ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ရေကျော်လမ်းရှိ YMBA အသင်းရဲ့ အဆောက်အအုံကို NUG သြဇာခံ အကြမ်းဖက်အုပ်စုက ဧပြီ ၁၃ ရက်နေ့ ည ၇နာရီအချိန်မှာ နှစ်ကြိမ်တိုင်တိုင်လာရောက်တိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူများထံမှ သိရှိရပါတယ်။
ဖြစ်စဉ်မှ YMBA အသင်းရဲ့အဆောက်အအုံရှိရာနေရာကို အကြမ်းဖက်အုပ်စုက ကားပေါ်ကနေ လက်ပစ်ဗုံးပစ်ပြီး တိုက်ခိုက်ခဲ့တဲ့အတွက် လုံခြုံရေးတာဝန်ရှိသူတွေက စစ်ဆေးမှုများပြုလုပ်နေစဥ်အချိန်မှာပဲ အကြမ်းဖက်အုပ်စုရဲ့ ကားတစ်စီးဟာ
YMBA အဆောက်အအုံအနီး တားဆီးထားတဲ့ ဘယ်ရီဂိတ်တွေကို အတင်းတိုးဝင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်မောင်းနှင်ထွက်ပြေးတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ပြီး လိုက်လံရှင်းလင်းခဲ့ရာမှာတော့ ပရိုဘောက်ကားတစ်စီးနဲ့အတူ အကြမ်းဖက်သမားတစ်ဦးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဥ်အတွင်း လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခံရတဲ့အတွက် အဆောက်အဦးအနည်းငယ်ထိခိုက်ပျက်စီးသွားပြီး အပြစ်မဲ့ပြည်သူတစ်ဦးရဲ့ ကားတစ်စီးလည်း ဗုံးစထိမှန်ခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ကတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
#mhtnews
(Zawgyi)
“ရန်ကုန်မြို့ရှိ YMBA အသင်း၏ အဆောက်အအုံကို NUG သြဇာခံ အကြမ်းဖက်အုပ်စုက တစ်ညတည်း နှစ်ကြိမ်တိုက်ခိုက်၊ အကြမ်းဖက် သေနတ်သမားတစ်ဦးကို အသေဖမ်းမိ”
#mhtnews