ရခိုင်ငှက်ပျောအခွံကရရှိတဲ့ အီသနောအဆီအနှစ်မှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းသတ္တိမျိုးရှိတာကြောင့် ပဋိဇီဝဆေးယဉ်ပါးမှုများအတွက် အသုံးပြုလုပ်ဆောင်နိုင်ကြောင်း ဆေးသုတေ သနဦးစီးဌာန(အောက်မြန်မာ ပြည်)ရှိ သုတေသီများက ပြောဆိုလိုက်ပါတယ်။

ပဋိဇီဝဆေးဝါးများအမျိုးမျိုးအပေါ် ဆေးယဉ်ပါးမှုပြဿနာတွေဟာ ယခုအခါ ကမ္ဘာနဲ့အဝှမ်းမှာ ရင်ဆိုင်နေရတာဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်တဲ့ အစွမ်းအာနိသင်ရှိတဲ့ အသီးအနှံပင်တွေရဲ့အခွံမှ အဆီအနှစ်များ ထုတ်ယူအသုံးပြုခြင်းဟာ ပဋိဇီ၀ဆေးယဉ်ပါးမှုဖြေရှင်းခြင်းကို တစ်ဖက်တစ်လမ်းမှ အသုံးဝင်နေတဲ့အတွက် ပြည်တွင်း သုတေသီများက ရခိုင်ငှက်ပျောသီးရဲ့အခွံနဲ့ သုတေသနပြု စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါရခိုင်ငှက်ပျောခွံကို Soxhlet ကိရိယာနဲ့ အဆီအနှစ်တွေ ထုတ်ယူခဲ့ကြပြီး ဘက်တီးရီးယားပိုးမွှားတွေဖြစ်တဲ့ Escherichia coli, Pseudomonas aeruginosa, Staphylococcus aureus နှင့် Klebsiella pneumoniae ဆိုတဲ့ ၄ မျိုးသော ဘတ္တီရီးယား ပိုးမွှားတွေ သေစေနိုင်မှုရှိ၊မရှိကို အစွမ်းအာနိသင် Agar Diffiusion Method နဲ့ စမ်းသပ်ခဲ့ကြောင်း၊ ဘက်တီးရီးယားပိုးမွှားများကို မပွားနိုင်သော အနည်းဆုံးပမာဏနဲ့ Tube dilution method နဲ့ရှာဖွေခဲ့ကြပြီး ယင်းသုတေသနပြုလုပ်မှုကို ဌာနသုံးခုမှ သုတေသီများပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်းဖြစ်တယ်တယ်လို့ သိရပါတယ်။

“ကျွန်မတို့ စမ်းသပ်လေ့လာမှုကို ပြုလုပ်တဲ့အခါမှာ ဘက်တီးရီးယားပိုး မျိုးစိတ်လေးခုလုံးအတွက် ပျမ်းမျှအဆီ ၂၅ မီလီမီတာ လောက်က သေစေတယ်ဆိုတာကို တွေ့ရပါတယ်၊ Acute toxicity test စမ်းသပ်ချက်အရလည်း အဆိပ်သင့်တာမျိုး မရှိတာကို တွေ့ရှိကြတာကြောင့် ဘက်တီးရီးယားပိုးမွှားများ သေစေနိုင်တာကို အခိုင်အမာ မှတ်တမ်းတင်နိုင်ခဲ့တဲ့အပြင် ပဋိဇီ၀ဆေးယဉ်ပါးမှုအတွက် ကုသမှုတွေ ဆောင်ရွက်တဲ့အခါ သုံးစွဲသင့်တဲ့အကြောင်း ကို အခိုင်အမာပြဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်”ဟုလည်း ယင်းလေ့လာရာမှာပါဝင်တဲ့ သုတေသီတစ်ဦးက ရှင်းပြထားပါတယ်။

အဲဒီသုတေသနပြုချက်တွေအရ ထိုရခိုင်ငှက်ပျောခွံမှ ထုတ်ယူတဲ့ အီသနောအဆီ ၃၃ မီလီမီတာလောက်က Escherichia coli ပိုးမျိုးစိတ်ကို လည်းကောင်း၊ ၂၅ မီလီမီတာလောက်က Pseudomonas aeruginosa ပိုးမျိုးစိတ်ကိုလည်းကောင်း၊ ၂၇ မီလီမီတာ လောက်က Staphylococcus aureus ပိုးမျိုးစိတ်ကိုလည်းကောင်း၊ ၂၉ မီလီမီတာလောက်က Klebsiella pneumoniae ပိုးမျိုးစိတ်ကိုလည်းကောင်း သေစေတဲ့အကြောင်းကိုလည်း လေ့လာတွေ့ရှိထားသလို ပဋိဇီ၀ဆေးယဉ်ပါးမှု ဝေဒနာသည်များကို ကုသရာမှာအသုံးပြုနိုင်တဲ့ အခြေအနေဖြစ်ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောနဲ့ ဝမ်းကိုက်ရောဂါများအတွက် အသုံးဝင်တဲ့ အပင်ဓာတုပစ္စည်းများ ပါဝင်ကြောင်းတို့ကို အခိုင်အမာ မှတ်တမ်းတင်ထားနိုင်ခဲ့ခြင်းလည်းတယ်လို့ သိရပါတယ်။

#mhtnews

(Zawgyi)

“ရခိုင္ငွက္ေပ်ာအခြံကရရွိတဲ့ အီသေနာအဆီအႏွစ္မွာ ဘက္တီးရီးယားေတြကို ေသေစနိုင္တာေၾကာင့္ ပဋိဇီဝ ေဆးယဥ္ပါးမႈမ်ားအတြက္ အသုံးျပဳလုပ္ေဆာင္နိုင္ေၾကာင္း ေဆးသုေတသနေျပာဆို”

ရခိုင္ငွက္ေပ်ာအခြံကရရွိတဲ့ အီသေနာအဆီအႏွစ္မွာ ဘက္တီးရီးယားေတြကို ေသေစနိုင္တဲ့အစြမ္းသတၱိမ်ိဳးရွိတာေၾကာင့္ ပဋိဇီဝေဆးယဥ္ပါးမႈမ်ားအတြက္ အသုံးျပဳလုပ္ေဆာင္နိုင္ေၾကာင္း ေဆးသုေတ သနဦးစီးဌာန(ေအာက္ျမန္မာ ျပည္)ရွိ သုေတသီမ်ားက ေျပာဆိုလိုက္ပါတယ္။

ပဋိဇီဝေဆးဝါးမ်ားအမ်ိဳးမ်ိဳးအေပၚ ေဆးယဥ္ပါးမႈျပႆနာေတြဟာ ယခုအခါ ကမၻာနဲ႕အဝွမ္းမွာ ရင္ဆိုင္ေနရတာျဖစ္ၿပီး ဘက္တီးရီးယားပိုးမႊားမ်ားကို ေသေစနိုင္တဲ့ အစြမ္းအာနိသင္ရွိတဲ့ အသီးအႏွံပင္ေတြရဲ႕အခြံမွ အဆီအႏွစ္မ်ား ထုတ္ယူအသုံးျပဳျခင္းဟာ ပဋိဇီ၀ေဆးယဥ္ပါးမႈေျဖရွင္းျခင္းကို တစ္ဖက္တစ္လမ္းမွ အသုံးဝင္ေနတဲ့အတြက္ ျပည္တြင္း သုေတသီမ်ားက ရခိုင္ငွက္ေပ်ာသီးရဲ႕အခြံနဲ႕ သုေတသနျပဳ စမ္းသပ္ခဲ့ၾကတာျဖစ္ပါတယ္။

အဆိုပါရခိုင္ငွက္ေပ်ာခြံကို Soxhlet ကိရိယာနဲ႕ အဆီအႏွစ္ေတြ ထုတ္ယူခဲ့ၾကၿပီး ဘက္တီးရီးယားပိုးမႊားေတြျဖစ္တဲ့ Escherichia coli, Pseudomonas aeruginosa, Staphylococcus aureus ႏွင့္ Klebsiella pneumoniae ဆိုတဲ့ ၄ မ်ိဳးေသာ ဘတၱီရီးယား ပိုးမႊားေတြ ေသေစနိုင္မႈရွိ၊မရွိကို အစြမ္းအာနိသင္ Agar Diffiusion Method နဲ႕ စမ္းသပ္ခဲ့ေၾကာင္း၊ ဘက္တီးရီးယားပိုးမႊားမ်ားကို မပြားနိုင္ေသာ အနည္းဆုံးပမာဏနဲ႕ Tube dilution method နဲ႕ရွာေဖြခဲ့ၾကၿပီး ယင္းသုေတသနျပဳလုပ္မႈကို ဌာနသုံးခုမွ သုေတသီမ်ားပူးေပါင္း လုပ္ေဆာင္ခဲ့ၾကျခင္းျဖစ္တယ္တယ္လို႔ သိရပါတယ္။

ကြၽန္မတို႔ စမ္းသပ္ေလ့လာမႈကို ျပဳလုပ္တဲ့အခါမွာ ဘက္တီးရီးယားပိုး မ်ိဳးစိတ္ေလးခုလုံးအတြက္ ပ်မ္းမွ်အဆီ ၂၅ မီလီမီတာ ေလာက္က ေသေစတယ္ဆိုတာကို ေတြ႕ရပါတယ္၊ Acute toxicity test စမ္းသပ္ခ်က္အရလည္း အဆိပ္သင့္တာမ်ိဳး မရွိတာကို ေတြ႕ရွိၾကတာေၾကာင့္ ဘက္တီးရီးယားပိုးမႊားမ်ား ေသေစနိုင္တာကို အခိုင္အမာ မွတ္တမ္းတင္နိုင္ခဲ့တဲ့အျပင္ ပဋိဇီ၀ေဆးယဥ္ပါးမႈအတြက္ ကုသမႈေတြ ေဆာင္႐ြက္တဲ့အခါ သုံးစြဲသင့္တဲ့အေၾကာင္း ကို အခိုင္အမာျပဆိုနိုင္ခဲ့တာ ျဖစ္ပါတယ္ဟုလည္း ယင္းေလ့လာရာမွာပါဝင္တဲ့ သုေတသီတစ္ဦးက ရွင္းျပထားပါတယ္။

အဲဒီသုေတသနျပဳခ်က္ေတြအရ ထိုရခိုင္ငွက္ေပ်ာခြံမွ ထုတ္ယူတဲ့ အီသေနာအဆီ ၃၃ မီလီမီတာေလာက္က Escherichia coli ပိုးမ်ိဳးစိတ္ကို လည္းေကာင္း၊ ၂၅ မီလီမီတာေလာက္က Pseudomonas aeruginosa ပိုးမ်ိဳးစိတ္ကိုလည္းေကာင္း၊ ၂၇ မီလီမီတာ ေလာက္က Staphylococcus aureus ပိုးမ်ိဳးစိတ္ကိုလည္းေကာင္း၊ ၂၉ မီလီမီတာေလာက္က Klebsiella pneumoniae ပိုးမ်ိဳးစိတ္ကိုလည္းေကာင္း ေသေစတဲ့အေၾကာင္းကိုလည္း ေလ့လာေတြ႕ရွိထားသလို ပဋိဇီ၀ေဆးယဥ္ပါးမႈ ေဝဒနာသည္မ်ားကို ကုသရာမွာအသုံးျပဳနိုင္တဲ့ အေျခအေနျဖစ္ေၾကာင္း၊ ဝမ္းပ်က္ဝမ္းေလွ်ာနဲ႕ ဝမ္းကိုက္ေရာဂါမ်ားအတြက္ အသုံးဝင္တဲ့ အပင္ဓာတုပစၥည္းမ်ား ပါဝင္ေၾကာင္းတို႔ကို အခိုင္အမာ မွတ္တမ္းတင္ထားနိုင္ခဲ့ျခင္းလည္းတယ္လို႔ သိရပါတယ္။

#mhtnews777777