ရခိုင်ပြည်နယ် မောင်တောမြို့၌ (ပထမ) အကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီက ဗဟိုလ်မဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအောင်မြင့်သိန်းက ရခိုင်ရိုးရာ နံ့သာသွေးပြိင်ပွဲ ကျင်းပရ ခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး မြို့နယ်စီမံအဖွဲ့ဝင်(၂) ဦးဦးခင်မောင်က ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရခိုင်ရိုးရာနံ့သာ သွေးပြိုင်ပွဲကို ကျင်းပရာ ပြိုင်ပွဲဝင်အသင်း ၅ သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ဒိုင်လူကြီးများက အကဲဖြတ်အမှတ် ပေးကြသည်။ ဆက်လက်၍ ရခိုင်ရိုးရာ သင်္ကြန်ယိမ်းအကများဖြင့် သီဆိုဖျော်ဖြေပေးကြပြီး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် နံ့သာသွေး ပြိုင်ဝင်အသင်း တစ်သင်းလျှင် ပြိုင်ပွဲဝင် (၁၂)ဦးစီ ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ဝတ်စားဆင်ယင်မှုနှင့် သပ်ရပ်မှု၊ အသင်း အဖွဲ့၏ လှုပ်ရှားမှု၊ ညီညာမှု၊ သပ်ရပ်မှု၊ နံ့သာသွေးရာတွင် သန့်ရှင်းသပ်ရပ်မှု၊ စည်း စနစ်ကျမှု၊ အချိန်ကိုက်လှုပ်ရှားနိုင်မှု၊ ဟန်ပန်အမှုအရာ စသည့်ဖြင့် အမှတ်ပေးမည်ဖြစ်ကြောင်း နံ့သာသွေးပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းအဖွဲ့ထံမှ သိရသည်။ ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို ဧပြီ ၁၇ ရက်နေ့တွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု စသည့် ဆုများရရှိခဲ့သည့် အသင်းများအား ဆုအသီးသီး ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

(Zawgyi)

“ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕၌ (ပထမ)အႀကိမ္ေျမာက္ ရခိုင္ရိုးရာ နံ႕သာေသြးၿပိဳင္ပြဲက်င္းပ”

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕၌ (ပထမ) အႀကိမ္ေျမာက္ ရခိုင္ရိုးရာ နံ႕သာေသြးၿပိဳင္ပြဲကို ယေန႕ နံနက္ (၉)နာရီက ဗဟိုလ္မ႑ပ္တြင္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပခဲ့သည္။

ေရွးဦးစြာ ခရိုင္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္(၂) ဦးေအာင္ျမင့္သိန္းက ရခိုင္ရိုးရာ နံ႕သာေသြးၿပိင္ပြဲ က်င္းပရ ျခင္းႏွင့္ ပတ္သက္၍ ေျပာၾကားခဲ့ၿပီး ၿမိဳ႕နယ္စီမံအဖြဲ႕ဝင္(၂) ဦးဦးခင္ေမာင္က ၿပိဳင္ပြဲစည္းမ်ဥ္း စည္းကမ္းမ်ားအား ရွင္းလင္းေျပာၾကားခဲ့သည္။

ထို႔ေနာက္ ရခိုင္ရိုးရာနံ႕သာ ေသြးၿပိဳင္ပြဲကို က်င္းပရာ ၿပိဳင္ပြဲဝင္အသင္း ၅ သင္း ပါဝင္ယွဥ္ၿပိဳင္ၾကၿပီး ဒိုင္လူႀကီးမ်ားက အကဲျဖတ္အမွတ္ ေပးၾကသည္။ ဆက္လက္၍ ရခိုင္ရိုးရာ သၾကၤန္ယိမ္းအကမ်ားျဖင့္ သီဆိုေဖ်ာ္ေျဖေပးၾကၿပီး ခရိုင္/ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒မ်ားႏွင့္ အဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာမ်ား၊ ရပ္မိရပ္ဖမ်ား တက္ေရာက္ၾကည့္ရႈအားေပးခဲ့ၾကသည္။ ၿပိဳင္ပြဲဝင္အသင္းမ်ားအေနျဖင့္ နံ႕သာေသြး ၿပိဳင္ဝင္အသင္း တစ္သင္းလွ်င္ ၿပိဳင္ပြဲဝင္ (၁၂)ဦးစီ ပါဝင္ယွဥ္ၿပိဳင္ၾကၿပီး၊ ဝတ္စားဆင္ယင္မႈႏွင့္ သပ္ရပ္မႈ၊ အသင္း အဖြဲ႕၏ လႈပ္ရွားမႈ၊ ညီညာမႈ၊ သပ္ရပ္မႈ၊ နံ႕သာေသြးရာတြင္ သန႔္ရွင္းသပ္ရပ္မႈ၊ စည္း စနစ္က်မႈ၊ အခ်ိန္ကိုက္လႈပ္ရွားနိုင္မႈ၊ ဟန္ပန္အမႈအရာ စသည့္ျဖင့္ အမွတ္ေပးမည္ျဖစ္ေၾကာင္း နံ႕သာေသြးၿပိဳင္ပြဲ အမွတ္ေပးစည္းမ်ဥ္းအဖြဲ႕ထံမွ သိရသည္။ ၿပိဳင္ပြဲတြင္ ဆုရရွိသည့္ အသင္းမ်ားကို ဧၿပီ ၁၇ ရက္ေန႕တြင္ ပထမ၊ ဒုတိယ၊ တတိယ၊ ႏွစ္သိမ့္ဆု စသည့္ ဆုမ်ားရရွိခဲ့သည့္ အသင္းမ်ားအား ဆုအသီးသီး ခ်ီးျမႇင့္ေပးမည္ျဖစ္ေၾကာင္း သိရသည္။