ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်နေသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီပြီး ဈေးနှုန်းသင့်တင့်သည့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် အစည်းအဝေးတစ်ရပ်ကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့  သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်     နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံမျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်နေသော သွင်းအားစုဖြစ်သည့် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်ဝသည့် ယူရီးယားမြေဩဇာအား ဈေးနှုန်းသက်သာစွာဖြင့် အချိန်မီဖြန့်ဖြူးရောင်းချနိုင်ရေး စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြေဩဇာတင်သွင်းမှု အတွေ့အကြုံရှိပြီး တောင်သူများ ဝယ်ယူသုံးစွဲလိုသော အမှတ်တံဆိပ်တင်သွင်းသည့် အခြားကုမ္ပဏီများနှင့်လည်း ပူးပေါင်း၍  Consortium အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အရည်အသွေးပြည့်ဝသော ယူရီးယားမြေဩဇာများအား တောင်သူများလက်ဝယ်သို့ စိုက်ပျိုးရာသီအမီ ရောက်ရှိစေရေးအတွက်  သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယူရီးယားမြေဩဇာများ အချိန်မီဖြန့်ဖြူးနိုင်ရေးနှင့် မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆွေးနွေး ပေးစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် က ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချမှု စီမံချက် နှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံမျိုးစေ့၊ မြေဩဇာနှင့်   စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းမှ ကိုယ်စားလှယ်တစ်ဦးက ဖြန့်ဖြူးရောင်းချသွားမည့် အစီအစဉ်များကိုလည်းကောင်း၊ တက်ရောက်လာကြသူများက မိမိတို့ သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက Consortium အဖွဲ့များအနေဖြင့် ယူရီးယားမြေဩဇာများအား ပြင်ပပေါက်ဈေးထက် တောင်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် “အမြတ် မယူ၊ အရှုံးမရှိ” စနစ်ဖြင့် အကျိုးအမြတ်ကို ဝန်ဆောင်စရိတ်ကာမိရုံ အနည်းဆုံးသတ်မှတ်၍ ကူညီဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(Zawgyi)

“ယူရီးယားေျမဩဇာမ်ား ျပင္ပေပါက္ေဈးထက္ သက္သာစြာ ဝယ္ယူသုံးစြဲနိုင္ေရး အျမတ္မယူ၊အရႈံးမရွိစနစ္ျဖင့္ ကူညီေဆာင္႐ြက္မည္”

ေက်းလက္ေနျပည္သူမ်ား၏လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ေတာင္သူလယ္သမားမ်ား၏စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္လိုအပ္ေနေသာအရည္အေသြးႏွင့္စံခ်ိန္စံၫႊန္းျပည့္မီၿပီးေဈးႏႈန္းသင့္တင့္သည့္ယူရီးယားေျမဩဇာမ်ားျဖန႔္ျဖဴးေရာင္းခ်နိဳင္ေရးအတြက္အစည္းအေဝးတစ္ရပ္ကိုယမန္ေန႕နံနက္ပိုင္းကေနျပည္ေတာ္ရွိသမဝါယမႏွင့္ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာနအစည္းအေဝးခန္းမ၌က်င္းပသည္။

အစည္းအေဝးသို႔သမဝါယမႏွင့္ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးဦးလွမိုး၊စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနဒုတိယဝန္ႀကီးေဒါက္တာေအာင္ႀကီး၊စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္၊ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္နိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊စိုက္ပ်ိဳးေရးဦးစီးဌာနတို႔မွအၿမဲတမ္းအတြင္းဝန္မ်ား၊ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ျမန္မာနိုင္ငံဆန္စပါးအသင္းခ်ဳပ္ႏွင့္ျမန္မာနိုင္ငံမ်ိဳးေစ့၊ေျမဩဇာႏွင့္စိုက္ပ်ိဳးေရးေဆးလုပ္ငန္းရွင္မ်ားအသင္းမွတာဝန္ရွိသူမ်ားတက္ေရာက္ၾကသည္။

အဆိုပါအခမ္းအနားတြင္ျပည္ေထာင္စုဝန္ႀကီးဦးလွမိုးကစိုက္ပ်ိဳးေရးလုပ္ငန္းမ်ားအတြက္လိုအပ္ေနေသာသြင္းအားစုျဖစ္သည့္အရည္အေသြး၊စံခ်ိန္စံၫႊန္းျပည့္ဝသည့္ယူရီးယားေျမဩဇာအားေဈးႏႈန္းသက္သာစြာျဖင့္အခ်ိန္မီျဖန႔္ျဖဴးေရာင္းခ်နိဳင္ေရးစီမံခ်က္ေရးဆြဲၿပီးအေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ေျမဩဇာတင္သြင္းမႈအေတြ႕အႀကဳံရွိၿပီးေတာင္သူမ်ားဝယ္ယူသုံးစြဲလိုေသာအမွတ္တံဆိပ္တင္သြင္းသည့္အျခားကုမၸဏီမ်ားႏွင့္လည္းပူးေပါင္း၍ Consortiumအဖြဲ႕မ်ားဖြဲ႕စည္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊အရည္အေသြးျပည့္ဝေသာယူရီးယားေျမဩဇာမ်ားအားေတာင္သူမ်ားလက္ဝယ္သို႔စိုက္ပ်ိဳးရာသီအမီေရာက္ရွိေစေရးအတြက္သက္ဆိုင္ရာဌာနမ်ားႏွင့္ညွိႏွိုင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ယူရီးယားေျမဩဇာမ်ားအခ်ိန္မီျဖန႔္ျဖဴးနိုင္ေရးႏွင့္မိမိတို႔သက္ဆိုင္ရာက႑အလိုက္ပူးေပါင္းပါဝင္ေဆြးႏြေးေပးေစလိုပါေၾကာင္းေျပာၾကားသည္။

ဆက္လက္၍အၿမဲတမ္းအတြင္းဝန္ဦးခန႔္ေဇာ္ကယူရီးယားေျမဩဇာျဖန႔္ျဖဴးေရာင္းခ်မႈစီမံခ်က္ႏွင့္ပတ္သက္၍လည္းေကာင္း၊ျမန္မာနိုင္ငံမ်ိဳးေစ့၊ေျမဩဇာႏွင့္စိုက္ပ်ိဳးေရးေဆးလုပ္ငန္းရွင္မ်ားအသင္းမွကိုယ္စားလွယ္တစ္ဦးကျဖန႔္ျဖဴးေရာင္းခ်သြားမည့္အစီအစဥ္မ်ားကိုလည္းေကာင္း၊တက္ေရာက္လာၾကသူမ်ားကမိမိတို႔သက္ဆိုင္ရာက႑မ်ားအလိုက္ပူးေပါင္းေဆာင္႐ြက္သြားမည့္အစီအစဥ္မ်ားကိုလည္းေကာင္းရွင္းလင္းေဆြးႏြေးၾကသည္။

ထို႔ေနာက္ျပည္ေထာင္စုဝန္ႀကီးကConsortiumအဖြဲ႕မ်ားအေနျဖင့္ယူရီးယားေျမဩဇာမ်ားအားျပင္ပေပါက္ေဈးထက္ေတာင္သူမ်ားေဈးႏႈန္းသက္သာစြာဝယ္ယူသုံးစြဲနိုင္ေရးအတြက္အျမတ္မယူ၊အရႈံးမရွိစနစ္ျဖင့္အက်ိဳးအျမတ္ကိုဝန္ေဆာင္စရိတ္ကာမိ႐ုံအနည္းဆုံးသတ္မွတ္၍ကူညီေဆာင္႐ြက္ေပးရန္ေဆြးႏြေးမွာၾကားခဲ့ေၾကာင္းသိရသည္။