ရခိုင်ပြည်နယ်၊ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် (၃၄)မိုင်ခန့်နှင့် မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် ၄၄ မိုင်ခန့်အကွာ ရခိုင်ပင်လယ်ပြင်အတွင်းသို ဧပြီ (၇) ရက်နေ့ နံနက် ၆ နာရီ ၁၈ မိနစ်မှ ၆ နာရီ ၃၉ မိနစ်အတွင်း တရုတ်အာကာသယာဥ်မှ အာကာသမှ Spaceflight အစိတ်အပိုင်း ကျရောက်လာနိုင်သဖြင့် ကမ်းဝေးရေယာဉ်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အဆိုပါ ဧရိယာအတွင်း ဖြတ်သန်းသွားလာရာ၌ အထူးဂရုပြုသွားလာကြရန် ရခိုင်ပြည်နယ်အစိုးရက သတိပေးထုတ်ပြန်ထားကြောင်း သိရသည်။
တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်သို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခန့်ကတစ်ကြိမ်၊ ဒီဇင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အတွင်းကတစ်ကြိမ်နှင့် ယခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်းတစ်ကြိမ် ကျရောက်ခဲ့ဖူးသည်။
ဓာတ်ပုံ – တရုတ်အာကာသယာဉ်အပိုင်းအစများ ဇန်နဝါရီ ၂၆ ရက်က ရခိုင်ပင်လယ်ပြင်သို ပေါက်ကွဲသံနှင့်အတူကျရောက်ခဲ့စဉ်။
#mhtnews
(Zawgyi)
“ရခိုင်ပင်လယ်ပြင်အတွင်းသို့ တရုတ်အာကာသယာဉ်မှ Spaceflight အစိတ်အပိုင်းကျရောက်လာနိုင်သဖြင့် ကမ်းဝေးရေယာဉ်များ သတိထားသွားလာကြရန် ပြည်နယ်အစိုးရ သတိပေးချက် ထုတ်ပြန်”
ရခိုင်ပြည်နယ်၊ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် (၃၄)မိုင်ခန့်နှင့် မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် ၄၄ မိုင်ခန့်အကွာ ရခိုင်ပင်လယ်ပြင်အတွင်းသို့ ဧပြီ (၇) ရက်နေ့ နံနက် ၆ နာရီ ၁၈ မိနစ်မှ ၆ နာရီ ၃၉ မိနစ်အတွင်း တရုတ်အာကာသယာဉ်မှ အာကာသမှ Spaceflight အစိတ်အပိုင်း ကျရောက်လာနိုင်သဖြင့် ကမ်းဝေးရေယာဉ်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အဆိုပါ ဧရိယာအတွင်း ဖြတ်သန်းသွားလာရာ၌ အထူးဂရုပြုသွားလာကြရန် ရခိုင်ပြည်နယ်အစိုးရက သတိပေးထုတ်ပြန်ထားကြောင်း သိရသည်။
တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်သို့ ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခန့်ကတစ်ကြိမ်၊ ဒီဇင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အတွင်းကတစ်ကြိမ်နှင့် ယခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်းတစ်ကြိမ် ကျရောက်ခဲ့ဖူးသည်။
ဓာတ်ပုံ – တရုတ်အာကာသယာဉ်အပိုင်းအစများ ဇန်နဝါရီ ၂၆ ရက်က ရခိုင်ပင်လယ်ပြင်သို့ ပေါက်ကွဲသံနှင့်အတူကျရောက်ခဲ့စဉ်။
#mhtnews
Recent Comments