ရန်ကုန်မြို့၌ ၂၀၂၂ ခုနှစ် မဟာသင်္ကြန်ကာလ ရေးကစားမဏ္ဍပ်များကို ဆောက်လုပ်ခွင့်ပြုမည်ဖြစ်ပြီး လျှောက်ထားမှုပေါ်မူတည်၍ မဏ္ဍပ်အကြီးနှင့်အလတ်များကို စနစ်တ ကျခွင့်ပြုနေရာချထားပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့ (ဧပြီ ၃ ရက်)တွင် အသိပေးထုတ်ပြန်လိုက်သည်။

သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မိသားစုမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များကိုလျှောက်ထားလာပါက ရေအခြေအနေပေါ်မူတည်၍ လည်းကောင်း၊ ယာဉ်ကြောကျပ်တည်းမှုအခြေအနေပေါ်မူတည်၍ လည်းကောင်း၊ မဏ္ဍပ်အကြီးနှင့်အလတ်များကို စနစ်တကျခွင့်ပြုနေရာချထားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေကစားမဏ္ဍပ် ပြုလုပ်လိုသူများအနေဖြင့် ဧပြီ ၄ ရက်မှ ၈ ရက်အထိ လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ကာ သတ်မှတ်စည်းကမ်းချက်များနှင့်လျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)တွင် ရယူနိုင်ကြောင်း နှင့် သတ်မှတ်ရက်ထက် နောက်ကျလျှောက်ထားသော လျှောက်လွှာများကို လက်ခံစဉ်းစားပေးမည်မဟုတ်ကြောင်း အသိပေး ကြေညာထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုများနှင့်အညီ ကျင်းပနိုင်ရေးအတွက်လည်း ကော်မတီများဖွဲ့စည်း၍ စနစ်တကျစီစဉ်ဆောင်ရွက်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ကိုလည်း ထည့်သွင်းနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ရန္ကုန္ၿမိဳ႕၌ ေရးကစားမ႑ပ္မ်ားကို ေဆာက္လုပ္ခြင့္ျပဳမည္ျဖစ္ၿပီး ေလွ်ာက္ထားမႈေပၚမူတည္၍ မ႑ပ္အႀကီးႏွင့္ အလတ္မ်ားကို စနစ္တ က်ခြင့္ျပဳေနရာခ်ထားေပးမည္”

ရန္ကုန္ၿမိဳ႕၌ ၂၀၂၂ ခုႏွစ္ မဟာသၾကၤန္ကာလ ေရးကစားမ႑ပ္မ်ားကို ေဆာက္လုပ္ခြင့္ျပဳမည္ျဖစ္ၿပီး ေလွ်ာက္ထားမႈေပၚမူတည္၍ မ႑ပ္အႀကီးႏွင့္အလတ္မ်ားကို စနစ္တ က်ခြင့္ျပဳေနရာခ်ထားေပးမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ယေန႕ (ဧၿပီ ၃ ရက္)တြင္ အသိေပးထုတ္ျပန္လိုက္သည္။

သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီ မိသားစုမ႑ပ္မ်ား၊ ေဖ်ာ္ေျဖေရးမ႑ပ္မ်ားကိုေလွ်ာက္ထားလာပါက ေရအေျခအေနေပၚမူတည္၍ လည္းေကာင္း၊ ယာဥ္ေၾကာက်ပ္တည္းမႈအေျခအေနေပၚမူတည္၍ လည္းေကာင္း၊ မ႑ပ္အႀကီးႏွင့္အလတ္မ်ားကို စနစ္တက်ခြင့္ျပဳေနရာခ်ထားေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ေရကစားမ႑ပ္ ျပဳလုပ္လိုသူမ်ားအေနျဖင့္ ဧၿပီ ၄ ရက္မွ ၈ ရက္အထိ ေလွ်ာက္ထားေဆာင္႐ြက္ရမည္ျဖစ္ကာ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္ေလွ်ာက္လႊာမ်ားကို ရန္ကုန္တိုင္းေဒသႀကီး စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန (လမ္းႏွင့္တံတား)တြင္ ရယူနိုင္ေၾကာင္း ႏွင့္ သတ္မွတ္ရက္ထက္ ေနာက္က်ေလွ်ာက္ထားေသာ ေလွ်ာက္လႊာမ်ားကို လက္ခံစဥ္းစားေပးမည္မဟုတ္ေၾကာင္း အသိေပး ေၾကညာထားသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း၌ ျမန္မာ့ရိုးရာမဟာသၾကၤန္ပြဲေတာ္ကို ရိုးရာယဥ္ေက်းမႈမ်ားႏွင့္အညီ က်င္းပနိုင္ေရးအတြက္လည္း ေကာ္မတီမ်ားဖြဲ႕စည္း၍ စနစ္တက်စီစဥ္ေဆာင္႐ြက္လ်က္ရွိၿပီး လမ္းေလွ်ာက္သၾကၤန္ကိုလည္း ထည့္သြင္းနိုင္ေရး ေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရသည္။

#mhtnews