာမဏေ၊ နားသကြမည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ တိုင်းမှူး နှင့်တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့ အသီးသီးမှ ရဟန်းခံ၊ ရှင်လောင်း၊ နားသကြမည့်အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကဧပြီ၁၁ရက်တွင် ရှင်လောင်း လှည့်လည်ယာဉ်များဖြင့် ကျိုင်းတုံမြို့အတွင်းရှိ တန်ခိုးကြီးဘုရားပုထိုးစေတီတော်များအား လှည့်လည် ပူဇော်ကြသည်။
ထို့နောက် ရဟန်းခံ၊ ရှင်လောင်း၊ နားသများအား ဆံချခြင်းမင်္ဂလာကို တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ ဆက်လက်ပြုလုပ်ကြရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊တိုင်းမှူးနှင့် တာဝန်ရှိသူ များ၊ ရဟန်း၊ ရှင်သာမဏေ၊ နားသများက စိန်ပန်းကျောင်းကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တအဂ္ဂဝံသ အမှူးပြုသော ဆရာတော်ကြီးများထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ယင်းနောက် ရဟန်းခံ၊ ရှင်လောင်း၊ နားသကြမည့် ရဟန်း ၁၅၉ ပါး၊ ရှင်သာမဏေ ၅၁ ပါး၊ သီလရှင် ၁၅ ပါး စုစုပေါင်း ၂၂၅ ပါးကို ဆံချကာ သင်္ကန်းစည်းပေးခြင်းနှင့် သာသနာ့ဘောင်သို့ သွတ်သွင်းပေးခြင်းများ ဆောင်ရွက်ကြသည်။
ယနေ့တွင် သိမ်ထွက်ရဟန်းသံဃာတော်များအား ရွှေတြိဂံရိပ်သာကြီး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သိမ်ဆွမ်းများ လောင်းလှူ ကြပြီးကျိုင်းယင်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ အမှူးပြုသောသံဃာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များနာယူဆောက်တည်၍ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ အလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့ အတွက်ရေစက်သွန်းချအမျှဝေခဲ့ကြောင်းနှင့် သံဃာတော်များအား နေဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
#mhtnews

(Zawgyi)
“ရဟန္း၊ ရွင္သာမေဏ၊ သီလရွင္ စုစုေပါင္း ၂၂၅ ပါးပါဝင္ေသာ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၏ (၁၅) ႀကိမ္ေျမာက္ စုေပါင္းရဟန္းခံ၊ ရွင္ျပဳ၊ နားသအလႉမဂၤလာျပဳလုပ္”
ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၏ (၁၅)ႀကိမ္ ေျမာက္ စုေပါင္းရဟန္းခံ၊ ရွင္ျပဳ၊ နားသအလႉမဂၤလာကို ဧၿပီ ၁၁ ရက္ႏွင့္ ၁၂ ေန႕တို႔တြင္ တိုင္းစစ္ဌာနခ်ဳပ္ ျပည္ၿငိမ္းေအးခန္းမႏွင့္ ေ႐ႊႀတိဂံရိပ္သာႀကီး၌ က်န္းမာေရးဆိုင္ရာလမ္းၫႊန္မႈမ်ားႏွင့္အညီ က်င္းပရာနိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္ဦးစိုင္းလုံးဆိုင္၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးဗိုလ္ခ်ဳပ္မ်ိဳးမင္းထြန္းႏွင့္အဖြဲ႕ဝင္မ်ား၊ ျပည္နယ္အဆင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ တပ္ရင္း/တပ္ဖြဲ႕ အသီးသီးမွရဟန္းခံ၊ ရွင္သာမေဏ၊ နားသၾကမည့္ အရာရွိ၊ စစ္သည္၊ မိသားစုဝင္မ်ား တက္ေရာက္ၾကသည္။
နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္၊ တိုင္းမႉး ႏွင့္တာဝန္ရွိသူမ်ား၊ တပ္ရင္း/တပ္ဖြဲ႕ အသီးသီးမွ ရဟန္းခံ၊ ရွင္ေလာင္း၊ နားသၾကမည့္အရာရွိ၊ စစ္သည္၊ မိသားစုဝင္မ်ားကဧၿပီ၁၁ရက္တြင္ ရွင္ေလာင္း လွည့္လည္ယာဥ္မ်ားျဖင့္ က်ိဳင္းတုံၿမိဳ႕အတြင္းရွိ တန္ခိုးႀကီးဘုရားပုထိုးေစတီေတာ္မ်ားအား လွည့္လည္ ပူေဇာ္ၾကသည္။
ထို႔ေနာက္ ရဟန္းခံ၊ ရွင္ေလာင္း၊ နားသမ်ားအား ဆံခ်ျခင္းမဂၤလာကို တိုင္းစစ္ဌာနခ်ဳပ္ ျပည္ၿငိမ္းေအးခန္းမ၌ ဆက္လက္ျပဳလုပ္ၾကရာနိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္၊တိုင္းမႉးႏွင့္ တာဝန္ရွိသူ မ်ား၊ ရဟန္း၊ ရွင္သာမေဏ၊ နားသမ်ားက စိန္ပန္းေက်ာင္းေက်ာင္းတိုက္ဆရာေတာ္ဘဒၵႏၱအဂၢဝံသ အမႉးျပဳေသာ ဆရာေတာ္ႀကီးမ်ားထံမွ ငါးပါးသီလႏွင့္ ပရိတ္တရားေတာ္မ်ား နာယူၾကည္ညိုၾကသည္။
ယင္းေနာက္ ရဟန္းခံ၊ ရွင္ေလာင္း၊ နားသၾကမည့္ ရဟန္း ၁၅၉ ပါး၊ ရွင္သာမေဏ ၅၁ ပါး၊ သီလရွင္ ၁၅ ပါး စုစုေပါင္း ၂၂၅ ပါးကို ဆံခ်ကာ သကၤန္းစည္းေပးျခင္းႏွင့္ သာသနာ့ေဘာင္သို႔ သြတ္သြင္းေပးျခင္းမ်ား ေဆာင္႐ြက္ၾကသည္။
ယေန႕တြင္ သိမ္ထြက္ရဟန္းသံဃာေတာ္မ်ားအား ေ႐ႊႀတိဂံရိပ္သာႀကီး၌ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဝင္၊ တိုင္းမႉးႏွင့္တာဝန္ရွိသူမ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုဝင္မ်ားက သိမ္ဆြမ္းမ်ား ေလာင္းလႉ ၾကၿပီးက်ိဳင္းယင္းေက်ာင္းတိုက္ ဆရာေတာ္ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၱေခမာစာရ အမႉးျပဳေသာသံဃာေတာ္မ်ားထံမွ ငါးပါးသီလႏွင့္ ပရိတ္တရားေတာ္မ်ားနာယူေဆာက္တည္၍ သံဃာေတာ္မ်ားအား လႉဖြယ္ပစၥည္းမ်ား၊ အလႉေငြမ်ား ဆက္ကပ္လႉဒါန္းၾကၿပီး လႉဒါန္းမႈအစုစုတို႔ အတြက္ေရစက္သြန္းခ်အမွ်ေဝခဲ့ေၾကာင္းႏွင့္ သံဃာေတာ္မ်ားအား ေနဆြမ္းမ်ားဆက္ကပ္ လႉဒါန္းခဲ့ေၾကာင္းသိရသည္။
#mhtnews
Recent Comments