
ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ်တွင် ယိမ်းအမျိုးအစား (၃) မျိုးကို ယိမ်းအဖွဲ့ (၃၉) ဖွဲ့တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ မဟာသင်္ကြန်ရေသဘင်ပွဲတော် အကဲဖြတ်ဆပ်ကော်မတီထံမှ သိရပါတယ်။
အတိုပါ သင်္ကြန်ယိမ်းအကပြိုင်ပွဲကို သင်္ကြန်အကြိုနေ့နဲ့ သင်္ကြန်အကျနေ့တွေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ယနေ့ သင်္ကြန်အကျနေ့မှာတော့ ဖျော်ဖြေရေးအစီအစဥ်အဖြစ် ကပြဖျော်ဖြေကြမှာဖြစ်ပါတယ်။
ယှဥ်ပြိုင်ခဲ့ကြတဲ့ ယိမ်းအမျိုးအစားနဲ့ အဖွဲ့တွေကတော့ ၁၂ ဦးယိမ်း၊ ၁၇ ဖွဲ့၊ ၁၆ ဦးယိမ်း ၁၇ ဖွဲ့နဲ့ ၂၀ ဦးယိမ်းမှာ ၅ ဖွဲ့တို့ဖြစ်ပြီး အကဲဖြတ်ပညာရှင် ၈ ဦးတို့ကိုဖိတ်ခေါ် အကဲဖတ်စေခဲ့ခြင်းဖြစ်ကာ ဆုပေးပွဲအခမ်းအနားကို နှစ်ဆန်းတစ်ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ချီးမြှင့်ဆုငွေအဖြစ် ပြိုင်ပွဲဝင် ယိမ်းအမျိုးအစားတစ်ခုချင်းစီအလိုက် ပထမဆုကို ဆုငွေ ၁၂ သိန်းကျပ်၊ ဒုတိယဆုကို ငွေကျပ် ၈ သိန်း၊ တတိယဆုကို ငွေကျပ် ၆ သိမ်း၊ နှစ်သိမ့်ဆုကို ငွေကျပ် ၅ သိမ်းနဲ့ ဆုမရရှိတဲ့ ပြိုင်ပွဲဝင်အသင်းတွေကိုတော့ ဆုငွေ ၃ သိန်းစီ ချီးမြှင့်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
#mhtnews

(Zawgyi)
“ရန္ကုန္ၿမိဳ႕ေတာ္မဟာသၾကၤန္ေရသဘင္ပြဲေတာ္ ဗဟိုမ႑ပ္တြင္ ယိမ္းအမ်ိဳးအစား (၃) မ်ိဳးကို ယိမ္းအဖြဲ႕ (၃၉) ဖြဲ႕တို႔က ဝင္ေရာက္ယွဥ္ၿပိဳင္”
ရန္ကုန္ၿမိဳ႕ေတာ္မဟာသၾကၤန္ေရသဘင္ပြဲေတာ္ ဗဟိုမ႑ပ္တြင္ ယိမ္းအမ်ိဳးအစား (၃) မ်ိဳးကို ယိမ္းအဖြဲ႕ (၃၉) ဖြဲ႕တို႔က ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတယ္လို႔ မဟာသၾကၤန္ေရသဘင္ပြဲေတာ္ အကဲျဖတ္ဆပ္ေကာ္မတီထံမွ သိရပါတယ္။
အတိုပါ သၾကၤန္ယိမ္းအကၿပိဳင္ပြဲကို သၾကၤန္အႀကိဳေန႕နဲ႕ သၾကၤန္အက်ေန႕ေတြမွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ယေန႕ သၾကၤန္အက်ေန႕မွာေတာ့ ေဖ်ာ္ေျဖေရးအစီအစဥ္အျဖစ္ ကျပေဖ်ာ္ေျဖၾကမွာျဖစ္ပါတယ္။
ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ ယိမ္းအမ်ိဳးအစားနဲ႕ အဖြဲ႕ေတြကေတာ့ ၁၂ ဦးယိမ္း၊ ၁၇ ဖြဲ႕၊ ၁၆ ဦးယိမ္း ၁၇ ဖြဲ႕နဲ႕ ၂၀ ဦးယိမ္းမွာ ၅ ဖြဲ႕တို႔ျဖစ္ၿပီး အကဲျဖတ္ပညာရွင္ ၈ ဦးတို႔ကိုဖိတ္ေခၚ အကဲဖတ္ေစခဲ့ျခင္းျဖစ္ကာ ဆုေပးပြဲအခမ္းအနားကို ႏွစ္ဆန္းတစ္ရက္ေန႕မွာ ျပဳလုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။
အလားတူ ခ်ီးျမႇင့္ဆုေငြအျဖစ္ ၿပိဳင္ပြဲဝင္ ယိမ္းအမ်ိဳးအစားတစ္ခုခ်င္းစီအလိုက္ ပထမဆုကို ဆုေငြ ၁၂ သိန္းက်ပ္၊ ဒုတိယဆုကို ေငြက်ပ္ ၈ သိန္း၊ တတိယဆုကို ေငြက်ပ္ ၆ သိမ္း၊ ႏွစ္သိမ့္ဆုကို ေငြက်ပ္ ၅ သိမ္းနဲ႕ ဆုမရရွိတဲ့ ၿပိဳင္ပြဲဝင္အသင္းေတြကိုေတာ့ ဆုေငြ ၃ သိန္းစီ ခ်ီးျမႇင့္သြားမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။
#mhtnews
Recent Comments