ရွေးကောက်ပွဲမဲမသမာမှုနှင့်ပတ်သက်၍ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် တရားရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ ၂ ဦးကို ယနေ့ရုံးချိန်းတွင် ထောင်ဒဏ် ၄ လစီချမှတ်ခံလိုက်ရပြီးနောက် မြို့နယ်တရားရုံးသို့ ဒဏ်ငွေ ၅ သောင်းစီလာဆောင်၍ ထောင်ဒဏ်မှလွတ်မြောက်သွားပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည် ပုဒ်မ ၁၃ဝ (က)အပြင် မဲမသမာမှုကိုအားပေးကူညီမှုပုဒ်မ ၁ဝ၉ ဖြင့်လည်းကောင်း ယနေ့ ဧပြီလ ၆ ရက်ရုံးချိန်းတွင် စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၄ လစီချမှတ်ခံရခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ငွေဒဏ်ကျပ် ၅ သောင်းဆောင်ပြီးပြီဖြစ်၍ ထောင်ဒဏ် ၄ ကျခံရခြင်းမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးကို အခြားဝန်ကြီးဟောင်း ၃ ဦးနှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ဇန်နဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေအကျဉ်းထောင်အထူးတရားရုံးက ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ထိုအထဲတွင် ဦးညီပုကို ထောင်ဒဏ် ၉ နှစ်နှင့် ဦးမင်းအောင်ကို ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။

ယင်းအပြင် ဦးညီပုတွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နှင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသေးကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ရခိုင္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးညီပုႏွင့္ ဦးမင္းေအာင္တို႔ကို မဲမသမာမႈပုဒ္မတို႔ျဖင့္ ေထာင္ဒဏ္ ၄ လစီခ်မွတ္ခံရၿပီးေနာက္ ဒဏ္ေငြက်ပ္ ၅ ေသာင္းစီလာေဆာင္၍ ေထာင္ဒဏ္မွ လြတ္ေျမာက္”

ေ႐ြးေကာက္ပြဲမဲမသမာမႈႏွင့္ပတ္သက္၍ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၃၀ (က) ျဖင့္ တရားရင္ဆိုင္ေနရသည့္ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးညီပုႏွင့္ စည္ပင္ဝန္ႀကီးေဟာင္း ဦးမင္းေအာင္တို႔ ၂ ဦးကို ယေန႕႐ုံးခ်ိန္းတြင္ ေထာင္ဒဏ္ ၄ လစီခ်မွတ္ခံလိုက္ရၿပီးေနာက္ ၿမိဳ႕နယ္တရား႐ုံးသို႔ ဒဏ္ေငြ ၅ ေသာင္းစီလာေဆာင္၍ ေထာင္ဒဏ္မွလြတ္ေျမာက္သြားၿပီျဖစ္ေၾကာင္း ေဒသတြင္းသတင္းမ်ားအရ သိရသည္။

စည္ပင္ဝန္ႀကီးေဟာင္း ဦးမင္းေအာင္သည္ ပုဒ္မ ၁၃ဝ (က)အျပင္ မဲမသမာမႈကိုအားေပးကူညီမႈပုဒ္မ ၁ဝ၉ ျဖင့္လည္းေကာင္း ယေန႕ ဧၿပီလ ၆ ရက္႐ုံးခ်ိန္းတြင္ စစ္ေတြၿမိဳ႕နယ္တရား႐ုံးက ေထာင္ဒဏ္ ၄ လစီခ်မွတ္ခံရခဲ့ျခင္းျဖစ္ကာ လက္ရွိတြင္ ေငြဒဏ္က်ပ္ ၅ ေသာင္းေဆာင္ၿပီးၿပီျဖစ္၍ ေထာင္ဒဏ္ ၄ က်ခံရျခင္းမွ လြတ္ေျမာက္ခဲ့ျခင္းျဖစ္သည္။

၎တို႔ႏွစ္ဦးကို အျခားဝန္ႀကီးေဟာင္း ၃ ဦးႏွင့္အတူ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ ျဖင့္ ဇန္နဝါရီ ၁၉ ရက္ေန႕ နံနက္ပိုင္းတြင္ စစ္ေတြအက်ဥ္းေထာင္အထူးတရား႐ုံးက ေထာင္ဒဏ္အသီးသီးခ်မွတ္ခဲ့ၿပီး ထိုအထဲတြင္ ဦးညီပုကို ေထာင္ဒဏ္ ၉ ႏွစ္ႏွင့္ ဦးမင္းေအာင္ကို ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ခဲ့သည္။

ယင္းအျပင္ ဦးညီပုတြင္ နိုင္ငံေတာ္အၾကည္အညိုပ်က္ေစမႈပုဒ္မ ၅၀၅ (ခ)ႏွင့္လည္း အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံထားရေသးေၾကာင္း သိရသည္။

#mhtnews