
သင်္ကြန်ကာလအလွန်ဖြစ်သည့် ရန်ကုန်မြို့ရှိ ငါးစျေးများ ပြန်လည်ဖွင့်လှစ်ချိန်၌ ငါး၊ ပုစွန်အပါအဝင် ရေထွက်ကုန်များ ဝင်ရောက်မှု ပိုများလာခဲ့ကြောင်း ကုန်သည်၊ ပွဲစားများထံမှ သိရသည်။
“ရေထွက်ကုန်က ပြန်ပြီးအဝင်များလာတယ်၊ အဝင်များတယ်ဆိုတာက ကြားထဲမှာပိတ်ရက်တွေ အများကြီး ဖြစ်သွားတာလည်းပါတယ်၊ အခုချိန်မှာကျတော့ ကုန်ပိဿာချိန်သောင်းနဲ့ချီပြီး ပြန်ဝင်နေတာပေါ့၊ ပုံမှန်ကာလဆိုရင် ကုန်တန်ချိန်က ထောင်ဂဏန်းလောက်ပဲဝင်ပါတယ်၊ အခုကတော့ စုပြုံဝင်လာတာပေါ့”ဟု ကြည့်မြင်တိုင်စံပြငါးစျေးကြီးမှ ငါးပွဲစားတစ်ဦးက ဆိုသည်။
နှစ်သစ်ကူးရက်များအတွင်း ရန်ကုန်မြို့ရှိ ငါးစျေးကြီးများ၌ ပွဲရုံအများစုပိတ်ထားခဲ့ပြီးနောက် ဧပြီလ ၁၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ မြစ်၀ကျွန်းပေါ်ဒေသရှိ နယ်စုံမှငါးအမျိုးမျိုးပါအဝင် ပုစွန်နှင့် ရေထွက်ကုန်အမျိုးမျိုး ပြန်လည် ဝင်ရောက်လာခဲ့ကြောင်း၊ ရန်ကုန်မှ အဝယ်ဒိုင်ကြီးများက ပိတ်ထားကြသော်လည်း မြစ်၀ကျွန်းပေါ်ဒေသများရှိ ဒေသအခြေစိုက် အဝယ်ဒိုင်ငယ်များက မပိတ်ဘဲသင်္ကြန်ပွဲတော်ရက်များတွင် ငါး၊ ပုစွန်ဝယ်ယူမှုကို ရပ်နား၍ ရန်ကုန်စျေးကွက်သို့ ကုန်ပစ္စည်းတင်ပို့မှုများကို ကြိုတင်ပြင်ဆင်၍ လုပ်ဆောင်လာကြကြောင်း၊ ဒိုင်ကြီးများပြန်ဖွင့်ချိန်တွင် အချိန်မီပို့ဆောင်နိုင်ရန် လုပ်ဆောင်ခဲ့ကြသည့်အတွက် ယခုကာလတွင် ငါးစျေးများသို့ ငါးပုစွန် ရေထွက်ကုန်ဝင်ရောက်မှု ပိုမို များပြားနေခြင်းဖြစ်ကြောင်း သိရသည်။

(Zawgyi)
“ရန်ကုန်ငါးဈေးများသို့ သင်္ကြန်အလွန်ကာလ၌ ငါးဝင်ရောက်မှုပိုများလာ”
သင်္ကြန်ကာလအလွန်ဖြစ်သည့် ရန်ကုန်မြို့ရှိ ငါးဈေးများ ပြန်လည်ဖွင့်လှစ်ချိန်၌ ငါး၊ ပုစွန်အပါအဝင် ရေထွက်ကုန်များ ဝင်ရောက်မှု ပိုများလာခဲ့ကြောင်း ကုန်သည်၊ ပွဲစားများထံမှ သိရသည်။
ရေထွက်ကုန်က ပြန်ပြီးအဝင်များလာတယ်၊ အဝင်များတယ်ဆိုတာက ကြားထဲမှာပိတ်ရက်တွေ အများကြီး ဖြစ်သွားတာလည်းပါတယ်၊ အခုချိန်မှာကျတော့ ကုန်ပိဿာချိန်သောင်းနဲ့ချီပြီး ပြန်ဝင်နေတာပေါ့၊ ပုံမှန်ကာလဆိုရင် ကုန်တန်ချိန်က ထောင်ဂဏန်းလောက်ပဲဝင်ပါတယ်၊ အခုကတော့ စုပြုံဝင်လာတာပေါ့ဟု ကြည့်မြင်တိုင်စံပြငါးဈေးကြီးမှ ငါးပွဲစားတစ်ဦးက ဆိုသည်။
နှစ်သစ်ကူးရက်များအတွင်း ရန်ကုန်မြို့ရှိ ငါးဈေးကြီးများ၌ ပွဲရုံအများစုပိတ်ထားခဲ့ပြီးနောက် ဧပြီလ ၁၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ မြစ်ဝကျွန်းပေါ်ဒေသရှိ နယ်စုံမှငါးအမျိုးမျိုးပါအဝင် ပုစွန်နှင့် ရေထွက်ကုန်အမျိုးမျိုး ပြန်လည် ဝင်ရောက်လာခဲ့ကြောင်း၊ ရန်ကုန်မှ အဝယ်ဒိုင်ကြီးများက ပိတ်ထားကြသော်လည်း မြစ်ဝကျွန်းပေါ်ဒေသများရှိ ဒေသအခြေစိုက် အဝယ်ဒိုင်ငယ်များက မပိတ်ဘဲသင်္ကြန်ပွဲတော်ရက်များတွင် ငါး၊ ပုစွန်ဝယ်ယူမှုကို ရပ်နား၍ ရန်ကုန်ဈေးကွက်သို့ ကုန်ပစ္စည်းတင်ပို့မှုများကို ကြိုတင်ပြင်ဆင်၍ လုပ်ဆောင်လာကြကြောင်း၊ ဒိုင်ကြီးများပြန်ဖွင့်ချိန်တွင် အချိန်မီပို့ဆောင်နိုင်ရန် လုပ်ဆောင်ခဲ့ကြသည့်အတွက် ယခုကာလတွင် ငါးဈေးများသို့ ငါးပုစွန် ရေထွက်ကုန်ဝင်ရောက်မှု ပိုမို များပြားနေခြင်းဖြစ်ကြောင်း သိရသည်။

Recent Comments