
ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားနှင့် သင်္ကြန်ယိမ်းပြိုင်ပွဲများမှ ဆုရရှိသည့် ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်) ညနေ (၅) နာရီတွင်ကျင်းပသည်။
ပိတ်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးဝင်းတင့်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှုးနှင့် ကော်မတီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံတမန်များနှင့် စစ်သံမှူးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဌာနများမှ ဌာနမှူးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာ နိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ ဌာနဆိုင်ရာများနှင့် ခရိုင်များမှ ယိမ်းအဖွဲ့များက ကျောက်ဆည်ဆင်အကတို့ဖြင့် ဖျော်ဖြေကြပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့မှ အနုပညာရှင်များက တေးသီချင်းများဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားနှင့် ကာယပညာ ဆပ်ကော်မတီမှ ခေတ်ပေါ်အကများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။
ညနေပိုင်းတွင် ၁၃၈၃-ခုနှစ် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ယနေ့သည် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ် မြန်မာ့နှစ်ဆန်းသို့ ကူးပြောင်းမည်ဖြစ်ရာ တစ်နှစ်တာကုန်ဆုံးသော နောက်ဆုံးရက် အတာနှစ်ကူးရက်မြတ်လည်းဖြစ်ကြောင်း၊ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနေ့တွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ပြည်သူပြည်သား၊ မြို့တော်သူမြို့တော်သားများအားလုံး နှလုံးစိတ်ဝမ်းအေးချမ်း၍ ရွှင်လန်းပျော်ရွှင်မှုအပေါင်းဖြင့် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားပြီး ၁၃၈၃-ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ပိတ်သိမ်းကြောင်း ကြေညာသည်။
ထို့နောက် ယိမ်းအဖွဲ့များမှ ဆုရရှိသောယိမ်းအဖွဲ့များကို ဆုများချီးမြှင့်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက (၁၂) ဦး ယိမ်းပြိုင်ပွဲမှ ဆုရရှိသော ယိမ်းအဖွဲ့များကို လည်းကောင်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် ညွန့်ဝင်းဆွေက (၁၆)ဦး ယိမ်းပြိုင်ပွဲမှ ဆုရရှိသောယိမ်းအဖွဲ့များကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်က အယောက် (၂၀) ယိမ်းပြိုင်ပွဲမှ ဆုရရှိသော ယိမ်းအဖွဲ့များကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက (၁၂) ဦး ယိမ်းပြိုင်ပွဲမှ နှစ်သိမ့်ဆုရရှိသော ယိမ်းအဖွဲ့များကို လည်းကောင်း၊ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက (၁၆) ဦး ယိမ်းပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော ယိမ်းအဖွဲ့များကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က အယောက် (၂၀) အလွတ်တန်း ယိမ်းပြိုင်ပွဲမှ နှစ်သိမ့်ဆုရရှိသော ယိမ်းအဖွဲ့များကိုလည်းကောင်း ဆုများ ချီးမြှင့်ကြသည်။
ယင်းနောက် ဆုရရှိသော ယိမ်းအဖွဲ့များနှင့် အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ကြပြီး ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကြီး အေးချမ်းပျော်ရွှင် အောင်မြင်စွာဖြင့် ပြီးဆုံးခဲ့သည်။
၁၃၈၃-ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပြည်သူများလည်း ပျော်ရွှင်ချမ်းမြေ့စွာ ပါဝင်ဆင်နွဲခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များနှင့် စစ်သံမှုးများသည် မဟာဗန္ဓုလ ပန်းခြံနံဘေးရှိ လမ်းလျှောက်သင်္ကြန်ကိုလည်း သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ တက်ရောက်ချီးမြှင့်အားပေးခဲ့ကြကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ရန္ကုန္ၿမိဳ႕ေတာ္မဟာသၾကၤန္မ႑ပ္ ပိတ္ပြဲအခမ္းအနားႏွင့္ သၾကၤန္ယိမ္းၿပိဳင္ပြဲမ်ားမွ ဆုရရွိသည့္ ယိမ္းအဖြဲ႕မ်ားအား ဂုဏ္ျပဳဆုေငြမ်ား ခ်ီးျမႇင့္ျခင္းအခမ္းအနားတို႔ကို အထူးစည္ကားစြာက်င္းပ”
ရန္ကုန္ၿမိဳ႕ေတာ္မဟာသၾကၤန္မ႑ပ္ ပိတ္ပြဲအခမ္းအနားႏွင့္ သၾကၤန္ယိမ္းၿပိဳင္ပြဲမ်ားမွ ဆုရရွိသည့္ ယိမ္းအဖြဲ႕မ်ားအား ဂုဏ္ျပဳဆုေငြမ်ား ခ်ီးျမႇင့္ျခင္းအခမ္းအနားကို ယေန႕ သၾကၤန္အတက္ေန႕ (ဧၿပီ ၁၆ ရက္) ညေန (၅) နာရီတြင္က်င္းပသည္။
ပိတ္ပြဲ အခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ဦးစိုးသိန္း၊ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမႈး ဗိုလ္ခ်ဳပ္ၫြန႔္ဝင္းေဆြ၊ လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႈးႀကီးဝင္းတင့္၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးဗိုလ္ေဌး၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝန္ႀကီးမ်ား၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီမွ ဒုတိယၿမိဳ႕ေတာ္ဝန္၊ အတြင္းေရးမႈးႏွင့္ ေကာ္မတီဝင္မ်ား၊ ျမန္မာနိုင္ငံဆိုင္ရာ နိုင္ငံျခား သံ႐ုံးမ်ားမွ သံတမန္မ်ားႏွင့္ စစ္သံမႉးမ်ား၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ဌာနမ်ားမွ ဌာနမႉးမ်ား၊ တာဝန္ရွိသူမ်ား၊ ဝန္ထမ္းမ်ားႏွင့္ မိသားစုဝင္မ်ား၊ ျမန္မာနိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၊ ျမန္မာ နိုင္ငံဂီတအစည္းအ႐ုံး၊ ျမန္မာနိုင္ငံသဘင္အစည္းအ႐ုံးတို႔မွ တာဝန္ရွိသူမ်ားႏွင့္ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။
ဦးစြာ ဌာနဆိုင္ရာမ်ားႏွင့္ ခရိုင္မ်ားမွ ယိမ္းအဖြဲ႕မ်ားက ေက်ာက္ဆည္ဆင္အကတို႔ျဖင့္ ေဖ်ာ္ေျဖၾကၿပီး ျမန္မာနိုင္ငံဂီတအစည္းအ႐ုံး၊ ျမန္မာနိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး၊ ျမန္မာနိုင္ငံ သဘင္အစည္းအ႐ုံးတို႔မွ အႏုပညာရွင္မ်ားက ေတးသီခ်င္းမ်ားျဖင့္လည္းေကာင္း၊ ရန္ကုန္တိုင္းေဒသႀကီး အမ်ိဳးသမီးအားကစားႏွင့္ ကာယပညာ ဆပ္ေကာ္မတီမွ ေခတ္ေပၚအကမ်ားျဖင့္လည္းေကာင္း ေဖ်ာ္ေျဖတင္ဆက္ၾကသည္။
ညေနပိုင္းတြင္ ၁၃၈၃-ခုႏွစ္ ျမန္မာ့ႏွစ္သစ္ကူးသၾကၤန္ပြဲေတာ္ ရန္ကုန္ၿမိဳ႕ေတာ္ မဟာသၾကၤန္မ႑ပ္ ပိတ္ပြဲအခမ္းအနားကို က်င္းပရာ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္းက ယေန႕သည္ ၁၃၈၃ ခုႏွစ္မွ ၁၃၈၄ ခုႏွစ္ ျမန္မာ့ႏွစ္ဆန္းသို႔ ကူးေျပာင္းမည္ျဖစ္ရာ တစ္ႏွစ္တာကုန္ဆုံးေသာ ေနာက္ဆုံးရက္ အတာႏွစ္ကူးရက္ျမတ္လည္းျဖစ္ေၾကာင္း၊ မဂၤလာအေပါင္းႏွင့္ျပည့္စုံေသာေန႕တြင္ ရန္ကုန္တိုင္းေဒသ ႀကီးအတြင္းရွိ ျပည္သူျပည္သား၊ ၿမိဳ႕ေတာ္သူၿမိဳ႕ေတာ္သားမ်ားအားလုံး ႏွလုံးစိတ္ဝမ္းေအးခ်မ္း၍ ႐ႊင္လန္းေပ်ာ္႐ႊင္မႈအေပါင္းျဖင့္ ဆုေတာင္းေမတၱာပို႔သအပ္ပါေၾကာင္း ေျပာၾကားၿပီး ၁၃၈၃-ခုႏွစ္ ရန္ကုန္ၿမိဳ႕ေတာ္ မဟာသၾကၤန္ေရသဘင္ပြဲေတာ္ကို ပိတ္သိမ္းေၾကာင္း ေၾကညာသည္။
ထို႔ေနာက္ ယိမ္းအဖြဲ႕မ်ားမွ ဆုရရွိေသာယိမ္းအဖြဲ႕မ်ားကို ဆုမ်ားခ်ီးျမႇင့္ရာ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္းက (၁၂) ဦး ယိမ္းၿပိဳင္ပြဲမွ ဆုရရွိေသာ ယိမ္းအဖြဲ႕မ်ားကို လည္းေကာင္း၊ ရန္ကုန္ တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႈး ဗိုလ္ခ်ဳပ္ ၫြန႔္ဝင္းေဆြက (၁၆)ဦး ယိမ္းၿပိဳင္ပြဲမွ ဆုရရွိေသာယိမ္းအဖြဲ႕မ်ားကို လည္းေကာင္း၊ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္ ေဒၚစႏၵာသြယ္က အေယာက္ (၂၀) ယိမ္းၿပိဳင္ပြဲမွ ဆုရရွိေသာ ယိမ္းအဖြဲ႕မ်ားကိုလည္းေကာင္း၊ ရန္ကုန္တိုင္းေဒသႀကီး လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးက (၁၂) ဦး ယိမ္းၿပိဳင္ပြဲမွ ႏွစ္သိမ့္ဆုရရွိေသာ ယိမ္းအဖြဲ႕မ်ားကို လည္းေကာင္း၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ဦးဗိုလ္ေဌးက (၁၆) ဦး ယိမ္းၿပိဳင္ပြဲတြင္ ႏွစ္သိမ့္ဆုရရွိေသာ ယိမ္းအဖြဲ႕မ်ားကိုလည္းေကာင္း၊ ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္ ဦးေဌးေအာင္က အေယာက္ (၂၀) အလြတ္တန္း ယိမ္းၿပိဳင္ပြဲမွ ႏွစ္သိမ့္ဆုရရွိေသာ ယိမ္းအဖြဲ႕မ်ားကိုလည္းေကာင္း ဆုမ်ား ခ်ီးျမႇင့္ၾကသည္။
ယင္းေနာက္ ဆုရရွိေသာ ယိမ္းအဖြဲ႕မ်ားႏွင့္ အႏုပညာရွင္မ်ားက ေဖ်ာ္ေျဖတင္ဆက္ၾကၿပီး ရန္ကုန္ၿမိဳ႕ေတာ္ မဟာသၾကၤန္ေရသဘင္ပြဲေတာ္ႀကီး ေအးခ်မ္းေပ်ာ္႐ႊင္ ေအာင္ျမင္စြာျဖင့္ ၿပီးဆုံးခဲ့သည္။
၁၃၈၃-ခုႏွစ္ ရန္ကုန္ၿမိဳ႕ေတာ္မဟာသၾကၤန္ ေရသဘင္ပြဲေတာ္ကို စည္ကားသိုက္ၿမိဳက္စြာ က်င္းပခဲ့ရာ ျပည္သူမ်ားလည္း ေပ်ာ္႐ႊင္ခ်မ္းေျမ့စြာ ပါဝင္ဆင္ႏြဲခဲ့ၾကၿပီး ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ားႏွင့္အတူ ျမန္မာနိုင္ငံဆိုင္ရာ သံတမန္မ်ားႏွင့္ စစ္သံမႈးမ်ားသည္ မဟာဗႏၶဳလ ပန္းၿခံနံေဘးရွိ လမ္းေလွ်ာက္သၾကၤန္ကိုလည္း သၾကၤန္အႀကိဳေန႕မွ သၾကၤန္အတက္ေန႕အထိ တက္ေရာက္ခ်ီးျမႇင့္အားေပးခဲ့ၾကေၾကာင္း သိရသည္။
#mhtnews
Recent Comments