ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်မှာ ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ကျင်းပမည် မဟုတ်ဘဲ ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ခြင်းပွဲတော်ကို ဧပြီ ၁၃ ရက်နေ့ တစ်ရက်တည်းသာ ရခိုင်ဓမ္မာရုံ၌ ပြုလုပ်မှာဖြစ်ကြောင်း ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း (ရန်ကုန်) ထံမှသိရသည်။

အဆိုပါ ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ခြင်းပွဲတော်ကို ၂၀၀၄ ခုနှစ်မှစတင်ကာ ၂၀၁၈ ခုနှစ်အထိ ၁၅ ကြိမ် ပြုလုပ်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါကြောင့် ပြုလုပ်နိုင်ခဲ့ခြင်း မရှိရာမှ ယခုအခါတွင်လည်း ရန်ကုန်မြို၌ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပမည်မဟုတ်ဘဲ ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ခြင်းပွဲတော်ကိုသာ အကျဥ်းချုံ၍ ပြုလုပ်မှာဖြစ်သည်။

ကိုဗစ်မဖြစ်ပွားမီက ရန်ကုန်မြို၌ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး ရခိုင်လှပျိုဖြူလေးများမှ ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ခြင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်မှာ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကျင်းပမည်မဟုတ်ဘဲ ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ခြင်းပွဲတော်သာ ပြုလုပ်မည်”


အဆိုပါ ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ခြင်းပွဲတော်ကို ၂၀၀၄ ခုနှစ်မှစတင်ကာ ၂၀၁၈ ခုနှစ်အထိ ၁၅ ကြိမ် ပြုလုပ်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါကြောင့် ပြုလုပ်နိုင်ခဲ့ခြင်း မရှိရာမှ ယခုအခါတွင်လည်း ရန်ကုန်မြို့၌ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပမည်မဟုတ်ဘဲ ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ခြင်းပွဲတော်ကိုသာ အကျဉ်းချု့၍ ပြုလုပ်မှာဖြစ်သည်။

ကိုဗစ်မဖြစ်ပွားမီက ရန်ကုန်မြို့၌ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး ရခိုင်လှပျိဖြူလေးများမှ ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ခြင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
#mhtnews