ရန်ကုန်စတော့အိတ်ချိန်း(YSX)စာရင်းဝင် အများပိုင်ကုမ္ပဏီတွေ ပေးဆောင်ရမယ့် ဝင်ငွေခွန်ပမာဏကို ယခင် ၂၀ ရာခိုင်နှုန်းကနေ ယခု ၁၇ ရာခိုင်နှုန်းသာ ကျသင့်ပေးဆောင်ဖို ၂၀၂၂ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ သတ်မှတ်ပြဌာန်းလိုက်ပါတယ်။
အဆိုပါ ဥပဒေပါ အကျိုးခံစားခွင့်ဟာ YSX စာရင်းဝင်ကုမ္ပဏီတွေအနေနဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ စတင်အကျိုးသက်ရောက်ခဲ့တာဖြစ်ပြီး အခွန် ၃ ရာခိုင်နှုန်း လျော့ကျသွားတဲ့အတွက် လုပ်ငန်းလည်ပတ်မှုတွေ ပိုမိုကောင်းမွန်လာနိုင်သလို ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝင်ကုမ္ပဏီတွေ တိုးလာစေရေးအတွက် အများကြီး ဆွဲဆောင်မှုဖြစ်စေတယ်လိုလည်း ကုမ္ပဏီလုပ်ငန်းရှင်တွေက သုံးသပ်ထားကြပါတယ်။
ယခုပြဌာန်းလိုက်တဲ့ဥပဒေမှာ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေအပေါ်မှာတော့ ယခင်ဥပဒေပါ သတ်မှတ်ချက်ဖြစ်တဲ့ ကျပ်သိန်း ၁၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀၀ အထိ ၁၅ ရာခိုင်နှုန်းနဲ့ ကျပ် ၃၀၀၀၁ သိန်းအထက်ကိုတော့ ၃၀ ရာခိုင်နှုန်း ပေးဆောင်ဖို ပြဌာန်းထားပြီး အခြေခံအဆောက်အအုံ တည်ဆောက်ပြုပြင်ရောင်းချခြင်းမှ ရောင်းရငွေအပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်း ပေးဆောင်ဖို ယခင်အတိုင်း သတ်မှတ်ထားတယ်လို သိရပါတယ်။
#mhtnews
(Zawgyi)
“ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတွေ ပေးဆောင်ရမယ့် ဝင်ငွေခွန်ကို ၂၀ ရာခိုင်နှုန်းကနေ ၁၇ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်”
ရန်ကုန်စတော့အိတ်ချိန်း(YSX)စာရင်းဝင် အများပိုင်ကုမ္ပဏီတွေ ပေးဆောင်ရမယ့် ဝင်ငွေခွန်ပမာဏကို ယခင် ၂၀ ရာခိုင်နှုန်းကနေ ယခု ၁၇ ရာခိုင်နှုန်းသာ ကျသင့်ပေးဆောင်ဖို့ ၂၀၂၂ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ သတ်မှတ်ပြဌာန်းလိုက်ပါတယ်။
အဆိုပါ ဥပဒေပါ အကျိးခံစားခွင့်ဟာ YSX စာရင်းဝင်ကုမ္ပဏီတွေအနေနဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ စတင်အကျိးသက်ရောက်ခဲ့တာဖြစ်ပြီး အခွန် ၃ ရာခိုင်နှုန်း လျော့ကျသွားတဲ့အတွက် လုပ်ငန်းလည်ပတ်မှုတွေ ပိုမိုကောင်းမွန်လာနိုင်သလို ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝင်ကုမ္ပဏီတွေ တိုးလာစေရေးအတွက် အများကြီး ဆွဲဆောင်မှုဖြစ်စေတယ်လို့လည်း ကုမ္ပဏီလုပ်ငန်းရှင်တွေက သုံးသပ်ထားကြပါတယ်။
ယခုပြဌာန်းလိုက်တဲ့ဥပဒေမှာ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေအပေါ်မှာတော့ ယခင်ဥပဒေပါ သတ်မှတ်ချက်ဖြစ်တဲ့ ကျပ်သိန်း ၁၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀၀ အထိ ၁၅ ရာခိုင်နှုန်းနဲ့ ကျပ် ၃၀၀၀၁ သိန်းအထက်ကိုတော့ ၃၀ ရာခိုင်နှုန်း ပေးဆောင်ဖို့ ပြဌာန်းထားပြီး အခြေခံအဆောက်အအုံ တည်ဆောက်ပြုပြင်ရောင်းချခြင်းမှ ရောင်းရငွေအပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်း ပေးဆောင်ဖို့ ယခင်အတိုင်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။
#mhtnews
Recent Comments