
ရခိုင်ပြည်နယ်အတွင်း အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ဆိုင်ရာ လုပ်ငန်းများအတွက် ကြီးရေးကော်မတီဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) ကို ယမန်နေ့ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသည် ရခိုင်ပြည်နယ်အတွင်း အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းနိုင်ရန် သက်ဆိုင်ရာစည်းကမ်းများ၊ စံသတ်မှတ်ချက်များ၊ လိုအပ်သော ညွှန်ကြားချက်များ၊ ဥပဒေဆိုင်ရာ ထုတ်ပြန်ချက်များ သတ်မှတ်နိုင်ရေးအတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ပြောသည်။
ဆက်လက်၍လည်း ပြည်နယ်ဝန်ကြီးချုပ်က ယခုအစည်းအဝေးသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ မဖြစ်မနေ သတိပြုရမည့် မြို့ပြဖွံ့ဖြိုးမှု (Urbanization) နှင့်ပတ်သက်သည့် အစည်းအဝေးဟုဆိုလျင်လည်း မှားနိုင်မည်မဟုတ်ကြောင်း၊ ရခိုင်ပြည်နယ်၏ ဒေသတွင်းစီးပွားရေးအခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်မှု ကြောင့် မြို့ပြဖွံ့ဖြိုးမှုသည်လည်း လတ်တလောကာလအတွင်း သိသိသာသာ တိုးတက်လာသည်ကို အားလုံး တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ ယှဉ်တွဲပါလာသည်က မြို့ပြအဆောက်အဦများ ဖွံ့ဖြိုးခြင်းနှင့် လူနေမှုအဆင့်အတန်းစနစ် တိုးတက်မြင့်မားလာခြင်းတို့ ဖြစ်ကြောင်း၊ ထို့ကြောင့် ရခိုင် ပြည်နယ်အတွင်းမှာ အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ထံသို့ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ စိစစ်တင်ပြလာမှုများ ရှိလာခဲ့ကြောင်း၊ အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်ရေးနှင့်ပတ်သက်ပြီး တင်ပြချက်များကို မိမိတို့ Cabinet မှာဆွေးနွေးသည့်အခါ စနစ်တကျ ရှိစေရန်အတွက် အထပ်မြင့် အဆောက်အဦဆိုင်ရာ ကြီးကြပ်ရေးကော်မတီများ၊ လုပ်ထုံးလုပ်နည်း၊ စံသတ်မှတ်ချက်များ ပြဋ္ဌာန်းပေးရန်လိုအပ်လာပြီဆိုသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့်အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်မည်ဆိုလျင် စနစ်တကျစိစစ်ပြီး ခွင့်ပြု၊ ဆောက်လုပ်ကြပါမှ အဆောက်အဦ ခိုင်ခံ့မှုရှိမည်ဖြစ်သကဲ့သို့ အဆိုပါအဆောက်အဦမှာ နေထိုင်သည့်ပြည်သူများ၊ အထပ်မြင့် အဆောက်အဦ ဘေးတွင် ရှိကြသူများအတွက် ဘေးကင်းလုံခြုံမှုရှိမှာ ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မြို့ပြဖွံ့ဖြိုး တိုးတက်လာမှုများကို ယခုအချိန်မှစပြီး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဟု မြင်တွေ့ရ သည့်အတွက် ယခုကဲ့သို့ အစည်းအဝေးခေါ်ယူ ဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ QC Team များမှ တာဝန်ရှိသူများနှင့် သီးခြားဖိတ်ကြားထားသူများပါ တက်ရောက်ကြသည့်အတွက် ရှု့ထောင့်စုံက နေပြီး ဝိုင်းဝန်းဆွေးနွေးပေးကြခြင်းဖြင့် ရခိုင်ပြည်နယ်အတွက် ကောင်းမွန်သည့် ရလဒ်တစ်ခုပေါ်ထွက် လာမည်ဟုမျှော်လင့်ကြောင်း ပြောကြားသည်ဟု သိရသည်။
#mhtnews

(Zawgyi)
“ရခိုင္ျပည္နယ္္အတြင္း အထပ္ျမင့္အေဆာက္အဦမ်ား ေဆာက္လုပ္ျခင္းဆိုင္ရာလုပ္ငန္းမ်ားအတြက္ ႀကီးၾကပ္ေရး ေကာ္မတီဖြဲ႕စည္းနိုင္ေရး ညွိႏွိုင္းအစည္းအေဝးျပဳလုပ္”
ရခိုင္ျပည္နယ္အတြင္း အထပ္ျမင့္ အေဆာက္အဦမ်ား ေဆာက္လုပ္ဆိုင္ရာ လုပ္ငန္းမ်ားအတြက္ ႀကီးေရးေကာ္မတီဖြဲ႕စည္းနိုင္ေရး လုပ္ငန္းညွိႏွိုင္း အစည္းအေဝး (၁/၂၀၂၂) ကို ယမန္ေန႕ညေနပိုင္းက ျပည္နယ္အစိုးရအဖြဲ႕႐ုံး အစည္းအေဝးခန္းမ၌ က်င္းပသည္။
အဆိုပါအစည္းအေဝးသည္ ရခိုင္ျပည္နယ္အတြင္း အထပ္ျမင့္အေဆာက္အဦမ်ား ေဆာက္လုပ္ျခင္းဆိုင္ရာ လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ႀကီးၾကပ္ေရးေကာ္မတီမ်ား ဖြဲ႕စည္းနိုင္ရန္ သက္ဆိုင္ရာစည္းကမ္းမ်ား၊ စံသတ္မွတ္ခ်က္မ်ား၊ လိုအပ္ေသာ ၫႊန္ၾကားခ်က္မ်ား၊ ဥပေဒဆိုင္ရာ ထုတ္ျပန္ခ်က္မ်ား သတ္မွတ္နိုင္ေရးအတြက္ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္ေက်ာ္မင္းက ေျပာသည္။
ဆက္လက္၍လည္း ျပည္နယ္ဝန္ႀကီးခ်ဳပ္က ယခုအစည္းအေဝးသည္ ရခိုင္ျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာမွာ မျဖစ္မေန သတိျပဳရမည့္ ၿမိဳ႕ျပဖြံ႕ၿဖိဳးမႈ (Urbanization) ႏွင့္ပတ္သက္သည့္ အစည္းအေဝးဟုဆိုလ်င္လည္း မွားနိုင္မည္မဟုတ္ေၾကာင္း၊ ရခိုင္ျပည္နယ္၏ ေဒသတြင္းစီးပြားေရးအေျခအေန၊ အလုပ္အကိုင္ အခြင့္အလမ္း ေကာင္းမြန္မႈ ေၾကာင့္ ၿမိဳ႕ျပဖြံ႕ၿဖိဳးမႈသည္လည္း လတ္တေလာကာလအတြင္း သိသိသာသာ တိုးတက္လာသည္ကို အားလုံး ေတြ႕ျမင္နိုင္မည္ျဖစ္ေၾကာင္း၊ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားႏွင့္အတူ ယွဥ္တြဲပါလာသည္က ၿမိဳ႕ျပအေဆာက္အဦမ်ား ဖြံ႕ၿဖိဳးျခင္းႏွင့္ လူေနမႈအဆင့္အတန္းစနစ္ တိုးတက္ျမင့္မားလာျခင္းတို႔ ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ရခိုင္ ျပည္နယ္အတြင္းမွာ အထပ္ျမင့္အေဆာက္အဦမ်ား ေဆာက္လုပ္ရန္အတြက္ ျပည္နယ္အစိုးရအဖြဲ႕ထံသို႔ ျပည္နယ္စည္ပင္သာယာေရးအဖြဲ႕မွ စိစစ္တင္ျပလာမႈမ်ား ရွိလာခဲ့ေၾကာင္း၊ အထပ္ျမင့္အေဆာက္အဦမ်ား ေဆာက္လုပ္ေရးႏွင့္ပတ္သက္ၿပီး တင္ျပခ်က္မ်ားကို မိမိတို႔ Cabinet မွာေဆြးႏြေးသည့္အခါ စနစ္တက် ရွိေစရန္အတြက္ အထပ္ျမင့္ အေဆာက္အဦဆိုင္ရာ ႀကီးၾကပ္ေရးေကာ္မတီမ်ား၊ လုပ္ထုံးလုပ္နည္း၊ စံသတ္မွတ္ခ်က္မ်ား ျပ႒ာန္းေပးရန္လိုအပ္လာၿပီဆိုသည္ကို ေတြ႕ရေၾကာင္း၊ ထို႔ေၾကာင့္အထပ္ျမင့္ အေဆာက္အဦမ်ား ေဆာက္လုပ္မည္ဆိုလ်င္ စနစ္တက်စိစစ္ၿပီး ခြင့္ျပဳ၊ ေဆာက္လုပ္ၾကပါမွ အေဆာက္အဦ ခိုင္ခံ့မႈရွိမည္ျဖစ္သကဲ့သို႔ အဆိုပါအေဆာက္အဦမွာ ေနထိုင္သည့္ျပည္သူမ်ား၊ အထပ္ျမင့္ အေဆာက္အဦ ေဘးတြင္ ရွိၾကသူမ်ားအတြက္ ေဘးကင္းလုံၿခဳံမႈရွိမွာ ျဖစ္ပါေၾကာင္း၊ ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕ျပဖြံ႕ၿဖိဳး တိုးတက္လာမႈမ်ားကို ယခုအခ်ိန္မွစၿပီး စနစ္တက် ၾကပ္မတ္ေဆာင္႐ြက္ေပးရန္ လိုအပ္မည္ဟု ျမင္ေတြ႕ရ သည့္အတြက္ ယခုကဲ့သို႔ အစည္းအေဝးေခၚယူ ေဆြးႏြေးရျခင္းျဖစ္ေၾကာင္း၊ ယေန႕အစည္းအေဝးတြင္ အစိုးရအဖြဲ႕ တာဝန္ရွိသူမ်ား၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ပုဂၢလိက ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား၊ QC Team မ်ားမွ တာဝန္ရွိသူမ်ားႏွင့္ သီးျခားဖိတ္ၾကားထားသူမ်ားပါ တက္ေရာက္ၾကသည့္အတြက္ ရႈ႕ေထာင့္စုံက ေနၿပီး ဝိုင္းဝန္းေဆြးႏြေးေပးၾကျခင္းျဖင့္ ရခိုင္ျပည္နယ္အတြက္ ေကာင္းမြန္သည့္ ရလဒ္တစ္ခုေပၚထြက္ လာမည္ဟုေမွ်ာ္လင့္ေၾကာင္း ေျပာၾကားသည္ဟု သိရသည္။
#mhtnews
Recent Comments